APRIL Be AWESOME.
By 6:18 AM
ဒီလမှာ မြတ်ကြည်အတွက် စိတ်ချမ်းသာစရာတွေ အများကြီးပဲ။ အဓိက က တော့ ၀ိတ် ၁၀ ပေါင်ကျသွားတာပေါ့နော်။ နောက်  မြတ်ကြည် အခု သဘောကျနေတဲ့ အကြောင်းအရာလေးတွေ ပြောချင်တာနဲ့ ဒီပို့စ်ကို ရေးးဖြစ်သွားတာ။
1.Manhattan fish market (Yangon)
Diet အ​ကြောင်း မ​ပြောခင်​ ဒါ​လေးက ​ကြော်​ငြာ ၀င်​တာ။ ဆိုင်​ မဖွင့်​ခင်​ Facebook မှာ ​ကြော်​ငြာတင်​ ကတည်းက စားချင်​​နေတာ။ Diet ထွက်​တာနဲ့ ​ပြေးစားတာပဲ။ :D Sea food ကို baked, fried, grilled, flamed မျိုးစုံရတယ်။ အရမ်းစား​ကောင်းတယ်​။ ရှလွတ်။ ငတ်​​နေတာကြာလို့လည်း ဖြစ်​မယ်​ထင်​တယ်​။ ဆိုင်​က ကမ်းနားလမ်းနဲ့ ၄၂လမ်း ​ထောင့်​မှာ။ Fantasy world နဲ့ ကပ်​လျက်​ပဲ။
2. မြတ်​ကြည်​၏ Diet စခန်း
မြတ်​ကြည်​ diet လုပ်​​နေတာ စာဖတ်​သူ တချို့​တော့ ရိပ်​မိမယ်​ထင်​တယ်​။ ​ပေါင်​က ၁၄၀ထိ တက်​သွားတာ။ ​အောက်​က ပုံက ၁၃၅ ​ပေါင်​​လောက်​တုန်းက ရိုက်​ထားတာ။ ၁၄၀ လည်း​ရောက်​​ရော ဓာတ်​ပုံ​တောင်​ ရိုက်​ချင်​စိတ်​မရှိ​တော့ဘူး။ :(
Before
အဲဒါနဲ့ ဒီလအစ ၇ ရက်​အတွင်း ၁၀​ပေါင်​ချ diet ကို လုပ်​ပစ်​လိုက်​တယ်​။   သူ့ ရဲ့ အားသာချက်​က စားချင်​သ​လောက်​ စားလို့ ရတာပါပဲ။ မ​ကောင်းတဲ့ အချက်​က ဟင်းသီးဟင်းရွက်​​နေ့​တွေဆို ဆီမပါပြားမပါဆို​တော့ စားလို့ လုံးဝမ​ကောင်းဘူး။ ကြားတစ်ရက်က စိတ်မထိန်းနိုင်လို့ မြေပဲ တစ်ထုပ် ကောက်ဝါးမိသေးတယ် :P Anyway ၇ ရက်​​တော့ ပြည့်​သွားတယ်​။ :​D
အခု​တော့ ၁၂၈ ပဲရှိ​တော့တယ် Diet ​တော့ ထပ်​ မလုပ်​​တော့ဘူး။ မနက်​စာ ကိုယ်​ကြိုက်​တာ စား.. ကျန်​တဲ့ အချိန်​ကို အသီးအနှံ စားပြီး ကျ​နေတဲ့ ဝိတ်​​လေး ပြန်​မတက်​​အောင်​ ထိန်းထားလိုက်​တယ်​။ :)
အ​သေးစိတ်​ကို ဒီမှာ ဖတ်​လို့ရပါတယ်​​နော်​။ 
Diet Plan : Lose 10 lbs in 7 Days
http://thanakharmay.blogspot.com/2014/02/lose-10-lbs-in-7-days_1.html
3. သူငယ်​ချင်း မင်္ဂလာ​ဆောင်
ကျောင်းတုန်းက ၅/၆/၇/၈တန်း ဆက်​တိုက်​တွဲခဲ့တဲ့ သူငယ်​ချင်းတစ်​​ယောက်​ မင်္ဂလာ​ဆောင်​တယ်​။ ဟိုတ​လောက အီစီကလီပဲထားဦးမယ်​ဆိုပြီး ခု​တော့ ခု​တော့ :P ၅ ရက်​အလိုမှသိ​တော့ ချုပ်​ဖို့ မမီ​တော့တာနဲ့ ၀ယ်​ဖြစ်​လိုက်​တယ်​။ The Avenue ဆိုတဲ့ဆိုင်​မှာ ဂါဝန်​​လေး​တွေလှတယ်​။
10.4.2014 (purse: birthday gift from my boyfriend)
ပွဲမှာ သူငယ်​ချင်း​တွေက ပိန်​သွား တယ်​ ​ပြောလို့ စိတ်​ချမ်းသာ။ ​ကျောဟိုက်​​တော့ corset ၀တ်​လို့ မရဘူး။ ဗိုက်​များပူ​နေမလာ​ပေါ့။ ​တော်​​သေးတယ်​ ကွက်​တိပဲ။ :)
4. Shoes
ဟိုတ​လောက ၃၉၀၀တန်​ ဖိနပ်​​လေး ဝယ်စီး​တာ အဆင်​​ပြေလို့ သာ​ကေတ capital မှာ ပြန်​သွားဝယ်​တာ မရှိ​တော့ဘူး။ ကံကောင်းချင်တော့ အလုပ်​အပြန်​ မင်္ဂလာ လက်​ဖွဲ့ North point မှာ သွားဝယ်​ရင်းမှ ပြန်​​တွေ့​တယ်​။ ​ဈေးမတက်​ဘူး ၃၉၀၀ပဲ။ အ​ဒေါ်တိုက်​တွန်းချက်​နဲ့ ၂ရံ ၀ယ်​လာခဲ့တယ်​။ ကိုယ့်ပိုက်​ဆံနဲ့ ကိုယ်​၀ယ်​တာ ဆို​တော့ ​ခြေတုံချတုံနဲ့။
5. ​မွေး​နေ့လက်​​ဆောင်
အ​မေက မ​ပြောမဆိုနဲ့ ​ရော့ အင့်​ ဆိုပြီးလာ​ပေးတယ်​။ သမီးကြိုက်​မယ်​ထင်​လို့တဲ့။ တကယ်​​တော့ အ​မေနဲ့ မြတ်​ကြည်​က အကြိုက်​တူတာ ရှားတယ်​။ ဒါ​ပေမယ့်​ ဒါ​လေးကို ​တော့ ထပ်​တူကျတယ်။ ​မွေး​နေ့လက်​​ဆောင်​ မ​ပေးရ​သေးလို့တဲ့။
Thank you Mother :)
အမှန် မွေးနေ့က လွန်​ခဲ့တဲ့ ၂လ က။ ကကြီးပြန်တဲ့ေ​လယာဉ်​​ပေါ်မှာ အချိန်​ကုန်​သွားတယ်​။ ဘွဲ့သွားယူနေတာနဲ့  မိသားစု နဲ့​ရော သူငယ်​ချင်းေ​တွနဲ့ေ​၇ာ ဘာမှမလုပ်​ဖြစ်​လိုက်​ဘူး။  အသက်ကြီးလာတော့လည်း မွေးနေ့ဆိုတာ ဘာမှမဟုတ်သလိုပဲ..(တရားရ) -_-"
6. အလုပ်​နဲ့ သင်္ကြန်
မြတ်​ကြည်​ အလုပ်​က မိသားစုလိုပဲ။ အလုပ်​မှာ ပို ​ပျော်​သလို​တောင်​ရှိတယ်​။ (ထူးထူးခြားခြား) @_@
ပိ​တောက်​ကိုမကြိုက်တတ်ဘူး။ ဒါပေမယ့် အလုပ်မှာ ပိတောက်ပန်းတွေ ပွင့်လို့ သယ်လာတော့ စိတ်ထဲ တမျိုး ကြည်နူးမိတယ်။ သင်္ကြန်နဲ့ ခွဲလာတာ ၃ နှစ်တောင်ရှိပြီ။ ဟိုနေ့က အလုပ်မှာ မုန့်လုံးရေပေါ်ပြိုင်ပွဲ လုပ်ကြတယ်။ တတိယရတဲ့ သံလွင်အဖွဲ့က မုန့်လုံးရေပေါ်လာပို့တာ စားရတယ်။ တတိယဆိုလို့ပဲ၊ အောက်မှာ ဆွမ်းမွှေးရွက်လေး ခံထားတာ မွှေးနေရော။
ဒီနှစ် အကြို၊ အကျ အကြတ် အလုပ်သွားစရာမလိုဘူး။ အတက်နေ့အတွက် အလုပ်လာဖို့ ကားစီစဉ်ပေးမယ်တဲ့။ အေးအေးဆေးဆေးပဲ။ လွတ်နေတဲ့ ၃ ရက်ကို ဘာလုပ်ရမယ်မသိဘူး။ အပြင်လည်း ထွက်မလည်ချင်၊ ချစ်ချစ်ဆီသွားလည်ဖို့အတွက်က လည်း လက်မှတ်က မရ။ ဗြဲ :'(
 နှစ်သစ်ကူးရင် လခတိုးမယ်လို့ မျှော်လင့်တာပဲ။ အစမ်းခန့်တဲ့ ၃ လတော့ ကျော်သွားပြီ။ Contract ထိုးဖို့ပဲ ကျန်တော့တယ်။ လခတိုးဖို့ ဆုတောင်းပေးကြပါ။ :)
Personal တွေ မရေးတာကြာပြီ။ တခါတလေ ကိုယ့်စိတ်ထဲ စိတ်ကူးပေါက်သလို အခုလို ရေးချင်ပေမယ့် စာဖတ်သူတွေကို အားနာနေမိတယ်။ ဘာပဲဖြစ်ဖြစ် အစ်မ မီးမီးငယ် ပြောသလို ပျော်ပျော်နေ သေခဲမလား။ ရေးချင်တာရေးရတော့လည်း ပျော်သွားသား။ မှင်ကြီးနဲ့ ရေးနေတာ တော်တော်ကြာပြီလားလို့။ ဟီး
 နှစ်သစ်ကူး အခါသာမယလေးမှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေရှင်။
You Might Also Like
2 comments
  1. အင်း ဘယ်လိုပြောရမလဲ။ ပါဆင်နယ်လ်လေးပါတော့ ရင်ကို ပိုထိသလိုဘဲ။
    မြတ်ကြည်နည်းနဲ့ ဝိတ်ချမလားလို့ တောင်တွေးမိသွားတယ်။ မြတ်ကြည်လေးလှနေတာအားကျလို့ ။ မြတ်ကြည်လက်တွေ့ ဆိုတော့စိတ်ဝင်စားတယ်။း)
    ဖိနပ်က ဘာတံဆိပ်လည်း။ မ က ဖိနပ်တိုင်းအဆင်မပြေတတ်ဘူး။ မြတ်ကြည်လိုဘဲ အဆင်ပြေတာလေးမှတ်ပြီးစီးရတာ။ ခုတော့ Clark နဲ့ အရမ်းအဆင်ပြေသွားလို့ လေးနှစ်လောက်ရှိပြီ ဖိနပ်သိပ်မရှာဖြစ်တော့ဘူး။
    မြတ်ကြည်လေးလည်းနှစ်သစ်မှာပျော်ရွင်ပါစေ။ လခတွေလည်းအများကြီးတိုးပါစေလို့ ...
    မမအိုင်အိုရာ
    ReplyDelete
    Replies
    1. L'beauty ဆိုပဲ အစ်မ။ ဖိနပ်လုံးဝ မပေါက်ဘူး။ မြတ်ကြည် အရှေ့ တရံ ဝယ်ထားတာလည်း အခုထိ စီးလို့ကောင်းတုန်းပဲ။ မြန်မာမှာ ဖိနပ် size ၄၀ က အရမ်းရှားတာနဲ့ တွေ့တုန်းကောက် ဝယ်လိုက်တာ။
      Delete