ပါးနီဆိုးရင် အဆင်ပြေစေမယ့် နည်းလမ်းအတိုအထွာ

By 12:31 AM

 ဒီနည်းလေးကို စ သိတာ၊ ဘွဲ့ရမိတ်ကပ်ပြင်တော့၊ ပြင်ပေးတဲ့သူက မြတ်ကြည်ကို သင်ပေးတာ။

"ပါးစောင်နှစ်ဖက်ကို ကပ်နေအောင် စုတ်လိုက်ရင် ပါးရိုးအောက်က ခွက်နေတဲ့  နေရာ ကို ဒီလို ခြယ်ရတယ်။ မှတ်ထား။ အဲဒါ ဖော်မြူလာအသစ်။" လက်ညှိုး တထိုးထိုးနဲ့...

 ပါးတွေ အဲလို လိုက်စုပြီး လိုက်မှတ်ကြတာပေါ့။ မလှချင်ပုံများ ...
တကယ်လည်း အဆင်ပြေတယ်။ အဲလိုခြယ်ရင် အပိုအလိုမရှိဘူး။ :)

 တနေ့က အစ်မဒိုးကန် ပြောတာနဲ့၊ ဟိုလျှောက်ရှာ၊ ဒီလျှောက်ရှာလုပ်ရင်းနဲ့ ဒီနည်းလေးကို http://www.realsimple.com မှာ ပြန် တွေ့လို့ပြန်လည်ဝေမျှလိုက်ပါတယ်။

ဆောင်းပါးလေးမှာတော့ ဒီလို ရေးသားထားပါတယ်။




To Apply Blush

Use the DivaSuck in your cheeks and apply color to your cheekbones, working from the temples in. “Just follow the lines of your bones—it’s foolproof,” says Laura Geller, the president of Laura Geller Makeup, in New York City. After applying, look straight into the mirror to make sure that you’ve put the same amount of color on each side.

လုပ်ကြည့်ပြီး အဆင်ပြေမပြေပြန်ပြောပေးပါဦးနော်။ 

အလှတွေပိုနိုင်ကြပါစေရှင်။ ^^



You Might Also Like

12 comments

  1. သုံးနှစ်ပြည့်ပြီဆိုတော့
    တဖြည်းဖြည်းနီးလာပြီပေါ့ :P
    အများကြီးသိပ်မရေးနဲ့နော်
    အားကျတတ်တဲ့ရောဂါရှိတယ်း))


    ပုံ/
    မိစံ

    ReplyDelete
  2. အချပ်ပိုကို ပိုစိတ်ဝင်စားတယ် ဟဟဟ
    စတာ... လုပ်ကြည့်မယ်နော်..မြတ်ကြည်ပြောသလို :D

    ReplyDelete
  3. အချပ်ပိုရော ပုံမှန်အချပ်ရော သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။
    အမြန်ဆုံးဘွဲ့ ရပြီး တူတူနေရပါစေ..
    အိုင်အိုရာ

    ReplyDelete
  4. ပေးတဲ့ဆုနဲ့ပြည့်ပါစေ မမ :) candy and mi san, အချပ်ပိုကို အတူနီးရဖို့အရေးတွန်းအားပေးနေမိတယ်။ မလုပ်သင့်မှန်းတော့သိပါတယ်။ ဒါပေမယ့် မယူခင် ကြိုတင်စီစဉ် သင့်တယ်ထင်လို့။

    ReplyDelete
  5. ပါးနီ ကြိုက်တယ်..စမ်းပြီးရင် အကြောင်းပြန်မယ်..၃နှစ်မှသည် နှစ်ပေါင်းများစွာ နှစ်ပတ်လည်တွေ ဆင်နွှဲနိုင်ပါစေနော်..

    ReplyDelete
  6. ရိုးရိုးကို အချပ်ပိုလေး ရောထည့်ပေးထားတော့ ရှယ် ဖြစ်သွားရော..း)) ချစ်ချာ နာရီလေးတွေ..။

    ReplyDelete
  7. ၃နှစ်တောင်ပြည့်ပြီလား
    အားကျစရာကြီးး)

    ReplyDelete
  8.ိစိတ်ဝင်စားစရာ စမ်းကြည့်ဦးမယ် တို့မခြယ်တတ်ဘူး။ ဆေးသုတ်ထားသလိုဖြစ်ဖြစ်နေတယ် အာဝါး.

    ReplyDelete
  9. ဒါလည်းမှတ်သွားတယ်။ :D

    ReplyDelete
  10. နောက်ထပ်ပိုလွယ်တဲ့နည်းလမ်းက ပါးနီဆိုးတော့မယ်ဆိုရင် ရယ်လိုက်ပါ ရယ်လိုက်တဲ့အခါ ပါးစုံ့လေးနစ်ဖက်ပေါ်လာပါလိမ့်မယ့် အဲဒီပါးစုံ့လေးပေါ်မှာ ပါးနီကို ပါးရိုးတလျှေက်ခြယ်ပေးပါ။
    ခြယ်တဲ့အခါ ပါးရိုးအလိုက် နားထင်အနားထိကိုပါ စုတ်တံနဲ့ဆွဲပေးပါ ၀ါသနာပါရင် brush ကျန်တဲ့
    ပါးနီတွေကို နဖူး၊နှာခေါင်း၊မေးစေ့နေရာလေးတွေကိုပါ တို့ပေးပါ ပိုပြီးလှသွားပါလိမ့်မယ် နှာတံလေးလည်း
    ပေါ်သလိုဖြစ်သွားတယ်။

    ReplyDelete