သတို့သမီးဇာ (Nail Art)
လွယ်လွယ် ရှင်းရှင်းလေးနဲ့ လှတဲ့ လက်သည်းဆိုးနည်းလေး ပါ။
လုပ်မယ်ဆို လိုအပ်တာလေးတွေက--
လက်သည်းဆိုးဆေး အဖြူ
တိပ်
သွားကြားထိုးတံ။
အရင်ဆုံး တိပ်ကို လက်သည်းပေါ် တစောင်းကပ်ပါမယ်။
လွတ်နေတဲ့နေရာလေး ကို အဖြူရောင် ဆိုးပါ။ တိပ် ကပ်ထားတော့ ဆိုးရတာ ပိုလွယ်သွားပါတယ်။ အတိအကျဆိုးစရာ မလိုတော့ဘူးပေါ့။
လက်သည်းဆိုးဆေး ခြောက်သည် အထိထားပြီး ခြောက်ပြီဆိုရင် တိပ်ကို ခွါပါ။
ပြီးရင် လက်သည်းဆိုးဆေးတို့ထားတဲ့ သွားကြားထိုးတံလေးကို ယူပြီး အခုံးလေးတွေ လိုက်ဆွဲပါမယ်။
ရှင်းရှင်းလေးနဲ့ ချစ်စရာ ကောင်းမယ့် လက်သည်းလေးရပါပြီရှင်။
မူရင်း tutorial က Youtube: Cutepolish (Bridal Nail Art) မှ ဖြစ်ပါတယ်။
ဒီဇိုင်းလေးကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်ရှင်။
အလှတွေ ပိုနိုင်ကြပါစေ။
10 comments
လှတယ်။ လှတယ်။း)
ReplyDeleteအိုင်အိုရာ
ကျွန်တော်လဲယောက်ကျားလေးပေမဲ့
ReplyDeleteလက်သည်းအရှည်ကြီးပဲဗျ့နောက်ရက်မှ
ဒီနည်းလေးအတိုင်းဆိုးပြီး ဓါတ်ပုံတင်ပြလို့
ကြွားလုံးထုတ်လိုက်အုံးမယ်
လှတယ်ပြန်ရှယ်လိုက်မယ်နော်
ReplyDeleteနာမည်တော့ပြန်ထည့်ပေးထားပါတယ်
ကျေးဇူးပါ
လှတယ်နော် အဖြူရောင်တမျိုးတည်းနဲ့ ရှင်းရှင်းလေး
ReplyDeleteဒါပေမယ့်လေ သွားကြားထိုးနဲ့ လုပ်ရတာအဆင်မပြေဘူးး(
ဘာလို့လဲမသိဘူး
မလုပ်တတ်လို့နေမှာပေါ့နော်း)
ပေါက်စ ကိုလက်တည့်စမ်းကြည့်ရမယ်.. ဟဲဟဲ..
ReplyDeleteကျေးဇူးပါအစ်မ.. ။
ညီမရေမဆိုးဘူးနော်
ReplyDeleteလုပ်ကြည့်အုံးမယ်.. ဟီး
ကျေးဇူးပါ..
ကျွန်မက လက်သည်းအရှည်ထားပြီး လက်သည်းအလှဖော်တာကို မြတ်နိုးသူတစ်ယောက်။ ရိုးရိုးစင်းစင်းလေးနဲ့ လှပသပ်ရပ်တဲ့ ဒီပုံစံလေးကို လာမယ့်ပိတ်ရက်မှာ လုပ်ကြည့်ဦးမယ်။ :)
ReplyDeleteခင်မင်စွာဖြင့်
မြတ်ပန်းနွယ်
သိပ်မိုက် သိပ်ကြိုက် :D
ReplyDeleteLovely and beautiful.
ReplyDeleteGyidaw
ကျေးဇူးso much ပါနော်
ReplyDelete