2011 Fall/ Winter အတွက် အထာကျနေမယ့် ခါးပတ် ပုံစံ

By 8:22 AM

ဒီ ၂၀၁၁ ဆောင်းရာသီ အတွက် hit ဖြစ်တာကတော့ ခါးပတ်ပြားသေး လေးတွေပါ။ အရင်က ခါးပတ်ဝတ်ရင် စည်းကမ်းလေးတွေက ကိုယ်ကိုင်တဲ့ အိတ်၊ စီးတဲ့ ဖိနပ်နဲ့ ကိုက်ပြီး ဝတ်ရမယ်ဆိုတာပါပဲ။ အခု ရာသီမှာတော့၊ ရောင်စုံ လိုက်ဝတ်တာထက် အနက်ရောင်၊ ညိုဝါရောင် လေးတွေကို John Galliano, Nina Ricci, Fendi, and Hermes တို့က ပိုဦးစားပေးလာကြပါတယ်။

 တွဲဝတ်စရာတွေက တော့ မျိုးစုံပါပဲ။ ကာဒီတန်၊ ဘလေဇာ၊ ရှပ်၊ ကစလို့ ကုတ်၊ သားမွေးအနွေးထည်တွေနဲ့လည်း တွဲလို့ရပါတယ်။ သက်တောင့်သက်သာ ပေါ့ပေါ့ပါးပါးဆန်ပြီး စတိုင်လ် လည်းကျ၊ elegant လည်းဖြစ်တဲ့ပုံစံလေးကို ဖန်တီးနိုင်ပါတယ်။








တစ်မျိုးက ခါးပတ်ပြားသေးလေးကို သိုးမွေးအပွနဲ့တွဲဝတ်တာပါ။ အောက်က leggings လေးနဲ့ဆို လိုက်မှလိုက်ပဲ။ သိပ်ရှင်းလွန်းနေရင်၊ အပေါ်က ကာဒီကန် ထပ်ပေါ့နော်...


ဒါမှမဟုတ် ရှပ်ကို အထဲထည့်ပြီး ဘောင်းဘီဒါမှမဟုတ် ပန်ဆယ်လ် စကတ်အပေါ်က ထပ်ဝတ်လို့ရပါသေးတယ်။

Cacheral

Chloe'


ပေါ့ပေါ့ပါးပါးပဲ သွားမလား၊ ဒါမှမဟုတ် ရုံးကို ဝတ်သွားမလား၊ ဘလေဇာကို ကြယ်သီးမတပ်ပဲ ခါးပတ်ထပ် ပတ်လိုက်ပါ။ ထူးထူးခြားခြားလေးဖြစ်ဖို့၊ ခါးပတ်ကို ဘလေဇာနဲ့ ကွဲမယ့် အရောင်ကို ရွေးပါ။ 

Rochas


ခါးပတ်အပြားသေးနဲ့ အလိုက်ဆုံးက ခါးပေါ်ရောက် တဲ့ ဘောင်းဘီမျိုးပါ။ ဘယ်နေရာမှာ ဝတ်ရမယ်ဆိုတာမရှိပေမယ့်၊ တချို့အဝတ်အစားတွေမှာ  အပြားအသေးကို ခါးပတ်အထူလောက် အပေါ်တက်ဝတ်ရင် မလှဘူးလို့မြင်ပါတယ်။ စကတ် ချက်ပြုတ်မျိုးနဲ့ဆို အောက်လျှောဝတ်တာပိုလှပါတယ်။

John Galliano


Winter ကုတ်၊ သားမွေး၊ leather ဂျက်ကက်ပေါ်ပဲ ထပ်ဝတ်မလား? ရိုးရိုးလေးနဲ့ စတိုင်လ်ရှိ နေမှာပါ။

Chloe'



Hermes
Fendi
ဖဲပြားပါတဲ့ ခါးပတ်ပြားသေးလေးတွေကို အောက်က 70 style flare ဘောင်းဘီနဲ့ ဒါမှမဟုတ်၊ ဘလောက်စ် အရှည်နဲ့ မိန်းကလေးဆန်ဆန်အသွင် ဖန်တီးလို့ရပါတယ်။ classy လည်းပိုဖြစ်သလိုပါပဲ။ 

Prada
Dolce and Gabana

ပြချင်တာများသွားတာနဲ့ ပုံတွေတင်တာများသွားတယ်။ အခုနှစ်မှာတော့ ကုတ်နဲ့ ခါးပတ်ပြားအကြီးကြီးတွေတွဲဝတ်တာက ဒိတ်အောက်သွားပါပြီ။ ရှိရင်လည်း ခဏသိမ်းထားလိုက်နော်။ တစ်နေ့နေ့ ပြန်အသုံးဝင်လာမှာ။ :)

ပျိုမေတို့အတွက် ဖက်ရှင်စတိုင်လ်ကို becomegorgeous မှ Fall/Winter 2011 Belts Style Guide ကို ကောက်နှုတ်တင်ပြပါတယ်။

ဒီ ဆောင်းရာသီမှာ စတိုင်လ်ကျ လှပနိုင်ကြပါစေရှင်။



You Might Also Like

5 comments

  1. မိုက်၏ like ၏... ကျေးဇူးပါ။

    ReplyDelete
  2. ကောင်း၏ ကောင်း၏။ ဒါမျိုးစောင့်နေတာ။

    ReplyDelete
  3. ဒီလိုသေးသေးကွေးကွေး.
    ကွိစိ.ကွစလေးတွေတော့.မကြိုက်တတ်ဘူး
    မြတ်ကြည်ရဲ့..မိစံက
    ရုပ်ရှင်ကားထဲလို.. ဗီလိန်တွေလိုဝတ်
    ခါးမှာ.သေနတ်ထိုး
    ပြီးတော့..ကိုရီးယားကိုလာ..
    ဂူဂျွန်ဖြိုကို..ပြန်ပေးဆွဲ..း))
    အဲလို..အဲလို..နေရာမျိုးမှာဝတ်ရတဲ့..
    ခါးပတ်မျိုးကိုကြိုက်ထှားP

    ReplyDelete
  4. အင်္ကျီပေါ်ကနေ ထပ်ရတာတော့ အသက်ရှုကြပ်သလို ခံစားရလို့ မဝတ်ဖြစ်သလောက်ပါဘဲ။
    ဒါပေမဲ့ ဘောင်းဘီဝတ်တော့ ခါးကနေ လျောလျောကျလို့ ခုတော့ ခါးပတ်ဝတ်ဖြစ်တယ်.. ခုနောက်ပိုင်းတော့ ခါးပတ်လေးတွေဝယ်ထားတာ တော်တော်များနေပြီ။ မကြိုက်ဘူးဆိုပြီးး)

    ReplyDelete
  5. မဝင်းမင်း၊ မရီတာ၊ မချောနဲ့ မိစံရေ၊ သိပ်မတက်လို့ အခုမှ ကော်မန့်တွေလာ ဖတ်ရတယ်။

    ReplyDelete