2014 သမင်လည်ပြန်

By 8:03 AM


လွန်ခဲ့တဲ့ နှစ် ဒီလိုအချိန်တုန်းက တော်တော် စိတ်ဓာတ်ကျနေခဲ့တာ။ ကျောင်းပြီးလို့ အိမ်ပြန်လာ၊ အိမ်က အလုပ်မလုပ်ခိုင်းသေးပဲ စာမေးပွဲဖြေခိုင်း။ အပြင်မှာ လူတွေကတွေ့ရင် ကျောင်းပြီးပြီးပြန်လာတာဆိုတော့ ဘယ်မှာ အလုပ်လုပ်နေသလဲ အမေးခံရ။ နေရင်း ထိုင်ရင်းနဲ့က အိမ်မှာ လူပိုကြီးတစ်ယောက်လို ဖြစ်မှန်းမသိ ဖြစ်လာတာ။ ငိုလိုက် ရယ်လိုက်နဲ့။ တကယ် အလုပ်လျှောက်ပြီး အင်တာဗျူးး ဖြေမယ်ကျတော့ ချစ်ချစ်က စိတ်မချပြန်။ တော်တော်လေး တိုက်ပွဲဝင်ခဲ့ရတယ်ဆိုပါတော့။ ဒီလိုနဲ့ New Year ပြီး နောက်တစ်ရက်မှာ ဘဝရဲ့ အလုပ်ကို ပထမဆုံး စဝင် ဖြစ်ခဲ့တယ်။

-တိုးတက်မှု

 ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကတော့ ပိုများတယ်။ ကိုယ့်ကိုယ်ကို လူကြီးဖြစ်လာတယ်လို့ ခံစားရတယ်။

-အလုပ်

အရင်က စာတွေ့ သင်ခဲ့တာတွေ လက်တွေ့မှာ ကောင်းကောင်း မဆက်စပ်ရင် သုံးမရဘူးဆိုတာ သိလာရတယ်။ စစ ချင်းကတည်းက အလုပ်က မြတ်ကြည်ရဲ့ ဆရာက အရမ်းကို supportive ဖြစ်တယ်။ သူ့ဆီက သင်ယူစရာတွေ အများကြီးပဲ။ အလုပ်မှာက တကယ်မိသားစုတွေ လိုပဲ။ အလုပ်လုပ်ရတာ ဒီလောက် ပျော်စရာကောင်းမယ်လို့ ထင်မထားဘူး။ သူဌေးက မူလီဖြစ်နေတာကလွဲလို့။ :P

-ဟောက်စား ခြောက်စား လုပ်တဲ့ လူတွေ၊ ကိုယ်ပြောတာကို မယုံသလို ယုံသလိုကြည့်ပြီး အင်တာနက် ဖွင့်ကြည့်ပြီးမှ လက်ခံတဲ့ လူတွေလည်း ကြုံရတယ်။ အဓိက ကတော့ သည်းခံစိတ်ပေါ့။ စိတ်အရမ်းရှည်လာတယ်။ အဲဒီလူတွေက နောက်တခါ ဖြစ်ရင် ကိုယ့်ဆီပဲ ပြန်လာတဲ့ အခါ ဝမ်းသာတယ်။


-ငွေ

 နောက်တစ်ခုက ပိုက်ဆံကို တန်ဖိုးပိုထားတတ်လာတယ်။ ကိုယ့်ပိုက်ဆံကိုယ် သုံးလာရတော့ အရင်က လို ဝယ်ချင်တာတွေ မျက်စိမှိတ်ပြီး မဝယ်ဖြစ်တော့ဘူး။  ။ အဲဒါမရှိရင် အရာတော်တော်များများ လုပ်လို့မရဘူး ဆိုတာ ပိုသိလာသလိုပဲ။ နှစ်ယောက် လက်တွဲနိုင်ဖို့ ပိုက်ဆံ ရသလောက် စုဖြစ်တယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မှ ယူတာ ပိုကောင်းတယ်။ မိဘတွေကို ကိုယ့်အတွက်ကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တော့ဘူး။

-အချစ်

  စိတ်ကောက်တဲ့ အချိန်တွေ တိုတောင်းလာပြီး နှစ်ယောက် ညှိရတာတွေ ငြင်းခုံရတာတွေ မရေမတွက်နိုင်အောင်များပြားလွန်းလို့ တခါတလေ ဟိုနေ့က ရန်ဖြစ်တယ်လေ၊ ဘယ်ကိစ္စနဲ့လဲ ပြန်မေးယူရတယ်။ :P နှစ်ယောက်အတူတူ တခြား စီးပွါးရေး သေးသေးလေးတွေလည်း လုပ်နေတော့ အမြင်မတူရင် ဖုန်းထဲ ထချကြတာပဲ။ ဟီးဟီး။ မြတ်ကြည်ကလည်း ခေါင်းမာ၊ သူကလည်း ပြောတာ နားမထောင်ရင် မကြိုက်။ :D

-မိသားစု

-မြတ်ကြည် မိဘတွေနဲ့ မနေဖြစ်တာ တစ်နှစ်ပြည့်တော့မယ်။ ပစ်ထားသလို ဖြစ်နေတာလည်း သိပါတယ်။ အိမ်လည်း တခါတလေ လွမ်းတယ်။ ဒါပေမယ့် မြတ်ကြည်ရှိရင်တောင် အဖေကလည်း ရန်ကုန်မှာမရှိ၊ အမေကလည်း သူ့အလုပ်နဲ့သူဆိုတော့ မထူးဘူး ဆိုပြီး အဖွား အိမ်မှာပဲ နေဖြစ်နေတယ်။



-သူငယ်ချင်း

ကြီးကြီးမားမားပွဲမဟုတ်ရင် အထူးတလည်တွေ့ဖြစ်တာတွေ ရှားသွားတယ်။ ညဘက် Night out မထွက်ဖြစ်တော့တာလည်း ပါတာပေါ့။ လိမ္မာနေတာ။ တွေ့တဲ့ အချိန်တိုင်းတော့ သူငယ်ချင်းတွေက ဘာမှ မပြောင်းလဲပါဘူး။ ခင်မင်မှုက အရင်တိုင်းပဲ။

ခုတလော ဘလော့က ညီအစ်မတွေလိုခင်တဲ့ ဆုမြတ်နဲ့ အသူနဲ့ မနက်တိုင်း viber မှာ ဟိုဟိုဒီဒီ ပြောဖြစ်ကြတယ်။ အကြောင်းအစုံအလင်ပေါ့။ အဲလိုမျိုး သူငယ်ချင်းတွေ ရတာ ကောင်းတယ်။ မိန်းကလေး ၃ ယောက်ဆိုတော့ ပြောစရာတွေက အမြဲရှိနေရော။ :)

ကျန်းမာရေး

အလုပ်က အထိုင်များတော့ ဝိတ်မတက်အောင် အစာနဲ့ပဲ ထိန်းဖြစ်တယ်။ ဟင်းသီးဟင်းရွက်နဲ့ အသားနည်းနည်း တတ်နိုင်သလောက်စားဖြစ်တယ်။ အလုပ်မဝင်ခင်က member ဝင်ထားတဲ့ gym လည်း အလုပ်ရတော့ ခြေဦးတောင် မသန်းဖြစ်တော့ဘူး။ ဒီနှစ်အတွင်း ကြီးကြီး ကျယ်ကျယ်တော့ ဘာမှ မဖြစ်လိုက်ဘူး။ တို့တိတို့တိ ကတော့ ဖြစ်နေတာပဲ။ ပစ်ထားလိုက်၊ အိပ်ရေးဝဝ အိပ်လိုက်ရင် သူ့အလိုလို ပျောက်သွားရော။

 ရူပါ

 ရူပါကတော့ ကျသလား မမေးနဲ့။  မြတ်ကြည်က မေးနည်းနည်းလွဲနေတော့ နှုတ်ခမ်းထောင့်က အရာက အခုအသက်အပိုင်းခြားမှာ ပိုထင်းလာတယ်။ ဆံပင်ကို မဆိုးပဲ၊ မဖြောင့် မကောက်၊ မညှပ်ပဲ ထားတာ နှစ်နှစ်ရှိပြီ။ ချစ်ချစ်က ပါမစ် ချပေးပြီး ဘယ်ပုံညှပ် ဘယ်အရောင်ဆိုး အကြံပေးလို့ သွားလုပ်လိုက်တယ်။  အဖေက ဟိုနေ့ကတွေ့တော့ ပြောတယ်။ အရင်က ရွှေပြည်သာက လာအလုပ်ဆင်းတဲ့ သူနဲ့ တူတယ် အခုမှ ရုပ်ထွက်လာတယ်တဲ့။ :P

New Hair Style

ပညာ ရေး

ကိုယ့်ဘာ့သာကိုယ် တက်လား ကျလားတောင်မသိဘူး။ အလုပ်လေး လုပ်လိုက်။ အားတဲ့အချိန် ပြေးသင်လိုက်နဲ့ပဲ။ စာအတွက် အချိန်ကတော့ ငယ်ငယ်ကလောက် မပေးနိုင်တော့ဘူး။ အရင်က ကကြီးစာတွေလည်း မေ့သလောက်ရှိနေပြီ။

ဝါသနာ

 ဘလော့ရေးတာကို ဒီနှစ်မှာ ပုံမှန် ပြန်လုပ်လာနိုင်ခဲ့တယ်။ အပြီးသတ် မစွန့်လွှတ်နိုင်လို့ ပြန်ခိုးဖွင့်ပြီး ရေးရာကနေ သိသွားတော့လည်း စိတ်ရှင်းရှင်းနဲ့ ရေးလို့ရသွားတာပေါ့နော်။ ပထမတော့ ပြန်ရေးတာ သိများသိရင်ဆိုပြီး စိတ်မရဲဖြစ်ပေမယ့် သူသိသွားတော့လည်း အေးအေးဆေးဆေး လက်ခံပေးတာပါပဲ။ Can't hide anything from him. :D

ပထမဆုံးများ

မမကွန်နဲ့ ပထမဆုံးအကြိမ် ကော်ဖီသောက်ဖူးသွားတယ်။
ဂျူးကို မြင်ဖူးသွားတယ် (အဲဒီတုန်းက ACLS  နောက်ဆုံးရက် ဘယ်သူလဲလို့ ကြည့်နေတာ၊ နောက်တော့မှ ကျွန်မဂျူးပါ တဲ့)
Pressure မညှိထားတဲ့ Twin Otter စီးဖူးလိုက်တယ်။

ဒီနှစ်အတွက် နောက်ဆုံးပို့စ်လေးမှာ မြတ်ကြည်အတွက် တစ်နှစ်တာကို ခြုံငုံပြီး တင်ပြလိုက်ပါတယ်နော်။
 နောက်နှစ် အတွက်တော့ အသင့်ဖြစ်နေပါပြီ။ ရည်မှန်းထားတာက ပိုက်ဆံပိုစု၊ စိတ်ချမ်းသာအောင်နေ၊ ကျန်းမာရေးအတွက် ပုံမှန် တစ်ခုခုလုပ်ဖို့။

Happy New Year!

Thanks for the tag Athu (areal-myworld.blogspot.com)

xoxo

-နှစ်သစ်ကူးည ဒီ သီချင်းနဲ့ ကချင်တယ်။ :D

You Might Also Like

10 comments

  1. anyway, it is sure that you've been mature enough :) :)

    ReplyDelete
  2. စကတ်လေးကိုကြိုက်တယ်ကွယ်...happy new year myat kyi <3

    ReplyDelete
  3. Thanks sis:-)
    I feel lucky to be in touch with u 2 :-)
    Wish everything will be fine and HAPPY NEW YEAR

    ReplyDelete
    Replies
    1. Happy Newyear too Athu :) Thanks for the participation in my giveaway event too. :) You guys support me so much.

      Delete
    2. ပုံတွေကခုမှကြည့်ရလို့..
      အဖေကsmart အမေက graceful.. တကယ်မြတ်ကြည်အမေကတော်တော်ကျက်သရေရှိတယ်။အမေတူလေးပေါ့.:D သူညားလဲဆံပင်ဆိုးချင်တာလို့ :D

      Delete
    3. ဟုတ်တယ်။ အဖေရော အမေရော ချောပြီး သမီးကမှ ဘာရုပ်ပေါက်နေမှန်း မသိတာ။ ဆံပင် မဆိုးတာကြာလို့ထင်တယ်။ အခုဆိုးထားတာလေး ကြိုက်နေတယ်။ :)

      Delete
  4. အဖေချော အမေလှ သမီးချစ်ဖို့ကောင်း ....
    Merry X'mas & Happy New year Myat Kyi Lay ♥

    ReplyDelete
    Replies
    1. အဖေချော အမေလှက ဟုတ်တယ်။ သမီးကတော့ ချစ်ဖို့မကောင်းဘူး။ Happy Newyear too တီတင့်။

      Delete