သူ ဘယ်လိုလူလဲဆိုတာသိစေချင်...
အတွင်းစိတ်ကိုမှန်းလို့ရတယ်ေ ဗဒင်တွက်နည်းလေးပါ
ဒီ နည်းလေးကို စံဇာဏီဘို အချစ်ဗေဒင်ထဲက ယူပြီးတင်ပြထားပါတယ်ရှင်။ :) အပျင်းပြေတွက်ကြည့်လို့ရတာပေါ့နော်။
ကိုယ်တိုင်လည်းတွက်၊ သူငယ်ချင်းတွေကို လည်း တွက်ပေးဖို့မမေ့နဲ့နော်။
တွက်နည်း
မြန်မာမွေး သက္ကရာဇ် ကို မွေးဂဏန်းနဲ့ပေါင်း၊ ၇ နဲ့စားပါ။ ရလာတဲ့ အကြွင်းနဲ့ အဖြေနဲ့ကိုက်ပြီး လိုက်ဖတ်လိုက်ပါ။
မြတ်ကြည်က-
မွေးသက္ကရာဇ် = ၁၃၄၉
ကြာသပတေးနေ့မွေးနံဂဏန်း = ၅
နှစ်ခုပေါင်းရလဒ် = ၁၃၄၉ + ၅ = ၁၃၅၄
အဲ့ဒီရလဒ်ကို ( ၇ ) နဲစားပါ။ အကြွင်းက (၃) ရပါတယ်
......... ဘောပင်နဲ့ စာရွက်တစ်ရွက်ယူပြီး တွက်လိုက်ရအောင်နော်။.........
......................................
....................
.........
.....
...
.
အကြွင်း ( ၀ )
လိုချင်စိတ်များတယ်။ရတာနဲ့မတင်း တိမ်ဘူး။ရောင့်ရဲတဲ့စိတ်မ၇ှိဘူး ။ရောက်နေတဲ့နေရာမှာမပျော်ပိုက် ဘူး။ဒီထက်ပိုသာတဲ့ဘ၀ကိုလိုလားေ နတဲ့သဘာဝရှိတယ်။ တစ်ခုမပီးခင်နောက်တစ်ခုလုပ် ၊ လောကကြီးကိုလက်ဝါအုပ်လိုတဲ့စိတ် ဗီဇရှိတယ်။တရားသဖြင့်လား မတရားသဖြင့်လား စဉ်းစားမှာ မဟုတ်လို့ တနေ့ ဒုက္ခတွေ့မဲ့သူမျိုးပါ။ ဘယ်သို့ဆိုဆိုစေ သူကတော့ရည်းမှန်းချက် ကြီးကြီးနဲ့  ဖြတ်သန်းမဲ့သူမျိုးပါ။ စနစ်တကျ နေထိုင်လုပ်ကိုင်သွားအေင် ထိန်း ပေးရင်တော့ ဒိတ်ဒိတ်ကြဲ လူသားတယောက်ဘ၀ကို ပိုင်ဆိုင်မှာသေချာပါတယ်။
အကြွင်း(၁)
စိတ်ကြီးတယ်။ မဟုတ်မခံစိတ်ရှိတယ်။ မတော်မတရားမြင်ရင်ကိုယ့် ကိစ္စမဟုတ်ရင်တောင်ဝင်ပြီးပါဖို့ ပြောဖို့ဝန်မလေးဘူး။ အလိုလိုဘေးကဒေါသ ထွက်နေတတ်တယ်။ စိတ်တိုဒေါသထွက်နေရင်လဲ အန္တရာယ်မကြေက်တတ်ဘူး။ ပြောပစ်လုပ်ပစ်တတ်သူမျိုးပါ။ဒီ သဘောရှိတဲ့သူဆိုတော့ နှလုံးသားလေးကဖြူစင်လွန်းသူပါ။ သူတပါး ထိခိုက်အောင်ဘယ်သောအခါမှ သူက စလုပ်လေ့မ၇ှိဘူး။သူတပါးကိုကျွေး ရမလားမွေးရမလား ထိပ်ဆုံးကပေါ့။ ဒါပေမယ့်မဟုတ်မခံ စိတ်မြန်လက်မြန်တာကြောင့် အမြဲရန်သူတွေ နဲ့ရင်ဆိုင်နေရတတ်ပါတယ်။ စိတ်မြန်ပုံကတော့ ဖိနပ်စီးရတာ အဆင်မပြေရင်တောင် ဖိနပ်ကိုကန်ထုပ်ပီး ခြေဗလာနဲ့ လမ်းလျှောက်တတ်သူမျိုး ပါ။ အဲ့ဒီဒေါသစိတ်ကို ထိန်းနိုင်သွားတဲ့သူဖြစ်လာခဲ့ ရင်တော့ ပြီးပြည့်စုံတဲ့သူဖြစ်လာမှာပါ။ မမေ့နဲ့နော် လူဖြောင့်စိတ်တို ဆိုတဲ့စကားလေးကို...
အကြွင်း ( ၂ )
သိပ်တွေဝေတတ်သူမျိုးပါ။ ဆုံးဖြတ်ချက်တခုကို ဘယ်တော့မှ ပိုင်ပိုင်နိုင်နိုင်မချဘူး။ အရာရာကိုမေ့နေတတ်တယ်။တခါတလေငေါ င်တောင်တောင်နဲ့နေတတ်တယ်။ သီးသန့်နေလိုစိတ် ပြင်းတယ်။ြ ပသနာတွေ့လာရင်လဲတယောက်တည်းမြေ ဖရှင်းတတ်ဘူး။အပြောအေးအေးလေးနဲ့ ကျလောက်အောင်ပြောတတ်တယ်။ ရိုးပုံအေးပုံ ပုံစံလေးကြောင့် သူ့ကိုသိပ်ခင်ကြမယ်။ ပြသနာတွေ့ နဲ့ ရင်ဆိုင်နေရတာတောင် ဒါတွေကိုမေ့ လုပ်ချင်ရာလုပ်နေတတ်တယ် ။လေးလေးနက်နက်မ၇ှိဘူး။ စကားကိုသာကျအောင်ပြောတာ ရှေ့ နောက်ညီ မညီကိုပြောပြီးမေ့နေတတ်တယ်။ စိတ်ဓာတ်တက်လွယ် ကျလွယ်ဖြစ်တတ်တယ်။ အရာရာကိုတွေဝေ နှောင့်နေးလွန်းတာကြောင့် ဘ၀မှာအခွင့်အရေးတွေအမြဲလက်လွတ်ြ ဖစ်နေတတ်တယ်။ သူ့အပေါ်မှာ နိုင်နိုင်နင်းနင်း ပဲ့ထိမ်းပေးမဲ့သူ၇ှိမှ သူ့ဘ၀ဟန်ကျမယ့်သူပါ။နောက်ကလိုက် တချိန်လုံးပြောနေနိုင်မှ တန်၇ုံကျမဲ့သူမျိုး။ အပြောခံရလို့ စိတ်ဆိုးမှာစိတ်မပူနဲ့။ သူကမှတ်ထားမှာမဟုတ်ဘူး။
အကြွင်း ( ၃ )
မေတ္တာသမားကြီးပါ။ အားနာတတ်တယ်။ ယုံ စားတတ်တယ်။ သူတပါးအပေါ်နားလည်ခွင့်လွတ်တတ် တယ်။သည်းခံစိတ်အပြည့်ရှိတဲ့နေရာ မှာနှစ်ယောက်မရှိဘူး သြချလောက်တယ်။ အရာရာကိုရင်ဆိုင်၇ဲတယ်။လူတိုင်း အပေါ်လေးလေးစားစားဆက်ဆံတယ်။ကိုယ့် ကိုယ်ကိုအမြဲနိမ့်ချနေတတ်တယ်။ အနေရိုးပေမယ့် သွားအထင်မသေးနဲ့ ခင်သူမင်သူပေါတယ်။မြင့်မြတ်တဲ့ စိတ်အပေါ် လူတိုင်းက သဘောကျ ပြီး နေရာပေး ဆက်ဆံကြတယ်။မေတ္တာတရား ထားလွန်းတာအပေါ် ဘေးလူတွေကနားမလည် အားမလို အားမရ ဖြစ်နေတတ် တယ်။မဟုတ်တာမလုပ်ဘူး။ လူတိုင်းအပေါ် တစုံတရာတန်ဖိုးထားလေးစားဆက်ဆံ တယ်။ အပြောသမားမဟုတ် လက်တွေ့ဆန်တယ်။အချစ်မေတ္တာအပေါ်လေးလေးနက်နက်တန်ဖိုးထားသူမျိုးပါ ။
အကြွင်း ( ၄ )
ခံစားတတ်တယ်။ စာနာတတ်တဲ့စိတ်ကအပြည့်၇ှိတယ်။ ချ စ်သူခင်သူတွေကိုဖြစ်ဖြစ် သတ္တ၀ါတွေကိုဖြစ်ဖြစ် သနားပါတယ်နော် ဆိုးပြီး စာနာစိတ်လေးနဲ့ ကူညီလိုတဲ့စိတ်အြ မဲ၇ှိတယ်။ စိတ်ဆိုးလည်း ခဏပဲ။ ဂရုဏာသမားမို့ ရန်သူကိုတောင်သနားတတ်တယ်။ သုတို့ကသူများအပေါ်ဂရုဏာထားသလို သူတို့အပေါ်ကိုလည်း သူများကပြန်ဂရုဏာထားတာကိုလိုလား ကြတယ်။ ဂရုမစိုက်ဘူး အလေးမထားဘူး အချစ်ပေါ့တယ် သူ့ကိုနေရာမပေးဘူးလို့ထင်ရင် စိတ်ကောက်ပြီး ၀ုတ်ဒိုင်းကြဲ အ၇ွှဲ့တိုက်တတ်တယ်။ အမြန်ချော့ပေးပါ။ လူပုံစံ စတိုင် ဟန်ပန်ကအစ ပြုမူပြောဆိုပုံကို ကြည့်လိုက်ရင်တော့ မာကျစ်ကျစ် ၊ဘုဂွပြော ၊ မသနား အကြင်နာစိတ်ခေါင်းပါးတဲ့ သူပုံေ ပါက်နေ ပေမယ့်တကယ်အတွင်းစိတ်မှာတော့ ဂရုဏာအပြည့်နဲ့သူဖြစ်ပါတယ်။
အကြွင်း ( ၅ )
မုဒိတာလက်ကိုင်ထားနိုင်တဲ့သူမျိုးဟာ အလွန်ပဲရှားပါးလွန်းပါတယ်။ သူတပါး အောင်မြင်တာ၊ ချမ်းသာတာ၊ ထွန်းထွန်းပေါက်ပေါက်ဖြစ်တာ၊ အလုပ်အကိုင်တိုးတက်တာ တွေကို တွေ့ရင် မိမိအောင်မြင်နေသလို ခံစားဝမ်းမြောက် သူ မျိုးပါ။ မနာလို ၀န်တိုစိတ်မရှိဘူး။ အတင်အဖြင်းမေ ပြာဘူး။ မြင့်မြတ်တဲ့စိတ်ရှိတယ်။ အရာရာရင်ထဲမှာ ခံစားပြီး လုပ်တတ်တဲ့ သူမျိုးပါ။ မှန်ကန်မြင့်မြတ်တဲ့ စိတ်ကြောင့်ကြီးပွားအောင်မြင် မည့်သူမျိုးဖြစ်ပါတယ်။ သူတပါးအပေါ်ငယ်ကျိုးငယ်နာဖော်ပောတာလုပ်တာကိုမုန်းတီးသူမျိုြး ဖစ်သလို ကိုယ်ကလည်း မလုပ်ဘူး။ လုပ်ရပ်တွေကိုလည်းလက်မခံဘူး။ သူတပါးရဲ့ အားသာချက် အားနည်းချက်တွေကို အပြုသဘောနဲ့ အကြံပေးတက်သူမျိုးပါ။ အရာရာအပေါ်မှာ ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ သူတပါးကိုဖြစ်ထွန်းအောင်မြင်ေ စသလို ကိုယ်တိုင်လည်း ဖြောင့်ဖြောင့်မှန်မှန်နဲ့ ဖြစ်ထွန်းအောင်မြင်အောင်ကြိုးစားနေတဲ့ မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင် ပါ။
အကြွင်း ( ၆ )
အလွန်ထူးခြားတဲ့သူမျိုးပေါ့။ ဘာသိဘာသာ အေးအေးပဲနေတယ်။ တစ်ပါးသူကိစ္စတွေကို ကိုယ်နဲ့မဆိုင်သလို ကိုယ်နဲ့မဆိုင်ဖို့ အမြဲကြိုးစား နေတတ်တယ်။ ရန်လုပ်လာရင်တောင် ကိုယ့်ကိုလု ပ်နေတာမဟုတ်သလို မသိသလို နှုတ်ဆိပ်နေတတ်တယ်။ဥပက္ခာပြုကျော် ခိုင်းနေတတ်တယ်။တည်ကြည် တည်ငြိမ်ပြီး လူသားအားလုံးကိုမှန်တယ်ထင်တာလု ပ်နေတာပဲ ဘာမှဝင်စွတ်ဖတ်စရာမလိုဘူးဆိုတဲ့ သဘောမျိုးကို ထားပြီးနေတတ်တယ်။ ကိုယ်နဲ့ ပတ်သက်ဖူးတဲ့ဝန်းကျင် ကိုယ့်အလု ပ်ကိုသာ စူးစူးစိုက်စိုက်လုပ်လို့ အောင်မြင်နေတတ်တဲ့သူမျိုးပါ။ အနေအေးပြီး မသိသလိုမဆိုင်သလိုနေနေလို့ ဘာမှမသိဘူးမထင်လိုက်လေနဲ့။ အရာ ရာကိုလေ့လာတယ် အရာရာကိုနားလည်လွယ်လို့ အပြစ်မမြင်ပဲနေတတ်သူမျိုးပါ။ အခက်အခဲ၇ှိလာရင်တော့ သူလိုလူမျိုးဆီက အကူအညီးတောင်းသင့်ပါတယ်။ လူကြီးလူကောင်း တွေ အနောက်နိုင်ငံမှာသုံးတဲ့ GENTLEMAN ဆိုတဲ့လူမျိုးပေါ့။ ယဉ်ကျေးတယ်၊ သိမ့်မွေ့တယ်၊ အရေးကြုံရင်အားထားရတဲ့သူမျိုးပါ ။ တကယ့်ကိုအမြင် ကြည်လင်တဲ့သူမျိုးးပါ။ တစ်ခါတလေသာသနာ့ဘောင်ဝင်သွားပြီး ကျွတ်တန်းဝင်တရားထူး ရတတ်သူတွေလို့ ပညာရှင်တွေ ဆိုကြပါတယ်။
ကိုက်ရဲ့လား မသိနော်? အပျင်းတော့ပြေသွားတယ်ဟုတ်?
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်။
:)
Note:
မြန်မာသက္ကရာဇ်ရှာချင်လျှင် >>
ခရစ်သက်ကရာဇ်ထဲကနေ ၆၃၈ ကိုနှုတ်ရင် မြန်မာ သကရာဇ် ရပါတယ်။ ဒါပေမယ့် နှစ်ဆန်းတရက်နေ့ ဧပြီလ ထက် စောပြီးမွေးရင် ၁ ထပ်နှုတ်ရပါတယ်
Note:
မြန်မာသက္ကရာဇ်ရှာချင်လျှင် >>
ခရစ်သက်ကရာဇ်ထဲကနေ ၆၃၈ ကိုနှုတ်ရင် မြန်မာ သကရာဇ် ရပါတယ်။ ဒါပေမယ့် နှစ်ဆန်းတရက်နေ့ ဧပြီလ ထက် စောပြီးမွေးရင် ၁ ထပ်နှုတ်ရပါတယ်
17 comments
ဟဲဟဲမြတ်ကြည်ရေးကောင်လေးက ၆ဆိုပဲ
ReplyDeleteလမင်းတော့မတွတ်သေးဘူးပြန်လာမယ်
အိပ်ချင်နေလို့ 
မမ မြတ်ကြည်..သားသားက တစ်..အဟက်
ReplyDeleteသားသားထပ်တွက်တာ..သားသာချစ်သူလေးက လေးတဲ့ မမ....အဟက် အဟက် နာကွ...
ReplyDeleteသုညတဲ့..ခြားဇီပဲ.. ဟွင့်.ဟွင့်..
ReplyDeleteတစ်ခုမပြီးခင်နောက်တစ်ခုလုပ်တတ်တာပဲပါတယ်..။
ကျန်တာတူဘူး.။
အရင်ဆုံးမြန်မာမွေးသက္ကရဇ်ကိုအမေပြန်မေးရအုံးမယ် ဟီး
ReplyDeleteအဟီးးးးး ကံကောင်းတယ် ၃ တဲ့ဂျ
ReplyDeleteနာတွ
မွေးသက္ကရာဇ်က အင်္ဂလိပ်လိုပဲ သိတယ်
ReplyDeleteမြန်မာမသိဘူးဗျ
နေဦး အမေကို မေးကြည့်လိုက်ဦးမယ် . . . ဟဲ
မြတ်ကြည်ရေ..
ReplyDeleteရောက်တယ်နော်.. ဗေဒင်တွက်ကြည့်ချင်တာ မွေးသက္ကရာဇ်ကို မြန်မာလို မသိတော့ အခက်တွေ့ နေတယ်..ဒါနဲ့ မြတ်ကြည်ရေ အိမ်မက်တစ်ယောက် မာစကာရာသုံးရတာ အဆင်မပြေဘူး မျက်တွင်းက နဂို နဲနဲ ညိုတယ် ပြီးတော့ မာစကာရာသုံးလိုက်ရင် မကြာဘူး မျက်တွင်းတွေ ပိုညိုလာသလိုပဲ..အမဲတွေ ကျလာသလို ထင်ရတယ်.. ဘယ်လို မာစကာရာ မျိုးသုံးရင်ကောင်းမလဲ ဟင်..မျက်တွင်းညိုတဲ့ အတွက် နည်းလမ်းလေးတွေ ရှိရင်လဲ ကူညီပါဦးကွယ် မြတ်ကြည်လေးရယ်..း)
ချစ်တဲ့
အိမ်မက်
နွေလလိုပဲမြန်မာလိုမွေးသက္ကရာဇ်
ReplyDeleteမသိဘူး..ပီား
ီးပီားး
မြန်မာမွေးသက္ကရာဇ်မသိလို့ခက်နေပြီအမရေ
ReplyDeleteလာဖတ်သွားပါတယ်။ တွက်လိုက်တော့ နံပါတ်(၃) တဲ့ ..မဆိုးဘူး ...း)
ReplyDeleteမြန်မာနှစ်မသိသူများ ဒီမှာ မြန်မာနှစ်(၁၀၀)ပြက္ခဒိန်လေး ဒေါင်းလုတ် လုပ်လို့ရပါတယ် ...
ကိုယ်လဲ မြန်မာနှစ်မသိလို့ ရှာရင်းတွေ့လာတာပါ။
http://aungthummu.blogspot.com/2011/09/blog-post_18.html
မြန်မာသက္ကရာဇ်မသိတဲ့ဦးလေးတို့၊အန်တီတို့အတွက်
ReplyDeleteနှစ်တစ်ရာပြက္ခဒိန်ပါး))
http://www.mmcalendar.com/
(ဘယ်ဘက်ထောင့်မှာ.အင်္ဂလိပ်မွေးလ၊ခုနှစ်၊ရက်
ရွေးပေးလိုက်ရင်.ဒေါက်ဝှီးဘဲခင်ည.:P)
ဆရာမမြတ်ကြည်ကိုပါရမီဖြည့်ပေးတား)
ကိုယ်ကတော့.ဂွကျတယ်မြတ်ကြည်း))
ရှဲရှဲနီ...
(စကားမစပ်..
အနောနီးမတ်ကို.ဘာလို့ဖြုတ်ပစ်တာတုန်း..)
ချစ်ခင်လျှက်..
how to know မွေးဂဏန်း
ReplyDeletehow to know မွေးဂဏန်း
ReplyDeleteကဲ ဆရာမရေ တွက်မယ် တွက်မယ်
ReplyDeleteရှေ့ကနေအကုန်နည်းလမ်းပြနေတော့တာဘဲးး)))
ချစ်တဲ့
ဂျာရစ်
တီတင့်က '၆' ကြွင်းတယ် မြတ်ကြည်ရေး)
ReplyDelete'ကျွတ်တန်းဝင်တရားထူး ရတတ်သူတွေ'
ဆိုတာနဲ့တင်ကျေနပ် လုံလောက်သွားပါပြီကွယ်း)
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။
မေတ္တာဖြင့်
အန်တီတင့်
တရားထူးရတယ်ဆိုတိုင်း မပျော်နဲ့ ဦး..ဟီးဟီး အကောင်းပြောတာ ကလေး၅ ယောက်နဲ့ ကျန်ခဲ့ပြီး တရားတွေရနေတာကိုပြောတာ
ReplyDeleteမှန်းမှမသိတာ..