Planning မင်္ဂလာဆောင်

By 3:46 AM


ဝါကျွတ်ပြီဆိုတော့ မင်္ဂလာဆောင် ရွှေလက်တွဲ ဖို့ ပြင်ဆင်နေကြလောက်ပါပြီနော်။ တချို့တွေလည်း ပြင်ဆင်ပြီးလောက်ပြီ။ ရေးတာ နောက်များကျနေသလား မသိဘူး။ :P မင်္ဂလာဆောင်အတွက် အသုံးဝင်မယ်ထင်တဲ့ အရာလေးတွေကို စုဆောင်းပြီး ဖော်ပြလိုက်ပါတယ်။ သူငယ်ချင်းထဲ မင်္ဂလာဆောင်မယ့်သူရှိရင်လည်း ကူညီလို့ရတာပေါ့။ :)
 
1. ကြိုတင်ပြင်ဆင်ပါ


အရင်ဆုံး ကိုယ် ဘယ်လို မင်္ဂလာဆောင်မျိုးဆောင်ချင်သလဲ ? ဘုန်းကြီးကျောင်းအလှူလား၊ စုလျားရစ်ပတ် လား၊ ဟိုတယ်မှာ ဧည့်ခံပွဲလား၊ မြန်မာလိုလား၊ အင်္ဂလိပ်လိုလား၊ ညစာလား၊ outdoor wedding လား ပေါ်မူတည်ပြီး လိုအပ်တာတွေက မတူနိုင်ပါဘူး။ လိုအပ်တာတွေများလေလေ ပြင်ဆင်ချိန် ပိုများလေပါပဲ။

မင်္ဂလာဆောင် တစ်ခုအတွက် စဉ်းစားကြပြီဆိုပါစို့။ လိုအပ်မယ့် အရာလေးတွေ ချ ရေးလိုက်ရအောင်နော်။

မဖြစ်မနေ
1. နေရာ
2. ဝတ်စုံ
3.မိတ်ကပ်
4. ဖိတ်စာ
5. ဓာတ်ပုံ

Optional
1. ဘိတ်သိက် ဆရာ
2. အရံ၊ ပန်းကြဲ၊ ဗန်းကိုင် + ဝတ်စုံ
3. ပန်း / ကား အလှဆင်
4. လက်ဝတ်လက်စား
5. တီးဝိုင်း
6. ဗီဒီယို
7. pre-wedding ဓာတ်ပုံ
8. လက်ကမ်း


တော်တော်များများကို အနည်းဆုံး သုံး လလောက် ကြိုပြီး လုပ်ထားတာ ကောင်းပါတယ်။ မင်္ဂလာဆောင်များတဲ့ တချို့ နေရာတွေဆို လိုချင်တဲ့ ရက်ကို နှစ်ပေါက်အောင် ကြို လုပ်ရတာတွေရှိတယ်။ အထူးသဖြင့် စနေ၊တနင်္ဂနွေတွေ။ Pre-wedding ဆိုလည်း ပြင်ပြီး board ထောင်တဲ့ ဓာတ်ပုံထွက်ဖို့ တစ်လခွဲလောက်ကြာပါတယ်။

အဲလိုပဲ ပွဲနေ့မတိုင်ခင် မိတ်ကပ်ဆရာနဲ့ ညှိပြီး ကိုယ့်စိတ်ကြိုက်ပုံထွက်အောင် ကြိုပြင်ကြည့်၊ တကယ့်နေ့မှာ၊ လိုချင်တာ တခြား၊ ထွက်လာတာ တစ်မျိုး မဖြစ်တော့ဘူးပေါ့။ ကိုယ်က အဲဒီနေ့အတွက် မင်းသမီးလေ။

ဝတ်စုံဆိုရင်တော့ ပွဲနေ့မတိုင်ခင် တစ်ပတ်မှာ fitting ပြန်ချ ဖို့လိုလိမ့်မယ် ထင်တယ်။ ဘယ်လောက် ကြိုချုပ်ချုပ် ဝလာတာတို့၊ ပိန်သွားတာတို့လည်းရှိသေးတယ် မဟုတ်လား?


2. မဖြစ်မနေတွက်ရမယ့် Budget

 မင်္ဂလာဆောင်တာ မိန်းကလေးတွေအတွက်  တစ်သက်မှာ တစ်ခါဆိုတော့ အားလုံးက perfect ဖြစ်ချင်ကြတာပါပဲ။ ဒါပေမယ့် မင်္ဂလာဆောင်တာ တစ်ရက်တည်းပြီးပေမယ့် နှစ်ယောက်ဘဝက တစ်သက်လုံး ဆက်လျှောက်လှမ်းရမယ့် ရေရှည်စီမံကိန်း တစ်ခုပါ။ ဒါကြောင့် စုထားတဲ့ အထဲက ဘယ်လောက်ကို မင်္ဂလာဆောင်အတွက် သုံးမလဲ၊ ဘယ်လောက်ကို နောင်ရေးအတွက် ချန်မလဲစဉ်းစားကြည့်ဖို့လိုပါတယ်။
 
ကိုယ် ကန့်သတ်ထားတဲ့ amount ကျော်နေပြီဆို ဘယ်နေရာ လျှော့မယ် စ တာတွေ  eg. ဟိုတယ်မှာ လူ ၄၀၀ အစား ရင်းနှီးတဲ့  လူ ၂၀၀ ကိုပဲ လျှော့ဖိတ်မလားပေါ့။


3. အကူအညီ ယူပါ။

 မင်္ဂလာမဆောင်ခင် တစ်ပတ်လောက်အလိုဆို အေးအေးဆေးဆေး ထိုင်နေဖို့ ကောင်းနေပါပြီ။  တကယ့်နေ့လည်း ရောက်ရော ဇနီးမောင်နှံနှစ်ယောက် ခြေကုန်လက်ပန်းကျပြီး မျက်တွင်းဟောက်ပက်နဲ့ဆို ကြည့်လို့မကောင်းပါဘူး။

 ပြင်ဆင်တဲ့ နေရာမှာ ကိုယ်တိုင် အကုန်လိုက်လုပ်စရာ မလိုပါဘူး။ Best man တို့ သတို့ သမီးအရံတို့ က ဒီအတိုင်း ထားတာမှ မဟုတ်ပဲနော်။ မိဘမောင်နှမတွေ၊ သူငယ်ချင်းတွေက ဒီလို ကိစ္စတွေဆို ဝိုင်း လုပ်ချင်လွန်းလို့။ အဲလို အတူတူ လုပ်တာက သူ့ မိသားစု၊ ကိုယ့် မိသားစု၊ သူနဲ့ ကိုယ့် အသိုင်းအဝိုင်း ရင်းနှီးမှု ပိုလာစေပါတယ်။



အခုခေတ်မှာ သိပ်အပင်ပန်းခံစရာမလိုပဲ wedding planner တွေလည်းရှိပါတယ်။ တချို့ တွေမှာ သူတို့ အတွက်က co-operative ဈေးတွေ နဲ့ရတာမို့ တခါတလေမှာ ပိုသက်သာတာတောင်ရှိပါတယ်။


4. နှစ်ဘက်ညှိပါ။

မလိုဘူး ထင်ရင်ထင်လိမ့်မယ်။ တကယ်တော့ ဟိုဘက် ဒီဘက် တကြပ်ကြပ် ဖြစ်ဆုံး အချိန်က ဒီလို အချိန်ပါ။ သူတို့ မဆောင်ပေးရတိုင်းချဲ့တယ်တို့၊ ငါတို့မိန်းကလေးရှင်က ဒီလောက်တော့ တောင်းဆိုရမှာပေါ့တို့ ဘာတို့ပေါ့။ နှစ်ဦးစလုံး ဘယ်ဘက် ပါရမယ်မှန်းမသိ ခေါင်းစားရတာပေါ့။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့်မို့ နှစ်ဦးသဘောအတိုင်း သင့်တော်သလိုလုပ်မှာဖြစ်တယ်ဆိုတဲ့ အကြောင်းကြိုပြောထားတာ အန္တရာယ်ကင်းတယ်။ ဆောင်ပြီးရင် ဘယ်သူ့အိမ်မှာနေမယ်၊ လစာကို ဘယ်လောက်ကို အိမ်အတွက်သုံး၊ ဘယ်လောက်ကို မိဘအတွက်၊ စတာတွေလည်း ကြိုပြီး ညှိထားဖို့လိုပါတယ်။ နို့မို့ဆို honey moon က ပြန်တာနဲ့ စ ရန်ဖြစ်ရပါလိမ့်မယ်။ :D


5. အပိုလက်ဆောင် :)

နေရာ၊ အကျွေးအမွေး၊ ဝတ်စုံ၊ ဓာတ်ပုံ ကနေ ပျားရည်ဆမ်းခရီးအထိ စုံစမ်းလို့ရမယ့် ဖုန်းနံပတ်လေးတွေကို ဒီဝါကျွတ်လက်ဆောင်အနေနဲ့ ဝေမျှလိုက်ပါတယ်နော်။ ^__^

 ကိုယ့်အလှည့်ကျရင် အသုံးဝင်ရင် ဝင်မှာမို့ save ထားဖို့ မမေ့နဲ့နော်။ :D

 


 

 သာယာပျော်ရွှင်ဖွယ်နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ :)

Please visit http://www.facebook.com/thanakharmay for more updates

 
Photo Credit: Susan's wedding guide >>
 https://www.facebook.com/susanweddingguide

(မင်္ဂလာဆောင်အတွက် လမ်းညွှန်စာအုပ် myanmar)

You Might Also Like

16 comments

  1. သွားဘီ ကျော်သွားဘီ ကျော်သွားဘီ :P

    ReplyDelete
  2. တမီးနဲ့နဆိုင်ဝူး ကျန်ပြီ. :P
    ဒီဝါကျွတ်အစွံထုတ်မယ့်သူငယ်ချင်းတွေကိုဒီပို့စ်လေးရှဲပေးအုန်းမယ် :)

    ReplyDelete
    Replies
    1. ဆိုင်ဝူးဆိုတာ ယုံဝူး ယုံဝူး :P

      Delete
  3. အင်း..ကိုယ်တို့ နဲ့ လည်းလားလားမှမဆိုင်..
    အိုင်အိုရာ

    ReplyDelete
    Replies
    1. သူ့အလှည့်ပြီးပြီး ဆိုတော့ ပြောပါ မမ။ :P

      Delete
  4. Blog link ပြောင်းသွားတာ သတိမထားမိလိုက်ဘူး.. ညီမလေး မြတ်ကြည်ရေ..။ အခု လင့်ယူသွားတယ်နော်..။ Happy Blogging^^ (www.snowmay1987.blogspot.com)

    ReplyDelete
    Replies
    1. အရင် ဘလော့လေးက delete လိုက်တာ ကြာပြီ။ အခု ပြန်ဖွင့်ထားတာ။ Domain တော့ မဝယ်ဖြစ်တော့ဘူး။ တိမ်လွှာဖြူ ဆိုတာကို ပို့စ်တွေမှာ တွေ့ပေမယ့် စနိုးမှန်း မသိဘူး။ အရင်က လင့်တွေလည်း ပျောက်ကုန်တော့ အခုမှ ပြန်စုနေရတယ်။ ပြန်တွေ့ရတာ ဝမ်းသာတယ်။ :)

      Delete
  5. ရေကန်အသင့်ကြာအတင့်ခေတ်ကြီးပါလားနော်... အစစအရာရာပြောင်းလဲတိုးတက်နေပုံများ အားကျစရာ
    တီတင့်မင်္ဂလာဆောင်တုန်းက ဆံထုံးမထုံးတတ်လို့ ယောင်းမကိုအကူအညီတောင်းခဲ့ရတာ မှတ်မိပါသေးတယ်... :P
    ပို့စ်လေးကိုတင်တဲ့နေ့ကဖတ်ဖြစ်တယ် ကွန်နက်ရှင်ကြောင့် ကွန်မန့်အခုမှပေးဖြစ်တယ် မြတ်ကြည်ရေ..

    ReplyDelete
    Replies
    1. တကယ့်ကို ရေကန် အသင့် ကြာအတင့် ခေတ်ပဲ တီတင့်ရေ။ ပိုက်ဆံလည်း ပို ကုန်ပါ့။ ကော်မန့်လေး ထားခဲ့ပေးလို့ ကျေးဇူး။ :)

      Delete
  6. မဗေဒါလဲ ရေးဖို့ စိတ်ကူးရှိတယ်... ကိုယ်ကတော့ ကိုယ်ပြင်ဆင်တာတွေ ဝေမျှမလို့ပါ... မြတ်ကြည်ရေးထားတာလေး ကောင်းတယ်... အားလုံး ခြုံငုံ ပြီး စုံတယ်...

    ReplyDelete
    Replies
    1. ကျေးဇူး အစ်မဗေဒါ။ :) အစ်မတို့ ပြင်ဆင်တဲ့ ပို့စ်လေး မျှော်နေမယ်နော်။

      Delete
  7. BTW, မြတ်ကြည်ရေ... active blogger မို့... BPP Challenge လေး လုပ်ထားတယ်... ကိုရီးယား Day 4 ပိုစ့်လဲ ရေးပြီးကြောင့် လာရောက် အကြောင်းကြားပါတယ်.. ဟီး...

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ ဟုတ်ကဲ့။ :D ဘာဖြစ်လဲမသိ Newsfeed မှာ အသစ် မှာ မတက်ဘူး ဖြစ်နေတာ အစ်မ။

      Delete
  8. ကျနော့်တုန်းက မင်္ဂလာဆောင် အကြိုနေ့မှာ ထိုင်ခုံစီတာကအစ ကိုယ်တိုင် လိုက်လုပ်ခဲ့ရတာ ပြန်သတိရမိသွားတယ်ဗျ...၊း) အခုလို check-list လေး လုပ်ထားပေးတာ လိုအပ်သူများအတွက် တကယ်အသုံးဝင်မှာ ညီမရေ...။

    ReplyDelete
    Replies
    1. တော်တော် ပင်ပန်း၊ ပျော်ဖို့လည်း ကောင်းခဲ့မှာပဲ။ :)

      Delete