လွယ်ကူသက်သာ အသုံးအဆောင် ထိန်းသိမ်းနည်း များ
မီးပူတိုက်ပြီးသား အကျီတွေ မကြေစေဖို့ တစ်သျှူးစကို အဝတ်တစ်ခုနဲ့တစ်ခု ကြားမှာ ခံပြီး သိမ်းကြည့်ပါ


သားရေ ဖိနပ် အရောင်မထွက်တော့ရင် ပထမ အဝတ်စိုတစ်ခုနဲ့ပွတ်၊ ပြီးရင် ဟင်းရွက်ဆီ တစ်စက်လောက်ချပြီး လိုက်သုတ်လိုက်ပါ။ အသစ်အတိုင်း ပြန် တောက်ပြောင်လာပါလိမ့်မယ်။

ငွေနဲ့လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ မြေဖြူတောင့်ကို အဝတ်နဲ့ပတ်ပြီးအတူသိမ်းထားရင် အစိုဓာတ်ကိုစုတ်ပေးတာကြောင့် အရောင်မှိန်သွားခြင်းမှ ကာကွယ်နိုင်ပါတယ်။

မီးပူတိုက်ရခက်တဲ့ ပိုး၊ rayonလို အသားတွေ အတွက် မီးပူဘုတ်ပြားပေါ် ခဲပတ်စက္ကူခံပြီး ရေဆွတ် တိုက်ရင် အဆင်ပြေသွားမှာပါ။ ရေစိုနေတဲ့ ခဲပတ်စက္ကူမှ အပူက တွန့်ကြေနေတာတွေကို အချိန်တိုအတွင်းမှာ ဖြန့်ပေးပါတယ်။

အဖြူရောင်ရှိတဲ့ အကျီတွေမှာ ချွေးကြောင့်ဖြစ်တဲ့ အစွန်းအထင်းတွေမရှိစေဖို့ မီးပူထိုးပြီးတဲ့အခါ လည်ကုတ်နဲ့၊ ချိုင်းနေရာမှာ powder ဖြူးထားပါ။ ချွေး၊ ချည်သားထဲသို့ စိမ့်မဝင်အောင် ကာကွယ်ပေးပါမယ်။
အတိုအထွာလေးတွေကို စုစည်းတင်ပြထားတဲ့ www.realsimple.com မှ ဖော်ပြပါတယ်ရှင်။
စာဖတ်သူများအားလုံး အတွက် သာယာပျော်ရွှင်ဖွယ်နေ့လေးဖြစ်ပါစေရှင်။
အတိုအထွာလေးတွေကို စုစည်းတင်ပြထားတဲ့ www.realsimple.com မှ ဖော်ပြပါတယ်ရှင်။
စာဖတ်သူများအားလုံး အတွက် သာယာပျော်ရွှင်ဖွယ်နေ့လေးဖြစ်ပါစေရှင်။
10 comments
စိတ်ဝင်စားစရာဘဲ မြတ်ကြည်လေးရေ
ReplyDeleteလုပ်ကြည့်ဦးမယ်
ချစ်တဲ့
အမ မဒိုးကန်
ကျေးဇူးပါကွယ်။
ReplyDeleteအိုင်အိုရာ
ဂွတ်လှချည်လား... မှတ်သွားတာအားမရလို့.
ReplyDeleteဒီစာမျက်နှာကို Pdf နဲ့ Print ထုတ်လိုက်တယ်..။
း)
ကျေးဇူးမြတ်ကြည်
ReplyDeleteသေချာမှတ်သွားတယ်။း)
ခင်တဲ့
Thanks sis, will try all the tips at home!
ReplyDeleteမိုက်လှချည်လား
ReplyDeleteတန်ဖိုးရှိတယ် မြတ်ကြည်ရေ..
တိုတိုနဲ့ လိုရင်း မိုက်တယ် :D
မိုက်တော့မိုက်တယ် သိတ်စိတ်မ၇ှည်ဘူး. အဲလောက်တန်ဘိုးကြိးတာလဲ သိတ်မရှိပါဘူး ပိုင်ဆိုင်မှူထဲမှာ.ခပ်ညံညံဘဲ. သုံးလိုက် လွတ်ပလိုက်ပေါ့။ စိတ်ဝင်စားစရာတော့ကောင်းပါတယ်။ဈေးကြိးတာနဲ့တော့မဆိုင်ပါဘူးထိန်းသိန်းတတ်မှု နဲ့ဆိုင်ပါတယ်။လိုရင်းကတော့တို့က သိတ်စိတ်မရှည်တတ်ဘူး ။ မထိန်းသိမ်းတတ်ဘူးဆိုပါတော့ (ကွန်မက်ရေးပြိးမှ မကြိုက်မှာ စိတ်ဆိုးမှာကိုစိုးရီမ်နေမိတယ်။× အခုတစ်လောာဘာရေးေ၇းေ ၇းရမှာကိုကြောက်နေမိတယ်. ပိုင်ရှင်တွေ စိတ်ဆိုးမှာကြောက်နေမိတယ် မရေးရဲသလိုဖြစ်နေတယ်။
ReplyDeleteဝမ်နးနည်းနေတယ်ဆိုပါတောလေ. တို့ခံစားချက်ကိုပြောတာပါ။
ReplyDeleteပိုးအကျီပြန်အောင်တိုက်တာ အရမ်းခိုက်သွားပီ တခါတလေလွင့်တောင် ပစ်ချင်တယ် မပြန်လို့ 
ReplyDelete( မမကွန် ဘာရေးရေးကြိုက်တယ် (စကားချပ် ))
အသုံးတည့်တယ် မြတ်ကြည်ရေ..ကျေးဇူး
ReplyDelete