အားလပ်ရက်မှာ ကြည့်စရာ ကာတွန်းကား Coraline

By 8:23 PM

စာမရေးဖြစ်လို့ စာဖတ်သူတွေ ကြည့်လို့ကောင်းမယ့် animation ဇာတ်ကားလေးညွှန်ပေးလိုက်ပါတယ်နော်။

Coraline ဆိုတဲ့ကောင်မလေးနဲ့ သူမမိသားစုဟာ ရှေးအိမ်ကြီးတစ်လုံးကို ပြောင်းရွှေ့လာကြပါတယ်။ အိမ်ရဲ့ အခန်းတစ်ခန်းမှာ တံခါးပေါက်လေးတစ်ခုကို တွေ့ဝင်သွားတဲ့အခါ တံခါးနောက်ကွယ်မှာရှိတဲ့ အရာတွေဟာ သူမအိမ်၊ ဝန်းကျင်၊ အပြင်အဆင်နဲ့ တထေရာတည်းပါပဲ။ မတူတာက အပြင်မှာလို အလုပ်တွေရှုပ်၊ သူ့ကို ဂရုမစိုက်တဲ့ မိဘတွေမဟုတ်ပဲ စားကောင်းသောက်ဖွယ်တွေကို အမြဲပြင်ဆင်၊ အရိပ်တကြည့်ကြည့် ဂရုစိုက်တတ်တဲ့ The other Mom & Dad လို့ခေါ်တဲ့ မိဘနှစ်ပါး။ အဲဒီနေရာလေးဟာသူမကို ပျော်ရွှင်မှုတွေ အမြဲပေးနိုင်မလား? ဒီဇာတ်ကားလေးက ရသနဲ့ ဘဝကို ချိန်ထိုးပေးထားပါတယ်။ :)







Watch Coraline online

ဒီဇာတ်ကားလေးကို ညွှန်းပေးတဲ့ အစ်မရို့စ်ကို အထူးကျေးဇူးပါ။

Download ချင်ရင်...

http://www.megaupload.com/?d=DPZPENMW (601 MB)



You Might Also Like

9 comments

  1. ကေ ကေ မြတ်ကြည်လေးရေ
    တပတ်လုံးမလေးအိမ်မှာ ဇိမ်ကျမှာမို့ကြည်မယ် စိတ်ရှည်ရှည်နဲ့း)

    ချစ်တဲ့
    မဒိုးကန်

    ReplyDelete
  2. အဲ့ဒီ ကာတွန်းကားလေး အစ်မလည်း သိပ်နှစ်သက်တယ်။ နည်းနည်းလည်း လန့်ဖို့ကောင်းတယ်း)။ အစ်မ ညွှန်းထားတာလေးကို သတိတရ လာဖတ်ပြီး မမေ့မလျော့ ကျေးဇူးတင်ထားလို့ ကျေးဇူးပါ မြတ်ကြည်ရေ...။

    ReplyDelete
  3. အဲ့ဒီကားလေး ကြည့်ဖူးတယ်...
    ကန်ဒီလည်း ကြိုက်တယ် ... :D

    ReplyDelete
  4. ကျေးဇူး ဒီတပတ် ရို့ စ်ညွှန်းတဲ့ အက်ရှင်ကား၊ မြတ်ကြည်ညွှန်းတဲ့ ကာတွန်းကား ကြည့်မယ်..

    ReplyDelete
  5. လာလည်ပါတယ်သူငယ်ချင်း...။
    အဲဒီကားလေးလဲ ဒေါင်းသွားတယ်..။
    ကြည့်ပြီးတော့ တစ်မျိုးကြီးပဲ ကြောက်သလိုပဲ...။
    ဘာကိုကြောက်မှန်းတော့မသိဘူး..။ စိတ်ထဲမှာ
    အမည်မသိတဲ့ ရသ တစ်မျိုးကျန်ခဲ့တယ်.။

    ReplyDelete
  6. ကြည့်မယ် မြတ်ကြည်လေးရေ .. ကာတွန်းကား ကောင်းကောင်းလေးတွေ ကြိုက်တယ် .. (မကြီးမငယ်နဲ့ ) :D

    ReplyDelete
  7. ကာတွန်းကားတွေမကြည်ရတာတောင်ကြာပေါ့း)
    ဒေါင်းပုံဒေါင်းနည်းလေးပါ
    ရေးပေးထားလို့ ကျေးဇူးပါမြတ်ကြည်ရေး)

    (ခုလောလောဆယ်တော့ playပေါ်ဖို့စောင့်နေတယ်း)

    ချစ်ခင်လျှက်
    မိစံ

    ReplyDelete
  8. ဒီကားလေးဟိုတနေ့ကကြည့်ရင်းနဲ့ အိပ်ချင်လို့ တဝက်တပျက်နဲ့ နောက်နေ့မှကြည့်မယ်ဆိုပြီးထားလိုက်တာ ..
    ခုတော့ ကြည့်လို့လဲမရ.. ဒေါင်းလို့လဲမရတော့နဲ့ .. ဟင့်း(

    camomilla

    ReplyDelete
  9. မြတ်ကြည်ရယ်..601 mb ဒေါင်းရမှာ..ဖလာဖလား တေဘီဆရာ မဒေါင်းပဲကြည့်ပြန်တော့လည်း 3ရက်လောက်ကြည့်ရမယ် ဘာပဲဖြစ်ဖြစ်တစ်ပတ်ပိတ်ထားတာ ကြည့်မယ်

    ReplyDelete