DIY collar necklace (No Sew Tutorial)

By 10:01 PM ,

အခုတလော ခေတ်စားနေတဲ့ fashion accessories ဖန်စီ လေးတွေထဲမှာ ဒါလေးလဲပါတယ်။  ဘယ်အင်္ကျီနဲ့မဆို ဖြုတ်လို့တပ်လို့လည်း အဆင် ပြေတယ်။ အပြင်မှာ ဝယ်ရင် ၈ ထောင် / ၁သောင်း ပေးရတာ။ ဘာလို့ ကိုယ့်ဟာကိုယ် မလုပ်တတ်ရမှာလဲ နော။  အဲဒါနဲ့ စမ်းသပ်လိုက်တာ။ :)



မြတ်ကြည်သုံးထားတာ ကတီပါစလေးပါ။ (တစ်ကိုက် ၁၈၀၀ အခု ၂၀ လောက်ထွက်တယ်)
 အပေါ်မှာ ခဲ လေးနဲ့ ကော်လာ တစ်ခြမ်းပုံလေး ရာပြီး မရွေ့အောင် ပင်အပ်လေးတွေနဲ့ ထိန်းထားလိုက်တယ်။


အရာ အတိုင်း ညှပ်ပြီး ဖြန့်လိုက်ရင် ဒီ ပုံစံလေး ရပြီ။


အပေါ်မှာ ဘော်ကြယ်လေးတွေ၊ပုတီးလေးတွေ စိတ်ကူးရှိသလို ကပ်ပါတယ်။
 Fashion အမြင်မရှိတော့ သိပ်မလှဘူး။ 
ကပ်ပြီးရင် အလေး တစ်ခုခုနဲ့ အပေါ်က ဖိထားပေးဖို့ မမေ့နဲ့နော်။  

ပြီးရင် ဖဲကြိုးလေးနဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ် ကပ်။ နည်းနည်းပို ခိုင်စေချင်ရင်အပ်ချည်နဲ့ တုပ်ပေးပါနော်။ 


ဒါက မြတ်ကြည်သုံးတဲ့ အဝတ်ကပ်တဲ့ ကော်ပါ။ No stitch၊ သူ့ သုံးရင် အပ်ချုပ်လိုက် စရာမလိုတော့ လူသက်သာတယ်။ :) 

 

ခုထိတော့ အခြေအနေ ကောင်းတုန်းပဲ။ :D
ဒါလေးက ဝယ်တာ
ချုပ်စရာမလိုတော့ ကရိကထလည်း သက်သာတယ်။ စစမြင်ဖူးခြင်းတုန်းကတော့ သိပ်သဘောမကျမိဘူး။ သရေခံလိုလို ဘာလိုလိုဆိုတော့။ :D တကယ်ဝတ်တော့ လှလည်းလှတယ်.. ရိုးရိုး အင်္ကျီလေးတွေကို ဒါလေးနဲ့ အလှဆင်လို့ လည်းရတယ်။ နောက်တစ်ခု မြတ်ကြည် သဘောကျတဲ့ ပုံစံလေးက ရှပ်အင်္ကျီကို ကြယ်သီးအပြည့်တပ်ပြီး ဒါလေးတွေနဲ့တွဲ ဝတ်တာ။

ကိုယ်တိုင် မလုပ်ဖြစ်ဘူး ဆိုရင်တောင် မိန်းကလေးတွေ အတွက် အဝတ်ဗီရို ထဲမယ် တစ်ခုလောက် ထားကြည့်ဖို့ ကောင်းတဲ့ ပစ္စည်းလေးပါ။ :)

အလှတွေ ပိုနိုင်ကြပါစေရှင်။ 
Happy Weekend ^^

Please visit my page http://www.facebook.com/thanakharmay for regular updates. <3


You Might Also Like

7 comments

  1. ခေတ်နဲ့အညီ လိုက်လျောညီထွေမှုရှိတဲ့ မြတ်ကြည်ဆီကို အမြဲရောက်တယ်နော် ..
    ဒီတစ်ခေါက်တော့ ခြေရာလေးချန်ခဲ့ပြီ ... :)

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
    Replies
    1. နောက်လည်း ခြေရာလေး ချန်ထားခဲ့ပါဦး။ မြတ်ကြည် ရေးရ အားရှိတာပေါ့ :D

      Delete
  2. မြတ်ကြည်လေးကသိပ်စိတ်ရှည်တာဘဲ။
    ကော်လာလေးကလူလှလှလေးပေါ်မှာဆိုတော့ပိုလှသွားတာပေါ့။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. တခါတလေပဲ စိတ်ရှည်တာ အစ်မ။ :D

      Delete
  3. လှတယ် ညီမဆိုအဲ့လိုလုပ်ဖို့စိတ်မရှည်ဘူး ဟီးဟီး :P

    ReplyDelete
  4. ကိုယ်တိုင်လုပ်တော့ ကိုယ့်အို်င်ဒီယာနဲ့  ကိုယ် ထွင်လို့ ရတာပေါ့...မြတ်ကြည်လေးက စိတ်ရှည်လိုက်တာ...လှတယ်း)

    ReplyDelete
  5. Thankie for the comments May Thinn and Ama San Htun, i am flattered ^__^

    ReplyDelete