အိုင်းရှဲဒိုးကို အရောင်ထွက်အောင် ခြယ်နည်း
အိုင်းရှဲဒိုးတွေဟာ ဘူးထဲမှာကြည့်လိုက်ရင် တော်တော်လှပေမယ့် မျက်ခွံပေါ်တင်လိုက်ရင် အရောင် မထွက်တော့တာကို ကြုံဖူးကြမယ်ထင်ပါတယ်။ အဲလိုမျိုးဖြစ်တာက powder type တွေမှာ ပိုပြီးအတွေ့များပါတယ်။
အရောင်ထင်းထင်းလေးဖြစ်စေဖို့ လျို့ဝှက်ချက်လေးတွေကတော့ -
1) Eye Primer
အိုင်းရှဲဒိုး မထည့်ခင် သုံးပါတယ်။ ပျိုမေတွေ စိတ်ဝင်စားရင် ဝယ်သုံးကြည့်ဖို့တိုက်တွန်းပါတယ်။ အဖြေက တစ်ရာ ရာခိုင်နှုန်းကျေနပ်စရာပါ။ အပေါ်မှာ ရှဲဒိုးခြယ်လိုက်ရင် အကြာကြီး ခံတဲ့အပြင် မညီမညာ အရစ်လိုက် ထင်နေတာမျိုး မရှိအောင်လည်း လုပ်ပေးပါတယ်။
2) ကိုယ်တိုင်လုပ်Eye Primer
Eye Primer မဝယ်ဖြစ်သေး ရင်လည်း ရောင်းတန်းဝင် Eye Primer တွေလို ထပ်တူစွမ်းဆောင်နိုင်တဲ့ Eye Primer ကို ကိုယ်တိုင် လုပ်လို့ရပါတယ်။ concealer နဲ့ body butter ကို နည်းနည်းချင်းစီ ရောပြီး လိုသလောက်ကို မျက်ခွံပေါ် တင်လိုက်ရုံပါပဲ။
3) ရေ
အံ့ဩသွားလားမသိ? ဘရပ်ရှ် ကိုရေဆွတ်ပြီး ခြယ်ကြည့်ပါ။ ( ဒီနည်းလေးကတော့ America's Next Top Model ကြည့်ရင်းနဲ့ လှမ်းမှတ်လိုက်တာ။ ကိုယ်ကလည်း သူတို့လို ဆိုတော့ (မောတယ် မောတယ်) :P) တော်တော်လေးကို အရောင်ထွက်လာတာကို မြင်တွေ့ရပါမယ်။
စမ်းသပ်မှု လုပ်ထားတာလေး တင်ပြချင်ပါတယ်။
ဒါက စမ်းထားတဲ့ အရောင်ပါ |
ပုံမှာ ဘယ်ဟာက ဘာနဲ့ ခြယ်ထားတယ်ဆိုတာ မှန်းကြည့်ကြပါရှင်။ |
ခေါင်းမရှုပ်အောင် အဖြေပြောပြလိုက်မယ်နော်။
ဘယ်ဘက်ဆုံး = ရေ
အလယ် = ကိုယ်တိုင်လုပ် Eye Primer
ညာဘက်ဆုံး = ဘာမှ မရောတဲ့ ရိုးရိုး ရှဲဒိုး
ဒီဆောင်းပါးလေးကို စာဖတ်သူတွေအနေနဲ့ လက်တွေ့မှာ အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ပျိုမေတွေ လှသည်ထက်လှနိုင်ကြပါစေရှင်။
14 comments
မှတ်သားသွားပါတယ်။ လိုတိုရှင်း အဲလို မျိုးလေးတွေ ကြိုက်တယ်။ ကျေးဇူး။ =)
ReplyDeleteဟုတ်တယ်နော် အစ်မ။ ရေးရတာရော ဖတ်ရတာပါ အချိန်ကုန်သက်သာတယ် :)
ReplyDeleteRequest ပြန်လာလုပ်တာ Reply ပြန်ထားတာ တန်းတွေ့တာပဲ။ အဲဒီအတွက် ကျေးဇူးပါ။ :))
ReplyDeleteလိုတိုရှင်း Tutorial တွေကို ကြိုက်တယ်။ လိုတဲ့ message မြန်မြန်ပေးနိုင်လို့။
လွယ်ကူတဲ့ လက်သဲ၊ ခြေသဲ အလုဆိုးနည်း၊ ထိမ်းသိမ်းနည်းလေး အချိန်ရရင် ရေးပါလို့ တောင်းဆိုပါရစေ။
နောက် ပိုစ့်အသစ်တင်တိုင်း ဖတ်ရအောင် တို့,ဘလောဂ့်မှာ လင့်ခ်ချိတ်ထားတယ်။ ဖေ့စ်ဘွတ် အသုံးပြုရင်လဲ add ပါရစေ။
နဂိုမလှတော့ လှအောင် အမြဲကြိုးစားနေတတ်တဲ့ အလှကြိုက်သူ တယောက်ပါပဲ။ :D
ခင်မင်စွာ
နန္ဒာ
ပုံထဲမှာလည်း လှနေတာပဲ အစ်မရေ။ အပြင်မှာလည်း လှမှာ ကျိန်းသေပဲ။
ReplyDeleteညီမက ခြေသည်း လက်သည်း သိပ်ဆိုးလေ့မရှိလို့။
tutorial တွေတွေ့ရင်တော့ ရှာတင်ပေးပါမယ်နော်။ လင့်ခ် ချိတ်လိုက်လို့လည်း ကျေးဇူးပါ အစ်မ ဒါ :)
ညီမရေ tips လေးတွေအတွက်ကျေးဇူး။
ReplyDeleteအင်း.. ဟုတ်တယ်... primer နဲ့ဆိုတော့ ကြာကြာလည်းခံတယ်.. အရောင်လည်း လှတယ်... :D
ReplyDeleteနည်းလမ်းလေးတွေက သဘောကျစရာ...။
ReplyDeleteရေနဲ့က အရောင်လေးတောက်ပြီး ငြိမ်သွားသလိုပဲ..။ ကိုယ်တိုင် အိုင်းရှဲဒိုး မသုံးတတ်ပေမယ့် သုံးတတ်သူတွေကို ပြန်မျှဝေပေးပါ့မယ်ရှင်..။
:)
ReplyDeleteကြိုက်တယ်မြတ်ကြည်.. မျက်ရစ်ဖော်တာ (တိပ်နဲ့). မျက်တောင်တုတပ်တာလေးတွေလည်း ဖြစ်နိုင်ရင် ရေးပေးပါဦးနော်
ReplyDeleteကိုယ်တိုင်စမ်းသပ်ပြီးသကာလ၊ တင်ပေးလိုက်ပါမယ် မဂျူလီ။
ReplyDeleteမမ..
ReplyDeleteအသဲက အိုင်းရှဲဒိုးဆိုးတာ အရမ်းဝါသနာပါတာ။
မမရဲ့ နည်းလမ်းလေးတွေအတွက် ကျေးဇူးပါ။
နောက်တမျိုးပူဆာချင်လို့ပါ။
အသဲက မျက်နှာသွယ်တယ်။ ပါးရိုးမြင့်တယ်။ အသားဖြူပါတယ်။ မိတ်ကပ်ပုံမှန် မလိမ်းဖြစ်ပေမယ့် တခါတခါ မိတ်ကပ်လိမ်းရင် မိတ်ကပ် အသားရောင်လိုဟာမျိုး ပါးပါးလေးလူးရင်တောင် မျက်နှာက အရမ်းဖြူနေတတ်လို့ စိတ်ညစ်ရတယ်။
အဲ့လိုမျက်နှာမျိုးအတွက် ဘယ်လိုမိတ်ကပ်လိမ်းချယ်သင့်လဲဆိုတာလေး မမ အဆင်ပြေရင် တင်ပေးပါဦးနော်။
ကြိုတင် ကျေးဇူးတင်ပါတယ် မမ :)
ညီမလေး အသဲရေ၊ ဒီက ကိုရီးယားမလေးတွေက တော့ ဘီဘီ (BB)ခရင်မ်ကို တော်တော်သုံးကြတယ်။ သူက အသားအရောင်ကို ညှိပေးတာမို့ ဘယ်သူသုံးသုံး အဆင်ပြေတယ်။ ဖောင်ဒေးရှင်းသဘောမျိုးပဲ။
ReplyDeleteလိမ်းလိုက်ရင် လိမ်းထားမှန်းမသိသာပဲ အသားအရေညက်သွားရော။ ဝယ်မယ်ဆို ရန်ကုန် မှာ The Face Shop, Etude၊ မှာရနိုင်လောက်တယ်။ စမ်းသုံးကြည့်ပါ။ မြတ်ကြည်လည်းအခု အဲဒါပဲ မိတ်ကပ်အစားလိမ်းနေတယ်။
ကျေးဇူးပါ မမ။ အသဲက စလုံးကပါ။ ဒီမှာရောဝယ်လို့ရလား ဟင်။
ReplyDeleteစ လုံး မှာဆို ပိုတောင်ရှိဦးမှာပါ။ BRTC - Bio Remedies Therapeutic Cosmetic, Dr. Jart, Lioele, Skin Food,Etude, The Face Shop, Missha and SKIN79 တွေက BB (Blemish Balm) ခရင်မ်နဲ့ ပတ်သက်လို့ နာမည်ရထားတဲ့ brand တွေပါ။
ReplyDeleteကိုရီးယား တံဆိပ်မဟုတ်လည်း တခြား brand တချို့မှာလည်း တင်ထားကြပါတယ်။ မြတ်ကြည်ကတော့ Bobbi Brown တံဆိပ်ကို သုံးပါတယ်။