ဇာပန်းကပ် ပွဲတက် ဖက်ရှင်

By 8:30 PM


၂၀၁၃၊ ၂၀၁၄ အတွက် မြန်မာ ဝတ်စုံမှာ trend ဖြစ်နေတာလေးတွေက ဇာပန်းကပ် ဖက်ရှင်လေးတွေပေါ့နော်။ အရင် ၂၀၁၁၊ ၂၀၁၂ တုန်းက ချီဖွန် လေးတွေကို ခြင်ထောင်ဇာ အပါးလေးတွေနဲ့တွဲချုပ်တာလေး ရေပန်းစားခဲ့တာ။ ပျိုမေတို့ အတွက် ပွဲတက် ချုပ်ဖို့ မြတ်ကြည် သဘောကျတဲ့ ဒီဇိုင်းလေးတွေ စုပြီး တင်ပေးလိုက်ပါတယ်။ 

ပုံလေးတွေကို Silk & Style Fabric house ၊ ရွှေနန်းထက်တော်ဝင်နဲ့  Fashion Euphoria က ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်ရှင်။ 


 
 အောက်ခံ ဖက်ဖူးစိမ်း ရောင်လေးပေါ်မှာ ခါးအထိ အဝါဇာပန်းလေးတွေ။ အပေါ်ကမှ အစိမ်းလေးကို တစောင်းလေး ထပ်ပြီး ချုပ်ထားပါတယ်။

ဒေါင်လိုက် ဇာပန်းကျဲလေးတွေ ကြားမယ် ကျောက်လေးတွေကို အားဖြည့်ပေးထားပါတယ်။

အရှေ့တိုင်း ဆန်တဲ့ လည်ထောင်၊ လက်တို ဝတ်စုံလေးရဲ့  အောက်ခြေမှာ ဇာပန်းလေးတွေကို အတည့်မဟုတ်ဘဲ သူ့အနားတွန့်တိုင်း ချုပ် ထားတာလည်း အမြင်ဆန်းလို့နေပါတယ်။

 
ဒါလေးက တော့ ဇာကပ် မဟုတ်ပါဘူး။ အဖြူလေးနဲ့ မရမ်းရောင်ဇာလေးကို သပ်သပ်လေး တွဲထားတဲ့ ပုံစံလေး သဘောကျလို့ပါ။  ဖဲပြားလေး အပါအဝင်ပေါ့။

 
ပဝါကို တစောင်းလေး ချုံထား သလို တစ်ဖက်ကို အရှည်၊ တစ်ဖက်ကို လက်ပြတ်ပုံစံလေး ဇာလေးတွေ ကပ်ထားပါတယ်။

ကြယ်ပုံ လည်ပင်းကို ခါးတောင် ပုံစံမျိုးလေး ချုပ်ထားတာကို ပြချင်တာပါ။ အဲဒါကို ခြင်ထောင်ဇာ အပါးလေးနဲ့ လက်ရှည်ပုံစံ တွဲပေးထားပါတယ်။ ဒီတိုင်းလည်း ကြည့်ကောင်းတာပဲကိုနော်။

ထသွားထလာ ချည်သားနဲ့ ပိုး တွဲဆက်တဲ့နေရာလေးကို ဇာတန်းလေး ကပ်ပေးထားပါတယ်။

 
ရင်လျှား လက်ရှည် ပုံစံလေးမှာ bodice ကို ဗြောင်ထားပြီး ဇာပန်းနွယ်လေးတွေ မညီမညာ ကျနေတဲ့ ပုံစံလေး ကပ်ပေးထားပါတယ်။

 
ဒီဇိုင်နာက ဇာပန်းလေးတွေကို ကိုယ်ခန္ဒာ အချိုးအဆစ်နဲ့ အလိုက်သင့်လေးကပ်ပြီး  မိန်းမသား တစ်ယောက်ရဲ့  ကိုယ်လုံး အလှ ပေါ်လွင်အောင် ဖန်တီးထားပါတယ်။






ဇာကပ် ဖက်ရှင်လေး ချုပ်ဖို့ စိတ်ကူးထားတယ်ဆိုရင် ဘယ်ပုံစံ အပ်မယ်လို့ စိတ်ကူးမိပြီလို့ ယူဆပါတယ်နော်။ Euphoria မှာတော့ ချုပ်ပြီး သား အင်္ကျီလေးတွေရောင်းပါတယ်။ လှလည်း လှတယ်။ မြတ်ကြည်ဖော်ပြသွားတဲ့ ဆိုင်လေးတွေရဲ့ page တွေမှာ တခြား ဒီဇိုင်းလေးတွေလည်း ရှိပါသေးတယ်။


 မြတ်ကြည် သဘောကျတာလေးတွေပဲ ရွေးပြီးတင်ထားတာမို့ တယောက်နဲ့ တယောက် အကြိုက်မတူတဲ့ အတွက် page လေးတွေကို သွားကြည့်ဖို့ facebook လိပ်စာလေးတွေ ပေးလိုက်ပါတယ်နော်။

Silk & Style  

Fashion Euphoria

  ရွှေနန်းထက်တော်ဝင်



You Might Also Like

4 comments

  1. ပွဲတက် ဖက်ရှင် ကို လာကြည့်သွားပါတယ် အစ်မ။
    မြန်မာဝတ်စုံကတော့ ဘယ်လိုပဲ ချုပ်ချုပ် လှပြီးသားမို့ အကုန်လုံးကို သဘောကျပါတယ်။
    တစ်ချို့ကြတော့ မြန်မာဝတ်စုံကို ကျောဘက်တွေနဲ့ ရင်ဘက်အဟိုက်ထိ ဇာပါးပါးလေးတွေနဲ့ ချုပ်တာတော့ မကြိုက်ဘူးရှင့်။
    Have a nice sunday!

    ReplyDelete
  2. သက်မွန်မြင့်နဲ့ အောက်ဆုံးကဘလက်အန် ၀ှိုက်လေးတွေသဘောကျတယ်။
    မြန်မာဝတ်စုံမ၀တ်ရတာကြာပြီ။
    မြန်မာပြည်မှာတုန်းကတော့တချိန်လုံးချုပ်နေရလို့ ပွဲတက်ရမှာတောင်စိတ်ပျက်တယ်။ ချုပ်ရအပ်ရရွေးရပြင်ရနဲ့ လေ။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟုတ်ပါ့ မမရယ်။ ချုပ်ရတာ တစ်ရက်၊ fitting က တစ်ရက်။ ဝ လာပြီဆို ဖြည်ရ၊ ပိန်ပြန်ပြီဆို သီရ နဲ့။ Fitting မှ ကြည့်ကောင်းတာကိုး နော်။

      Delete