Nail Art (Girly Pink)

By 6:44 AM

 ဒါလေးက မဘေဘီ ရဲ့ ဘလော့မှာ တင်ထားတဲ့ tutorial လေးကို ပြန်လုပ်ကြည့်ထားတာပါ။ လိုအပ်ချက်လေးတွေရှိပါသေးတယ်။ အစ်မတော့ ဒါကိုမြင်ပြီးရင် စိတ်ဓာတ်ကျမလားပဲ။ :P


ပထမဆုံးအနေနဲ့ ပန်းရောင် ကို အပြည့်ဆိုးပါတယ်။ 


ရေစိုလက်သည်း အတွက်၊ ခရမ်းနုရောင်ကို မိတ်ကပ် sponge နဲ့တို့ပြီး လက်သည်းထိပ်လေးတွေကို လိုက်တို့ပါတယ်။


လက်သည်းထောင့်လေးတွေကို သွားကြားထိုးတံကို သုံးပြီး အဖြူ အစက် ငါးစက်ချပါ။ 



ပြီးရင် အလယ်မှာ ဝတ်ဆံ အတွက် ရွှေအိုရောင်ကို အစက်ချပါတယ်။


သွားကြားထိုးတံကို အသစ်လဲလိုက်ပြီး အစက်ချထားတဲ့ ရွှေရောင်ဆီကနေ ပွင့်ဖတ်တွေဆီသို့ ဆွဲလိုက်ပါ။ 
ဒါဆို ပန်းပွင့်လေးရပါပြီ။ 




စိတ်ကူးရှိရင်ရှိသလို ပန်းပွင့်နေရာ၊ အရေအတွက်နဲ့ နောက်ခံအရောင်တွေ ကိုယ့် version နဲ့ကိုယ် ပြောင်းသွားလို့ရပါတယ်ရှင်။


 Note:

 ရေစို အတွက် အရောင်နှစ်ရောင်လုံးကို တစ်ထပ်တည်းဆိုးရင် သိပ်မထင်တဲ့ ပုလဲရောင်လေးတွေကို သုံးထားပါတယ်။
ပျော့တဲ့ မိတ်ကပ် sponge နဲ့ လုပ်ရင် ပုံထွက်ပိုကောင်းပါတယ်။
 သွားကြားထိုးတံ ဆိုးဆေးအရည်ထဲမှာကြာကြာနှစ်လေ၊ အစက်ရဲ့ အရွယ်ကြီးလေပါ။


အပိုပစ္စည်းမလိုတဲ့ အားလပ်ရက် အပျင်းပြေ လုပ်ကြည့်ချင်စရာလေး တစ်ခုပါ။
လုပ်ကြည့်လို့အဆင်မပြေတာများရှိရင် ပြန်ပြောပေးကြပါနော်။
အလှတွေပိုနိုင်ကြပါစေရှင်။

စာလုပ်စရာတွေ အများကြီးရှိနေလို့ ဘလော့လေးနဲ့ ခဏအဆက်ဖြတ်ထားရတော့မယ်။ စိတ်ထဲမကောင်းဘူး။ အကုန်လုံးကို သတိရနေမှာပါ။ ဝန်ပိနေတာတွေ လျော့တာနဲ့ တက်ခဲ့ပါမယ်နော်။ သနပ်ခါးမေ ဘလော့လေးကို အစဉ်တဆိုက် အားပေးသူ စာဖတ်ပရိတ်သတ်များကို ကျေးဇူးတင်လျက်-

မြတ်ကြည်




You Might Also Like

9 comments

  1. It's beautiful, sis. I've read A Ma Baby nail art post also. Thanks for sharing :)))

    ReplyDelete
  2. ဘေဘီ့ ရဲ့ ပထမ ခရမ်းရောင်ပို့ စ်ကို ကြည့်ပြီး ကိုယ့်မှာရှိတာတွေ ပြန်ကြည့်လိုက်တော့ ၄။ ၅။ ၆ ဘူးထွက်လာတယ်။ ဒါပေမဲ့အရောင်ကတော့ ၃ ရောင် လောက်ဘဲ။ ဒါနဲ့ အပျင်းပြေ အကြော်တွေကြော်တဲ့နေ့ က ဆော့ထားတာ။ ဘေဘီ ကလည်း မန့် လို့ မရ ဆိုတော့ ဒီမှာ မြတ်ကြည်လေးနဲ့ ဘေဘီ့ကို ရောပြောသွားတယ်နော်။ တပည့်ရဲ့ လက်ရာကိုလည်း ဆရာတွေကိုပြချင်တယ်။ ဟင်း..ဟင်း..း)

    ReplyDelete
  3. မရို့စ်ရေ၊ ရှယ်မယ့်သာရှယ်ရတာ၊ လက်ရာက မကောင်းတော့ အားနာတယ်။
    မမအိုင်အိုရာလုပ်ထားတာလေး၊ ရရင် တင်ပေးနော်။ မြတ်ကြည်ထက်တော့ လှမှာ ကျိန်းသေ။ :)

    ReplyDelete
  4. မြတ်ကြည်ရေ.. ကန်ဒီလည်း မြတ်ကြည်နဲ့ ဘ၀တူဖြစ်တော့မယ်.. ဗြဲ... စာမေးပွဲနီးနေပြီ.. :(

    ReplyDelete
  5. လှပါ့ လှပါ့ ညလေးရေး)
    ဆက်လုပ်ပါ အားပေးနေပါ၏

    ReplyDelete
  6. လှတာတော့..လှသားကွယ့်
    တော်တော်လေး..စိတ်ရှည်မှရမယ်ထင်တယ်နော်း)
    ကန်ဒီကော.မြတ်ကြည်ပါ.အသီးသီးမအားကုန်ကြတော့
    မိစံလည်း..busy လိုက်ရင်ကောင်းမလားနော်းP
    ရည်ရွယ်ထားတဲ့ပန်းတိုင်..မြန်မြန်လှမ်းနိုင်ကြပါစေကွယ်
    ချစ်ခင်စွာဖြင့်
    မိစံ

    ReplyDelete
  7. အိုင်အိုရာ
    ဆရာထက် တပည့်တွေ လက်စောင်းထက်တယ် ဆိုတာ ကြားဖူးတယ်း)

    ReplyDelete
  8. လှလိုက်တာ.. တို့တော့ စိတ်မရှည်ပါ..
    ရန်ကုန်မှာ french manicure လုပ်တာ.. ဆိုင်က ပြန်လာပီး ၁၅ မိနစ်အတွင်း ပုံပျက်သွားတယ်
    :P

    rryGifh

    ReplyDelete