တင် အချိုးကျကျ လှစေဖို့ လေ့ကျင့်ခန်း

By 10:52 AM



အမျိုးသားတွေဟာ ပိန်ပိန်ဝဝ ခါး တင် အချိုး ၈၀ အောက် ရှိတဲ့ မိန်းကလေးတွေကို ပိုပြီး စိတ်ဝင်စား ကြပါသတဲ့။ တင်ပါးဆုံရိုးကွင်း (pelvis) ကား တဲ့ အမျိုးသမီးတွေက သူတို့ ကလေးလေးတွေကို ရှောရှောရှူရှူ အခက်အခဲ မရှိ မီးဖွား ပေးနိုင်လို့ အမျိုးသားတွေ ရဲ့ဦးနောက်မှာ သင်မထားပေမယ့် ဒီလိုအချိုးဆို ဒီလိုကြိုက် တဲ့ အသိရှိနေတာဖြစ်ပါတယ်။


တင်ကို ငွါးငွါးစွင့်စွင့်လေးဖြစ် စေဖို့လုပ်နိုင်တဲ့ လေ့ကျင့်ခန်းလေးတွေရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တာက pelvis အရိုးကွင်းကျယ်လာစေမှာ မဟုတ်ပေမယ့် အဲဒီ အပေါ်ကို ကြွက်သား ထပ်အုပ်ပေး တဲ့ သဘောပါ။ ကြည့်ကြရအောင်လားရှင်။

Side Lunge


A)ခြေထောက်ကို တင်ပါးနဲ့ တစ်တန်းထဲမှာထားပါ။ အလေး တစ်ခုစီကို လက်တစ်ဘက် စီ မှာ ကိုင်ပြီး ကိုယ်ကိုမတ်မတ်နေပါ။
B) ညာဘက်ခြေကို ဘေးသို့ ဆန့်နိုင်သမျှ ဆန့်ထုတ်ပြီး ဘယ်ဒူးကို ကွေးချပါ။ အလေးနှစ်နှစ်ခု ဟာ ဘယ်ခြေရဲ့ တဖက်တချက်မှာ ရှိပါစေ။ :: လုပ်နေစဉ် အတွင်းမှာ တင်ပါးသားကို အနောက်သို့ ပစ်ထားဖို့လိုပါမယ်။
C) မူလ အနေအထားတိုင်း ပြန်သွားပြီး တစ်ဖက် သို့ပြောင်းပါ။

:: ဘယ်၊ညာ တစ်ဘက်စီကို ၁၀ ကြိမ် မှ ၁၂ကြိမ်ထိ လုပ်ပေးပေးရပါမယ်။

Side Step Ups


A) လှေကားဖြစ်ဖြစ်၊ ခွေးခြေဖြစ်ဖြစ် မြင့်တဲ့နေရာ တစ်ခုပေါ်ကို ဘယ်ခြေထောက်ကို တင်ထားပြီး ကိုင်ထားတဲ့ အလေးကို ဘယ် ပခုံးနဲ့ကပ်ထားပါ။
B) ဘယ်ခြေကိုအားပြုရင်း ညာခြေကို အရှေ့ သို့လှမ်းကန်ပါ။ ဟန်ချက် မပျက်အောင် ညာလက် ကို ပုံမှာပြထားတဲ့အတိုင်း ဘေးသို့ ဆန့်တန်းထားရပါမယ်။

:: ၁၀ကြိမ်ပြည့်အောင်လုပ်ပြီး နောက်တစ်ဖက် ဘက်ပြောင်းပါ။

Hip Abductor
A) မတ်တပ်ရပ် အနေအထားမှာဘယ်ခြေကို ညာခြေအရှေ့မှာ ထားပါ။ :: ခါးမကိုင်းမိစေဖို့ ဂရုပြုပါ။
B) ဘယ်ဘက်ခြေထောက်ကို မူလနေရာမှ ဘေးတိုက် အဝေးသို့ လွှဲပါ။ လွှဲနေစဉ်မှာ ဒူးမကွေးစေဖို့ သတိပြုရပါမယ်။

::လေ့ကျင့်ခန်း တစ်ခေါက်လုပ်တိုင်း ၁၂ကြိမ်လွှဲပေးရပါမယ်။

::::

အချိန်တိုအတွင်းမှာ သိသိသာသာလေး ဖြစ်စေချင်ရင် တော့ အထက်မှာ ဖော်ပြထားတဲ့ လေ့ကျင့်ခန်းလေးတွေကို တစ်နေ့ကို သုံးကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

ဒီဆောင်းပါးလေးကို ဒီမျှနဲ့ ကျေနပ်နှစ်သက်နိုင်မယ်လို့မျှော်လင့်ပါတယ်ရှင်။  စာဖတ်သူပျိုမေတွေ အားလုံး ကျန်းမာပျော်ရွှင်ဖွယ် နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။



You Might Also Like

16 comments

  1. တွေ့နေပေမယ့် ဒီနေ့မှ စရောက်ဖြစ်တယ်..။
    အလှအပအတွက် အခုလို သီးခြားဘလော့ဂ်လေးပေါ်လာတာ ကောင်းလိုက်တာ..။ ဘလော့ဂါတွေထဲမှာ မိန်းကလေတွေ အုပ်တောင့်တော့ စိတ်ဝင်စားကြမှာ..။ မကြာမကြာလာခဲ့ပါ့မယ်။ လင့်ခ်လည်း ချိတ်ထားလိုက်ပါတယ်ရှင်..။

    ReplyDelete
  2. မမြသွေးနီ လာရကျိုးနပ်အောင် ညီမ ပိုကြိုးစားရဦးမယ်။ လင့်ခ်လေးချိတ်ပေးလို့ ကျေးဇူးပါ အစ်မ။ :)

    ReplyDelete
  3. ဟဲဟဲ..
    ဒို့ကတော့ဒို့ကတော့..
    ဂစ်တာ shape မို့ပူစရာမလိုပါးP
    ဒါပေမယ့်လို့..
    ခြေသလုံးက..ကြီးတယ်တော့် :D
    (ဘယ်သူမှသွားမပြောနဲ့နော်း)
    အဲဒါကျတော့..ဘယ်လိုလေ့ကျင့်ခန်းလေး
    လုပ်ရင်ကောင်းမလဲကြည်ကြည်..?
    ခင်မင်စွာဖြင့်...

    ReplyDelete
  4. ချော(အစိမ်းရောင်လွင်ပြင်)September 17, 2011 at 12:36 PM

    ခြေသလုံးကြီးတဲ့ အပေါ်က ဂျီးတော်
    ကျုပ်တော့သိသွားပြီ ဘလော့ပတ်ပြီး အတင်းပြောဦးမှား)
    အဲ ခါးသေးတာတော့ကြိုက်တယ်
    တင်ပါးတော့ ကြီးချင်ဘူး ခုတိုင်းနေပါစေတော့
    ဝိုင်းဝိုင်းလည်နေမှာစိုးလို့း))

    ReplyDelete
  5. မိစံ အတွက်ခြေသလုံးကြီးတာ ဘယ်လိုလုပ်ရပါ့၊ ရှာကြည့်လိုက်ဦးမယ်။

    မချော၊ ညီမကြားဖူးတာက built up ဖြစ်ချင်ရင် အလေးတုံးနဲ့ဖြေးဖြေးလုပ်ရပြီး၊ လျှော့ချင်ရင် freehand ကို မြန်မြန်လုပ်ရတယ်ဆိုပဲ။

    ReplyDelete
  6. ဟုတ်ကဲ့..ရှာပေးပါအုံးကြည်ကြည်ရယ်.
    သူသိလို့ဖြစ်ဘူးတော့်..ဟီးးးး
    အစ်မချော..အဲလိုလုပ်ရဘူးလေ
    ကိုယ့်ညီမငေးကို..လိမ္မာပါတယ်နော်.ဟဲဟဲ
    ငါ့အစ်မ..ဒီ့ထက်ဝိုင်းဝိုင်းလည်ပါစေးP

    ReplyDelete
  7. မသိလို့မာလာဖြစ်တာပါသမီးစံမှာတွေလို့လိုက်
    လာတာနော်...jas တို့အသက်ကြီးသွား
    ပေမယ့် ညလေးတွေကိုဆရာလုပ်လို့ရအောင်
    သေသေချာချာဖတ်သွားတယ်သိလား

    ခင်မင်တဲ့ jasmine

    ReplyDelete
  8. မိန်းကလေးဆိုတာ ပျိုပျိုအိုအို အလှကိုယ်စီ ရှိကြတာပါပဲ အစ်မရယ်။ နောက် အားလည်း လာလည်ပါဦး။ သနပ်ခါးမေ ဘလော့လေးမှ အမြဲကြိုဆိုလျက်ပါ။

    ReplyDelete
  9. သနပ်ခါးမေ
    မမြတ်ကြည်လေးရေ..
    ကျမတော့ ကျမ်းမာရေးအတွက်၊
    လေ့ကျင့်ခန်းတော့နေ့ တိုင်းနီပါး၊
    လုပ်ဖြစ်တယ်။
    နှစ်ပေါင်း၂၀ကျော်ပြီ..။
    ဒါပေမဲ့အဲဒီတင်ကားခါးသေးဆိုတဲ့၊
    ကျမတို့ မြန်မာစတိုင်အချိုးအစားတော့၊
    မပြောင်းပါဘူး။
    ငယ်ငယ်ကတဲကထမိန်ကို၊
    ကျစ်ကျစ်ကြီးစည်းထားခဲ့လို့ 
    များလားမသိပါဘူးနော်။

    ReplyDelete
  10. မမရေ တင်ပါး ပိုင်းအင်္တက် လေ့ကျင့်ခန်း ကြီးချင်ရင် နည်းနည်းလုပ် ကျချင်ရင် မြန်မြန် လုပ်ပေး အဲ့လိုလားဟင် မသိ့လို့ ပါ ဖြေပေးပါနော်

    ReplyDelete
  11. မမရေ တင်ပါး ပိုင်းအင်္တက် လေ့ကျင့်ခန်း ကြီးချင်ရင် နည်းနည်းလုပ် ကျချင်ရင် မြန်မြန် လုပ်ပေး အဲ့လိုလားဟင် မသိ့လို့ ပါ ဖြေပေးပါနော်

    ReplyDelete
    Replies
    1. ဟုတ်တယ် ညီမလေး။ muscle building က ဖြေးဖြေး လုပ်ရတာ။ ကျချင်ရင် မြန်မြန် လုပ်ရတယ်။

      Delete
  12. အစ်မ မြတ်ကြည်ရေ.. ညီမ က ဝတော့ တင်ပါးက ဘယ်လေ့ကျင့်ခန်း လုပ်သင့်လဲ ညီမ မသိဘူးဖြစ်နေတယ်..ဒါ ပေမယ့်ညီမ တင်ပါးက ဘေးကိုကားပြီး ပြားနေတာ တော့ သေချာတယ် အစ်မ.. ညီမ က ဘယ်လို လေ့ကျင့်ခန်း လုပ်သင့်သလဲ ပြောပြပေးပါလား? ခန္ဓာကိုယ်မှာ အပေါ်ပိုင်း အောင်ပိုင်း ယှဉ်ကြည့်ရင်တော့ ညီမ အောက် ပိုင်းက ပိုကြီးနေတယ်.Weight အရင် ချပြီးမှ ခန္ဓာကိုယ် အချိုးအစား လှ အောင်လုပ်ရမလား?အရပ် ၅ပေ ၂လက်မမှာ ပေါင် ၁၅၀ ပါ.. ညီမ ကို reply ပြန်ပေးပါနော်

    ReplyDelete
    Replies
    1. အလေးချိန်ချရင်းနဲ့ တင်ပါးလေ့ကျင့်ခန်းလုပ်လို့လည်းရပါတယ်။ တင်ပါးပြားတာအတွက် ထိုင်ထလုပ်ရင် သိသာတယ် ညီမလေး

      Delete
  13. အစ်မရေ ညီမကတော့ တင်ဘေးချိုင့်လို့ ဘေးသားပြည့်အောင်ဘယ်လိုလေ့ကျင်ခန်းလုပ်ရင်ရမလဲရှင့်.......ညီမကို reply ပြန်ပေးပါနော်

    ReplyDelete