လိုင်​နာ liner လိုင်​နာ

By 11:42 PM


 လိုင်​နာ ဆိုးတဲ့ အ​လေ့အထက ​ခေတ်​ရဲ့ ပျို​မေ တို့အတွက်​ အထူးတလည်​ မဟုတ်​​တော့ပါဘူး။ လိုင်​နာ​အမျိုးအစား မျိုးစုံထဲမယ် အဓိက က​တော့ pencil type, gel type နဲ့ liquid type ​တွေ​ပေါ့။  
ဒီပို့စ်လေးမှာ မြတ်​ကြည်​ မှာရှိတဲ့ လိုင်​နာေ​လးေတွနဲ့ ဆိုး​လေ့ဆိုးထ ရှိတဲ့ပုံစံ​လေး​တွေ၊ နည်းအတိုအထွာလေးတွေကို ပြောပြပေးသွားမှာပါ။


1. Pencil type

Pencil type eyeliner လေးက မြတ်ကြည်ရဲ့ နေ့စဉ် ထသွားထလာ အတွက် အသုံးပြုနေကျ လိုင်နာလေးပါ။ မြတ်ကြည်လို တုန်တုန်ချိချိနဲ့ ဆိုးရတဲ့ beginner level တွေ အတွက် တကယ့်ကို အဆင်ပြေပါတယ်။

မျက်ကျိ ဆိုးနေကျ ပုံစံ

Tips: 
လိုင်နာတခြား မျက်လုံးတခြား မျက်ခွံအောက်က လွတ်နေ-- 
ဆိုးမယ်ဆို မျက်လုံးကို ကျုံ့မထားပဲ မျက်ခုံးကိုပင့်ပြီး မင်းက လူမိုက်လားဆိုတဲ့ ပုံစံနဲ့ဆိုးကြည့်ပါ။ 

ဆိုးတုန်းက အကောင်း၊ ညနေ အိမ်ပြန်လာတော့ ချွေးတလုံးလုံးနဲ့ လိုင်နာက မျက်ခွံပေါ်တပ်ကပ်နေ--
ဆိုးပြီးတာနဲ့ အိုင်းရှဲဒိုး အမည်းလေးနဲ့ အပေါ်ကနေ ပြန်သိပ်ပါ။


2. Gel liner

ပွဲသွား ပွဲလာ ညပွဲတွေပြင်ရင်း ဆိုးဖြစ်တာများတယ်။ Pencil type တွေထက် အရောင်ပို စိုပြီး နက်တယ်။


ညပွဲမှာ smokey eye ပြင်မယ်ဆို ဒါလေးနဲ့ ခြယ်ရင် ကွက်တိပဲ။ 

Basic smokey eye
 Gel linerကို angle brush လေးနဲ့ ထူထူဆိုး၊  blending brush ကို ရှဲဒိုး နည်းနည်းတို့ပြီး အပေါ်မျက်ခွံနဲ့ gel liner ကြား လိုက်ညှိပါ။

ထပ်ကွန့်
ကိုယ် သဘောကျတဲ့ ရှဲဒိုး တစ်ရောင်ရောင်ကို လက်သူကြွယ်လေးနဲ့ မျက်ခွံအလယ်ကို ၄/၅ကြိမ် ပုတ်ပါ။


3. Liquid liner

မြတ်ကြည်ရဲ့ မကျွမ်းဆုံး :D (လက်မငြိမ်ပါဘူးဆိုမှ ထိလိုက်တိုင်းလည်းပေ) 


မျက်လုံးအပြည့်ချယ်ပြီးမှ ဆိုးတာ များတယ်။ ဒီအတိုင်း သူတစ်ခုတည်းဆိုးရင် မစွဲဘူးလိုပဲ။ ပါးပါးလေးပဲ ဆွဲဖြစ်တယ်။ (ထူထူဆွဲလောက်အောင်မှ မကျွမ်းတာ)

Tips:
တွန့်တိတိတွန့်-- အရင်ဆုံး မျက်တောင် အရင်းနဲ့ကပ်ပြီး dash လေးတွေ(ဒီလို -----)ချ၊  ပြီးရင်​ ပြန် join ပါ။ (Michelle Phan  နည်း)


4. White liner

မြတ်​ကြည်​တို့လို သခွား​စေ့ မျက်​လုံး​တွေ အတွက်​ အနက်​ကို အပြည့်​ဆိုးရင်​ မျက်​​ပေါက်​ပိုကျဉ်းသွား​ရော။ ဒါ့​ကြောင့်​ ​အောက်​ မျက်​ခမ်းကို အဖြူ​လေး လိုက်ပြီး မျက်​သားက ပိုပဲ ကြီးသ​ယောင်​​ယောင်​ ဖမ်းလိုက်​တာ​။ ဒီလို...


 ဆွဲတဲ့အခါ မျက်​ခမ်းသားနဲ့ ကပ်​ကပ်​ဖြစ်​​အောင်​ လက်​သူကြွယ်​​လေးနဲ့ တင်း​နေ​အောင်​ ဆွဲဖိပြီး water line တေ​လျောက်​ ဆွဲပါ။

Tips:

မျက်​လုံး ခြယ်​တဲ့အခါ white liner ကို ​အောက်​ကခံဆွဲပြီး အ​ပေါ်က အ​ရောင်​ထည့်​ရင်​ အေ​ရောငိ ပို​ပေါ်ပါတယ်​။  (canvas အဖြူမှာ ပန်းချီဆွဲရတာ ပိုအဆင်​​ပြေသလိုမျိုး​ပေါ့)


White liner ကို ​အောက်​မှာ ခံပြီး အပြင်​​ထောင့်​ကို shadow အပြာနုေ​ရောင်​ ကို လက်​သူကြွယ်​ ​လေးနဲ့   ပုတ်​ပြီး ထည့်​ထားတာ။ (ဘာ brush မှ မလိုဘူး :) )


 ဒီ eyeliner tips ​လေး​တွေက မြတ်​ကြည်​နဲ့ အဆင်​​ပြေသလို စာဖတ်​သူများ အတွက်​လည်း လိုင်​နာ ဆိုးတဲ့ ​နေရာမှာ အဆင်​​ပြေလိမ့်​မယ်​လို့ ​မျှော်​လင့်​ပါတယ်​ရှင်​။

 မြတ်​ကြည်​က အလှပြင်​တဲ့ ​နေရာမှာ က ကြီး​ရေ က အဆင့်​ပဲရှိ​သေးပါတယ်​။လိုအပ်​တာ​တာ​တွေ အများကြီးရှိဦးမှာပါ။ ဖြည့်​စွက်​ ​ဝေမျှချင်​တာ​လေး​တွေရှိရင်​ comment မှာ ​ရေးသွား​ပေးပါ​နော်​။ ဗဟုသုတ တိုးတာ​ပေါ့။ :)

အလှ​တွေ ပိုနိုင်​ကြပါ​စေရှင်​။

http://www.facebook.com/thanakharmay

You Might Also Like

4 comments

  1. ဘယ်လိုမျက်လုံးမျိုးကဘယ်လိုမျိုးဆွဲသင့်တယ်ဆိုတာလေးတွေပါထဲ့ပေးနော်နောက်တခါ။ အဆင်ပြေရင်ပေါ့။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟုတ် မမ။ နောက်ဆက်တွဲ ပို့စ် ရေးဖြစ်ရင် ထည့်လိုက်မယ်။

      Delete
  2. မြတ်ကြည်ပို့စ်လေးတွေက၊
    ကောင်းတယ်။
    ကိုယ်ကျတော့အလှမပြင်တတ်တဲ့လူဆိုတော့၊
    နဲနဲဝေးနေတဲ့သဘောပါကွာ..၊
    တသက်မှာ ၂ခါဘဲအလှပြင်ဖူးတယ်..၊
    ကောလိပ်ကျောင်းသူဘဝက၊
    ရှမ်းပြည်နယ်နေ့ အက ကရတဲ့အခါတုံးနဲ့၊
    မောင်ဂလာဆင်..ပေါ့ရှင်.. ^_^
    အဖေ့စကားနားထောင်တာပါ။
    အဖေကပြောတတ်တယ်၊
    သမီးအလှပြင်ရင်အခြောက်နဲ့တူတယ်တဲ့..
    :(

    ReplyDelete
  3. eyelinerဆိုးတာကြိုက်တဲ့သူမို့ ဒီပို့စ်လေးကိုကြိုက်မှကြိုက်။
    @Ahthhu

    ReplyDelete