Keeper လား Sleeper လား

By 6:30 PM


ပျိုမေတို့ရေ၊ ယောက်ျားလေးတွေ မိန်းကလေးတွေကို တွဲတာ အကြောင်းပြချက် ၂ခုပဲရှိပါတယ်။ အပျော်တွဲတာ (ပွင့်ပွင့်လင်းလင်းပြောရရင် ကျောရရုံ ကြံချင်တာမျိုး) နဲ့ တကယ်ချစ်ပြီး တသက်စာအတွက် သူ့ဘေးမှာရှိစေချင်တာ။ ကိုယ်တွဲနေတဲ့သူက ကိုယ့်ကို သူ့ဘဝတစ်သက်စာ အတွက် ရည်ရွယ်တဲ့သူ (keeper) လား? sleeper ဆိုရင်တော့ အစကတည်းက ရှောင်လို့ရတာပေါ့။



တကယ်အတည်ကိုယ့်ကို  အချစ်​စစ်​နဲ့ ချစ်တဲ့သူမျိုးက-

သူ့မိသားစု၊ မိတ်ဆွေ အသိုင်းအဝိုင်းတွေကို ဒါ ကျွန်တော့် ကောင်မလေးလို့ မိတ်ဆက်ပေးဖို့ ဝန်မလေးဘူး။

သူတို့ မကြိုက်တဲ့ အစားအစာဖြစ်ပါစေဦးတော့ ကိုယ့်ချစ်သူကြိုက်ရင် အနည်းဆုံး ကြိုက်လာအောင် လိုက်မြည်းစားကြတယ်။

သူများတွေရှေ့မှာ အကဲပိုမပြတတ်ဘူး။ (သူကိုယ့်ကို အရမ်းချစ်တာသူများတွေ သိဖို့ပြဖို့မလိုဘူး သဘောထားကြတယ်)

ကိုယ့်ကို တန်ဖိုးထားသလို၊ ကိုယ့် အသိုင်းအဝိုင်းကိုလည်း respect ပေးတတ်တယ်။ ကိုယ့်မိဘ၊ သူငယ်ချင်းတွေနဲ့ တည့်အောင် လိုက်ပေါင်းပေးတယ်။

ကိုယ့်အပေါ် ရိုးသားမှူရှိတယ်။ ဒါပြောလိုက်လို့ ရန်ဖြစ်မလားဆိုပြီး မပြောပဲ မထားတတ်ဘူး။

ကိုယ့်ကို အံ့အားသင့်စေလိမ့်မယ်။ ပန်းတို့ ချောကလက်တို့ နဲ့တင် မဟုတ်ဘူး။ ကိုယ်နဲ့တွဲပြီးနောက်ပိုင်း သူ့ကိုယ်သူ အရင်ကထက် ကောင်းတဲ့
 ယောက်ျားကောင်း တစ်ယောက်ဖြစ်အောင် ပြုပြင်ပေးလိမ့်မယ်။

သူ ကိုယ့်ကို ဈေးကြီးတဲ့ အရာတွေ ပေးစရာ မလိုပဲ ကိုယ့်ကို ပြုံး ပျော် အောင် လုပ်နိုင်တယ်။

Physical  relationship အတူအိပ်ခြင်း မအိပ်ခြင်းက သူ ကိုယ် အပေါ်ထားတဲ့ ခံစားချက် အပေါ်သက်ရောက်မှူမရှိဘူး။

နားလည်မှူ အပြည့်ထားပေးတယ်။ ကိုယ်လုပ်စရာရှိတဲ့ အခါ သူစိတ်များဆိုးမလား၊ သဝန်များတိုမလား စိတ်မထင့်ပဲ စိတ်သန့်သန့်နဲ့ လုပ်လို့ရတယ်။

ကိုယ့်ရဲ့ အားနည်းချက်ကို စနောက်ရင် နောက်မယ်၊ ဒါပေမယ့် လူအရှေ့မှာ ဘယ်တော့မှ မလှောင်ဘူး။

ကိုယ့် အမေ သူ့ကို အမှတ်တွေ ပေးနေလိမ့်မယ်။

ကိုယ့် အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ တစ်ဖက်တလမ်းကနေ ကူညီဖေးမ ပေးမယ်။

နှစ်ယောက်ကြားမှာ ဘာလျှို့ဝှက်ချက်မှ မထားဘူး။

အလှပြင်မထားလည်း ဂရုစိုက်စရာ မလိုပဲ သူနဲ့တွေ့လို့ရတယ်။


ဒါ​လေးက Thought Catalog က Chelsea Regan ​ရေးတဲ့ Signs you are dating a keeper ဆိုတဲ့ ​ဆောင်းပါး​လေးကို ​ကောက်​နှုတ်​ တင်​ပြ​ပေးတာ ဖြစ်​ပါတယ်​။

Keeper လို ချစ်​သူမျိုး ပိုင်​ဆိုင်​ထားရင်​​တော့ လက်​ရှိ ချစ်​သူကို ဒီထက်​ပိုပြီး တန်​ဖိုးထား​ပေးလိုက်​ပါ​နော်​။ အခု​ခေတ်​မှာ ​ဒီလို လူမျိုး ရှားတယ်​ မဟုတ်​လား ။

တွေးဆ ဆင်​ခြင်​နိုင်ကြပါစေရှင်


Please visit my facebook page http://www.facebook.com/thanakharmay for more updates.

You Might Also Like

4 comments

  1. တချို့အချက်လေးတွေကတော့တူတယ် တချို့ကြတော့လည်းမတူတော့ဘယ်လိုလုပ်ရမလည်းဟင်အကြံလေးပေးပါလားဟင်

    ReplyDelete
    Replies
    1. ကြာကြာပေါင်းရင် အကြောင်းသိလာမှာပါ။ လူတစ်ယောတ်က အကြာကြီးတော့ ဟန်ဆောင်လို့မရဘူးမဟုတ်လား? :)

      Delete
  2. သူနဲ့တွဲလာတာတစ်နှစ်ကျော်ပြီပြီးတော့စိတ်လည်းဆက်တယ်တခြားကောင်လေးတွေနဲ့ဆိုစကားတောင်ပြောလို့မရဘူးနည်းနည်းလေးကိစ္စရှိလို့ပြောလည်းမရဘူးအရမ်းချုပ်ချယ်တာဘဲညီမကစိတ်ညစ်လို့လမ်းခွဲမယ်ပြောရင်မခွဲနိုင်ဘူးတဲ့သူတကယ်ချစ်မချစ်ဘယ်လိုယုံရမလည်းအမ နည်းနည်းလောက်အကြံပေးပါနော်တောင်းဆိုတာပါ

    ReplyDelete
    Replies
    1. အချစ်မှာ အတ္တလေးတွေပါလာရင် သဝန်တိုမှုလေးတွေ ပါလာစမြဲပါ။ ညီမလေးကို ချုပ်ချယ်သလို သူကိုယ်တိုင်ကလည်း မိန်းကလေးတွေနဲ့ ကင်းအောင်နေသလား ပေါ့နော်။ သူကိုယ်တိုင်ကလည်း ကင်းအောင်နေတယ်ဆိုရင် သူ ညီမကို အပြည့်အဝ မဟုတ်တောင် ယုံကြည်မှု နည်းနည်း ထားပေးဖို့ ပြောကြည့်ပါ။ သူ့ကိုယ်သူထက် ညီမလေးကို ပိုချစ်တယ်ဆိုရင် တင်းကြပ်တာ လေးတွေ ဖြည်သင့်သလောက်ဖြည် ပေးပါလိမ့်မယ်။
      တခါတလေ ကျတော့ ယောက်ျားလေးတွေ အကြောင်း သူတို့ကပဲ ပိုသိတာမို့ ကြိုတွက်ပြီး ကာတာမျိုးလည်းဖြစ်နိင်ပါတယ်။ ညီမလေး သူ့အပေါ်တကယ်ချစ်တာ သူ အပြည့်အဝ ယုံလာတဲ့အချိန်ကျရင် သဝန်တိုမှုတွေလည်း လျော့သွားပါလိမ့်မယ်။

      Delete