ဘလော့ဆိုတာ ဘလော့ဂါဆိုတာ

By 2:55 PM





ဘလော့ဆိုတာ ဘလော့ဂါတွေ အတွက်တော့ ခံစားချက်တွေ၊ သတင်းအချက်အလက်တွေ၊ ထင်မြင်ယူဆချက်တွေ၊ အတွေ့အကြုံတွေနဲ့၊ မှတ်သားထားတာ၊ ဖန်တီးထားတာလေးတွေကို  ဝေမျှရင်း မှတ်ကျောက် တင်ထားတဲ့ ပြတိုက်လေး တစ်ခုရယ်လို့ခံစားမိပါတယ်။

ပုံပြင်တိုလေး တစ်ပုဒ်မှာ လူတစ်ယောက်က ဘုရားသခင်ကို မေးတယ်တဲ့၊.. ငရဲဆိုတာ .. နတ်ပြည်ဆိုတာ .. ဘယ်လိုလဲ သိချင်ပါတယ်ပေါ့။ ဘုရားသခင်က သူ့ကို အခန်းတစ်ခန်းကို ခေါ်သွားတယ်။ အဲဒီအခန်းထဲမှာ စာပွဲရှည်ကြီးနဲ့ စားစရာအပြည့်၊ လူတွေရှိကြတယ်၊  စားဖို့ကျ ဧရာမဇွန်းရှည်ကြီးတွေကို လက်မောင်းကနေ လက်ဖျံထိ တွဲချည်ခံထား ကြရပါတယ်။ လက်တပြန်မကရှည်တဲ့ ဇွန်းရှည်ကြီးတွေကို ပေးထားတော့ ထိုသူတွေခမျာ ဘယ်လိုမှ ဇွန်းကို ကိုယ့်ပါးစပ်နားဆီ ရောက်အောင် သယ်မရဖြစ်နေကြပြီး စိတ်ဆင်းရဲနေကြရရှာတယ်။ ဒါက ငရဲလို့ ခေါ်တယ်လို့ ဆိုတယ်။

ဒါနဲ့ ဘုရားသခင်က နောက်တစ်ခန်းကို ဖွင့်ပြပြန်တယ်။ နောက်တခန်းမှာ ကျတော့ လူတွေ အကုန်ပျော်ပျော်ရွှင်ရွှင် စားသောက်နေလိုက်ကြတာ။ ဒီ အစားသောက်တွေနဲ့ စားပွဲ အရှည်ကြီးရယ် ဒီဇွန်းတွေချည်းပါပဲ။ ဒါပေမယ့် လူတွေက ကိုယ်တစ်ယောက်စာ စားဖို့ထက်  သူ့ကို ကိုယ်ကခွံ့၊ ကိုယ့်ကို သူကခွံ့နဲ့ အချင်းချင်း ရိုင်းရိုင်းပင်းပင်းနဲ့ အတူတူ စားသောက်နေကြတာ။ ဒါက နတ်ပြည်လို့ခေါ်ပါတယ်တဲ့။

အဲဒီပုံပြင်လေးလိုပဲ ဘလော့ဂါတွေဆိုတာ ဝေမျှခြင်းတွေနဲ့ ပျော်ရွှင်နေကြသူများ မဟုတ်ပါလား?

(ကန်ဒီနဲ့ မိစံ ရေ၊ ဖွင့်ဆိုဖို့ ဉာဏ်က ဒီလောက်ပဲမှီတယ်ကွယ်။ ဒီမျှနဲ့ပဲ ကျေနပ်ကြပါနော်)
 အကြွေးကင်းသွားလို့ စိတ်ချမ်းသာ ... :lala:


ကျွန်မ ဒီလမှာ မြန်မာပြည်မှစာဖတ်သူတွေ ဖတ်ရပိုအဆင်ပြေအောင် ဒိုမိန်းလေး ဝယ်လိုက်ပါတယ်။ စာမျက်နှာတက်တာနှေးနေတာမျိုးရှိရင် အားမနာပဲပြောကြပါလို့။ Manicure nail art နဲ့ပတ်သက်တဲ့ ကဏ္ဌအသစ်လေးလဲ တိုးချဲ့ဖို့အစီအစဉ်ရှိပါတယ်။ မကြာမီ လာမည် မျှော် :)

စာဖတ်သူများ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။


ပုံပြင်လေးကိုRabbi Scheinerman  ရေးသားထားတဲ့ Heaven and Hell  မှ ကူးယူဖော်ပြပါတယ်။

You Might Also Like

5 comments

  1. အဟမ်း..အဟမ်း
    ဘလော့ဂါဖြစ်ရကျိုးနပ်သွားပါပြီ။
    (နတ်ပြည်တက်ရမယ်ဆိုလို့) :P
    အကြွေးကင်းသွားပြီဆိုတာတကယ်လား!!!
    (မထင်ရဘူးနော်..ငယ်ငယ်လေးနဲ့ကြွေးထူတယ်း)
    စာမျက်နှာတက်လာတာလဲ.အရမ်းမြန်ပါတယ်
    address bar မှာတောင်လိပ်စာမရိုက်ရသေးဘူး
    သနပ်ခါးမြတ်ကြည်ဆိုပြီး တန်းကျတာပဲ..
    (အဲလောက်မြန်တာ..ဟီးးးး)
    nail art လေးကိုလည်းစောင့်မျှော်နေပါကြောင်း...
    ပျော်ရွှင်ချမ်းမြေ့စွာဆက်လက်
    ဘလော့ဂင်းနိုင်ပါစေရှင်....
    ချစ်ခင်စွာဖြင့်...
    မိစံ

    ReplyDelete
  2. ဘလော်ဂါဆိုတာ ညီမပြောသလိုပေါ့။
    သိထားသမျှလေးတွေ မျှဝေနေကြတာပါဘဲနော်။
    ဆက်လက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ မျှဝေကြပါဦးစို့..

    ReplyDelete
  3. ပုံပြင်လေးက မိုက်တယ်ဗျို့.... nail art ဆိုလို့ ကန်ဒီလည်းပိုစ့်တစ်ခုတင်စရာရှိတယ်.. :D

    ReplyDelete
  4. မိစံ .. အကြွေးဆိုတာ တမျိုးမထင်နဲ့။ ပို့စ်ရေးတာကိုပြောတာ။
    အစ်မချောပြောသလိုပဲ အတူတူဝေမျှသွားကြမယ်နော်။
    တင်လေနော် ကန်ဒီ။ ဒီက စောင့်နေသူ။

    ReplyDelete
  5. ဘလော့နဲ့ဘလော့ဂါရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လေး ဖတ်သွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete