တင် လေ့ကျင့်ခန်း (2)

By 5:13 AM



မိန်းကလေးတွေ ၂၅ ကျော်လာတဲ့ အခါ အရင်ကလို တောင့်တောင့်ရောင့်ရောင့်လေးတွေ ရော့လာတာပေါ့နော်။ နဂိုတည်းက များများစားစားမရှိတဲ့သူဆို တင်ပြားကြီးတို့ တင်ရှူးကြီးတို့တောင် ကွယ်ရာမှာ အပြောခံရတတ်သေးတယ်။ :/

ပထမ တစ်ခေါက်ရေးဖြစ်တဲ့ လေ့ကျင့်ခန်းက တင်ဘေးသား ကြီးပြီး ခါးလေး ထွက်လာအောင်လုပ်တဲ့ လေ့ကျင့်ခန်းပါ။ အခုတစ်ခေါက်ကတော့ တင်သား ကျစ်ကျစ်လစ်လစ်လေးနဲ့ မက်မွန်သီးလို လုံးလုံးလေး ဖြစ်အောင် လေ့ကျင့်နိုင်တာလေးပေါ့။


အလွယ်ကူဆုံး - Squatting

ထိုင်ထလုပ်ပါ။ လုပ်တဲ့ အခါမှာ ဟိုးအောက်ထိထိုင်ချစရာမလိုပါဘူး။ ဒူးအနည်းငယ်ကွေးတဲ့ အနေအထားကနေ ကုလားထိုင်မှာ ထိုင်တဲ့ အနေအထားထိပဲ။ အခေါက်ရေကို ပထမရက် အခေါက် ၃၀၊ ပြီးတော့ ဒုတိယ၊ တတိယ စတုတ္ထရက် ၁၀ ကြိမ်စီ တဖြည်းဖြည်း တိုးလုပ်သွားပေးပါ။ ရလဒ်က တကယ် အားရစရာကောင်းပါတယ်။

Squatting


before and after (တစ်လ challenge)

Butt-lift-kick
ကိုယ်ခန္ဒာ အလေးချိန်ကို တံတောင်နဲ့ ဒူးပေါ်ပို့ထားပါ။ ခြေထောက်ကို ခန္ဒာကိုယ်နဲ့ တစ်တန်းတည်း အနေအထားသို့ ရောက်အောင် အနောက်သို့ကန်ပါ။ ဖြည်းဖြည်းချင်း ပြန်ချပါ။ တစ်ဖက်ကို ၁၅ ကြိမ်။


 Butt-lift bridge
 အိပ်လျက်အနေအထားနဲ့ ဒူးအနည်းငယ်ကွေးပြီး လက်နှစ်ဘက်ကို ဘေးမှာချ ထားပါ။ တင်ပါးကြွက်သားကို သုံးပြီး  ပေါင်နဲ့တစ်တန်းတည်းဖြစ်အောင် ခန္ဒာကိုယ်အပေါ်ပိုင်းကို မ တင်ပါ။ ၅ စက္ကန့်လောက် စိတ်ထဲမှာ ရေပြီး ဖြေးဖြေးချင်း ပြန်ချပါ။ တစ်ခါလုပ် အကြိမ် ၂၀။




မြတ်ကြည်အတွက်တော့ ထိုင်ထလုပ်တာနဲ့တင် လုံလောက်ပါတယ်။ သိသာတယ်။ အောက်က နှစ်ခုကတော့ လူနည်းနည်း ပိုသက်သာတာပေါ့နော်။ ပြောင်းလဲတာ သိသိသာသာ မြန်မြန်ဆန်ဆန်ကြီးတော့ မဟုတ်ဘူးပေါ့။

 အမှန်တိုင်းပြောရရင် ပိန်အောင်လုပ်ရတာထက် ကိုယ်လုံးလှအောင် လုပ်ရတာက ပိုခက်ပါတယ်။ ပိုလည်း ကြည့်လို့ကောင်းတာကိုး။ အားလေး ပိုစိုက်ရတယ်။

 အလှတွေ ပိုနိုင်ကြပါစေရှင်။ :)
http://www.facebook.com/thanakharmay

တင်ဘေးသား အတွက် လေ့ကျင့်ခန်းကို ဖတ်ချင်တယ်ဆိုရင် အောက်က လင့်လေးကို နှိတ်လိုက်ပါနော်။
http://thanakharmay.blogspot.com/2011/09/blog-post_15.html

You Might Also Like

11 comments

  1. ညီမလေးမြတ်ကြည်ရေ ....အမလည်း ထိုင်ထပဲလုပ်ဖြစ်ပါတယ်။ သိသာတယ်။ ဟိုးအောက်ထိတော.ထိုင်ချမိတယ်။ အဲတာ Result နည်းနိုင်လား ညီမလေး။

    ReplyDelete
    Replies
    1. အကျိုးမနည်း ပါဘူး အစ်မ။ အောက်ထိမဟုတ်တော့ လူနည်းနည်း ပိုသက်သာတာ။

      Delete
  2. squatting ကို ပုံလေးပါတင်ပေးပါလား အမ

    ReplyDelete
  3. အကြိမ် ၃၀ ကနေ နောက်ဆုံးဘယ်လောက်ထိလုပ်သွားရမှာလဲ အမ…ဘယ်လောက်ကြာရင် သိသာလဲဆိုတာပါပြောပေးပါနော်..

    ReplyDelete
    Replies
    1. အစ်မက ၁၀၀ အထိပဲ လုပ်နိုင်သေးတယ် ၂ပတ် လောက်နဲ့ သိသာတယ်။ ပုံကို ရှာပြီး တင်ပေးလိုက်မယ်နော်။

      Delete
    2. Thank you so much for the picture and your reply sis, you are very kind. :)

      Delete
  4. မမမြတ်ကြည်ရေ အပေါ်ဆုံးက ထိုင်ထက မြန်မြန် လုပ်ရမှာလား နုည်းနည်းလုပ်ရမှာလားရှင်

    ReplyDelete
    Replies
    1. ရတယ် ညီမလေး။ မြန်မြန်လုပ်စရာမလိုဘူး။ :)

      Delete
  5. This comment has been removed by the author.

    ReplyDelete
  6. အစ်မရေ ညီမ ပထမဆုံး Squatting ကိုလုပ်တာ တင်မကြီးလာပဲ ပေါင်ပိုကြီးလာသလိုဖြစ်နေတယ် အစ်မ…အစ်မတို့ရော အဲဒီလိုဖြစ်ပါသလားရှင့်

    ReplyDelete
  7. အမရှင့် ညီမထိုင်ထလုပ်ကြည့်တာလေးရက်လောက်ပဲရှိသေးတယ်တင်ကနဂိုကထက်ပိုပြားလာသလိုပဲအဲဒါဘယ်လိုသဘောလည်းရှင့် အစမို့လို့လား ဆက်လုပ်ရင်ပြောင်းလဲမှုရှိနိုင်မလားသိချင်ပါတယ်ရှင့်

    ReplyDelete