မျက်တောင်အတုတပ်နည်း

By 11:00 PM


ဒီ tutorial လေးမှာ မျက်တောင်အတုတပ်ရင် လှလှပပနဲ့ အဆင်ပြေပြေတပ်နိုင်ဖို့ နည်းလမ်း အတိုအထွာလေးကို တင်ပေးလိုက်ပါတယ်။ 

ပထမဆုံးကတော့ မျက်တောင်အတုမတပ်ခင် မျက်လုံးမှာ ခြယ်သစရာတွေ ပြီးအောင်ခြယ်ထားလိုက်ပါ။ နို့မို့ဆို အမှုန်တွေ မျက်တောင်တုပေါ် ကျသွားရင် ပြန်ခါရ၊ ဘာရနဲ့အလုပ်ရှုပ်ပါတယ်။

ပြီးရင် နဂိုရှိတဲ့မျက်တောင်ကို mascara နဲ့ကော့ ပါ။ ဒါမှ နောက်တပ်မယ့် မျက်တောင်အတုနဲ့ ကိုယ့်မျက်တောင် တသားတည်းဖြစ်နေမှာပါ။


ဒီ tutorial မှာသုံးမယ့် မျက်တောင်ကပ်ကော်နဲ့ မျက်တောင်တု ဖြစ်ပါတယ်။ 


ကိုယ့်မျက်လုံးအရွယ် နဲ့ မျက်တောင်ကို အရင်ချိန်ရပါမယ်။ ကပ်ရမယ့်မျက်တောင်တု base က ပိုကြီးနေရင် ဘယ်ကိုနည်းနည်း၊ ညာကိုနည်းနည်း တိပေးပါ။

ပြီးရင် လက်နှစ်ဘက် (လက်မနှစ်ခုကို အထဲထည့်၊ အပြင်က လက်ညှိုးနှစ်ခု နဲ့) အပေါ်မျက်ခွံပုံ အကွေး  အတိုင်းရအောင် မျက်တောင် base ကို အခုလိုကွေးပေးပါ။  


ကော်ကို base တလျှောက်သုတ်ပါမယ်။ ဘေးကိုပေရင် သုတ်လို့ရအောင် နားကြပ်တံလေး တစ်ခုဆောင်ထားပါ။


လက်မ လက်ညှိုးနဲ့ မျက်တောင်ကို အလိုက်သင့်ကွေးပြီး မျက်ခွံ အောက်နေလေးမှာ စပြီးနေရာချပါ။ (မျက်လုံးကို အတင်းမှိတ်ထားရင် နေရာချရခက်တာမို့တပ်တဲ့အချိန် မျက်လွှာချထားရင်ပိုကောင်းပါတယ်)


မျက်လုံးအပြင်ထောင့်လေးကို မျက်တောင်ထွက်တဲ့ အစပ်နားရောက်အောင် လိုက်ညှိမယ်။ ပြီးရင် အတွင်းထောင့်ကို အဲလိုပဲညှိပေးပါ။


 နေရာ အဆင်ပြေပြီ သေချာပြီဆို  အတည် ကပ်ဖို့plastic တုတ်ကလေးနဲ့  အပေါ်မှလိုက်ဖိပေးပါ။


ဒါဆိုရင် သေသေသပ်သပ်နဲ့ လှပတဲ့ မျက်ဝန်း တစ်စုံကိုရပါပြီ။
]

  ပွဲလမ်းတွေ သွားတဲ့အခါ မျက်တောင်တုလေး တစ်စုံတတ်လိုက်ရင် eye မိတ်ကပ်တောင်မလိုပဲ  ကြည့်ကောင်းနေမှာ အမှန်ပါပဲ။ 


  နောက် တောင်းဆိုထားတဲ့ tutorial တွေကိုလည်း အားရင်အားသလို တင်ဆက်ပေးသွားပါဦးမယ်နော်။ 

ပျိုမေတွေ လှသည်ထက်လှနိုင်ကြပါစေရှင်။




You Might Also Like

9 comments

  1. ၀ါး မိုက်တယ် မြတ်ကြည်ရေ ..အမပူးလဲ မျက်တောင်အတုတပ်တာ စိတ်ဝင်စားနေတာနဲ့အတော်ပဲ
    ဖြစ်သွားပီ ဟန်ကျတာပဲ ဒါနဲ့ကော်ကမျက်လုံးတော့မထိ
    ခိုက်ပါဘူးနော်........ အမျိုးအစားလေးသိချင်လို့လေ။ :)

    ReplyDelete
  2. အစ်မပူးရေ၊ ကော်မဝင်ရင် ဘာမှမဖြစ်ပါဘူး။ ကော်မများစေနဲ့ပေါ့နော်။ ညီမသုံးတာက Darkness VX ။

    ReplyDelete
  3. မြတ်ကြည်..
    အပျိုကြီးပေါက်ကွဲတဲ့ပုံမြင်ချင်လား
    အဲဒီမျက်တောင်တု တပ်ပေးလိုက်း))
    ပြီးရင် သံဗုဒ်ဒေရွတ်ပြီးကြည့် :P
    ချစ်ခင်စွာဖြင့်
    မိစံ

    ReplyDelete
  4. မျက်တောင်တု တစ်ခါမှ မတပ်ဖူးတော့ လေးမယ်လို့ စိတ်ထဲက ထင်နေတယ်
    မက်ကာရာလေးဆိုးတာတောင် အပြင်က ပြန်ရောက်တာနဲ့ မြန်မြန်ဖျက်ရတယ် မဟုတ်ရင် မျက်လုံးကြီးလေးနေတာ အိပ်ဘဲအိပ်ချင်သလိုလို ဖြစ်နေတာ
    လှလှပပအကြောင်းလေးတွေ ဗဟုသုတရတယ်။

    ReplyDelete
  5. မျက်ခမ်း အစပ်နဲ့ ကော့ဆေးနဲ့ မထိမိရင်လေးတယ် မခံစားရဘူး အစ်မချော။ ဒီတစ်ခေါက် အဖျားလေးတွေပဲ ကော့ကြည့်ပေါ့နော်။

    ReplyDelete
  6. သူငယ်ချင်းရေ.. အားပေးတယ်... ဆက်လုပ်... :D
    ကန်ဒီကတော့ မျက်တောင်အတုတပ်ဖို့နေနေသာသာ မျက်တောင်တောင် ကော့တဲ့အတံနဲ့ တခါမှ မကော့ဖူးဘူး... ကြောက်လို့... :P
    ဒီတိုင်း mascara ပဲသုံးတယ်... he he.. :D

    ReplyDelete
  7. ဟုတ်တယ်။ ကော့တဲ့ curler က မသုံးတတ်ရင် မျက်ခွံကို ညှပ်မိရော။ မြတ်ကြည်လည်း အညှပ်ခံရဖူးလို့ သိတာ။ :D
    နောက်တော့လည်း ကျွမ်းသွားတာပဲ။
    မျက်တောင်တုက မဆိုးလှဘူး။ နည်းနည်းပိုလှသွား သလားလို့လေ (ကွကို ပြောတာ) :P

    ReplyDelete
  8. ကျေးဇူးပါ မြတ်ကြည်ရေ..မျက်တောင်တုကတပ်ကြည့်ချင်လို့ ဝယ်တာ ကော်ကတခါတည်းပါပြီးသားအောက် မေ့လို့ အိမ်ရောက်မှတပ်မရဖြစ်နေတယ် ..ဘယ်မှာ ဘယ်လိုပြောဝယ်ရမှန်းလည်းမသိတာနဲ့..ညီမလေးတပ်ထားတဲ့ မျက်တောင်လေးကိုသဘောကျတယ်..နာမည်လေးနဲ့ ဘယ်မှာဝယ်ရလဲသိချင်ပါတယ် (ကော်အတွက်ပါပြောပေးပါနော်)

    ReplyDelete
  9. ယူကီ ရေ၊ မြတ်ကြည်က နှစ်ခုလုံး ကျောင်းနားက ဆိုင်က ဝယ်တာ။ ကော်ရော မျက်တောင်တုရော Darkness တံဆိပ်နဲ့။ နာမည်မကြီးဘူး။ ဟီးဟီး ကော်က Darkness 속눈썹 접착제 မျက်တောင်က Darkness VX.

    ReplyDelete