Valentine's day ( Mosiac heart) လက်သည်း tutorial
လွယ်လွယ်ကူကူ ရာသီစာလေး အနေနဲ့Valentine day အတွက် စိတ်ကူးပြီး လုပ်ထားတဲ့ လက်သည်း design လေးပါ။
လိုအပ်တာလေးတွေက လက်သည်းနီ ၃/ ၄ ရောင်ရယ်၊ တိပ်ရယ်၊ သွားကြားထိုးတံ ရယ်ပါ။
အရင်ဆုံး လက်သည်းကို အောက်ခံ အရောင်လေးတွေဆိုးပြီး အခြောက်ခံထားပါတယ်။ မြတ်ကြည်ကတော့ ထူးထူးခြားခြား ဖြစ်အောင် လက်သူကြွယ် တစ်ချောင်းကို အရောင်မတူတာလေး ရွေးဆိုး ထားပါတယ်။
တိပ်ကို အလည်က ခေါက်၊ အသည်းပုံ အပေါက်လေးဖြစ်အောင်ညှပ်ပြီး အခုလို လက်သည်းပေါ်ကိုကပ်လိုက်ပါတယ်။
သွားကြားထိုးတံလေးနဲ့ လက်သည်းနီ ၂ရောင်၊ ၃ ရောင်ကို သင့်တော်သလို အသည်းပုံလေး အတွင်းမှာ အစက်လေးတွေ လိုက်ချပါတယ်။ ၁၀ မိနစ်လောက် ခြောက်တာစောင့်ပြီးခွါလိုက်ရင် mosiac အသည်းပုံလေး ရသွားပါပြီ။
Valentine day ဆိုပေမယ့် ချစ်သူမရှိတဲ့သူတွေလည်း လုပ်လို့ရပါတယ်နော်။ ချစ်သူများနေ့ ချစ်သူကို ဘာပေးမယ် စိတ်ကူးနေရင်တော့ ဒီအောက်က ဆောင်းပါးလေးမှာ ရေးပေးထားပါတယ်။ အချိန်ရရင် ဖတ်သွားပါဦး။ :)
သာယာပျော်ရွှင်ဖွယ်နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။
2 comments
မြတ်ကြည်လေးလုပ်တာတွေ့ တော့လည်း
ReplyDeletenail art လေးပြန်လုပ်ချင်လာပြန်ပြီ။
မြတ်ကြည်လက်ချောင်းလေးတွေကလှတယ်။
အိုင်အိုရာ
မှတ်မိသေးတယ်။ အစ်မ ဟိုးတစ်ခေါက်က လက်သည်းဆိုးပြီး ပို့စ်တင်တာ။ :)
Delete