သဘာဝကျကျလှစေဖို့ rosy cheeks

By 9:51 PM

ပါးနီလိမ်းခြယ်တဲ့အခါမှာ သဘာဝ အတိုင်း ပန်းနု ရောင် သန်းတဲ့ မျက်နှာလေး ရအောင် လိမ်းခြယ်နည်းကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။




1) ပါးနီဆိုးတဲ့အခါ ဘရပ်ရှ် မှာ ပါးနီအမှုန့်လေးတွေ နည်းတဲ့နေရာနည်း၊ များတဲ့နေရာများ မဖြစ်စေဖို့ ပါးနီဆိုးတံကို လက်နဲ့ အရင် တောက်ပြီးမှ မျက်နှာပေါ်စ တင်ပါ။

2) ပါးဆို့ (apple of the cheek) ရှိတဲ့ နေရာမှာ blush ကို စ ခြယ်ပါ။  ပါးရိုးတစ်လျှောက် ဘေး နားသံစ ဆီသို့ ဆွဲသွားပေးပါ။



3) အကယ်၍ ကိုယ့်ပါးနီမှာ အရောင်နှစ်မျိုးပါတယ်ဆိုရင် ပိုရင့်တဲ့အရောင်ကို apple of the cheek မှာတင်ပြီး နုတဲ့အရောင်ကို အရောင်ရင့်ရဲ့အောက်မှာ highlight လုပ်ပါ။ အရောင်နှစ်ရောင်ကြားမှာ သိသိသာသာကြီး ကွဲထွက် နေတာမျိုး မရှိအောင် လိုက်ပြီး ညှိပေးဖို့တော့လိုပါမယ်။

Tips:

ဘယ်နေရာမှာ ပါးနီ စပြီး တင်ရမယ် မသိဖြစ်နေရင် မတ်တပ်ရပ်အနေအထားမှာ ခြေထောက်နဲ့ ထိအောင် ကိုယ်ကို စက္ကန့် သုံးဆယ်လောက် ကုန်းထားပြီး ပြန်မတ်ပါ။ ပါးပြင်မှာ ပန်းသွေးရောင်လေးသန်း နေတဲ့ နေရာမှာ စခြယ်ရမှာ  ဖြစ်ပါတယ်။

နေ့ဘက်မှာ ဆို blush နည်းနည်းပဲသုံးပေးစရာလိုပါတယ်။ ညဘက်ဆိုရင် တော့ နည်းနည်းလေး ပိုထည့်ပေးရမှာပါ။ ပွဲလမ်းတွေရှိရင်တော့ အလက်လက် ပါတဲ့ ပါးနီ မျိုးကို အများကြားထဲ ကိုယ်ကိုသတိထားမိအောင် သုံးပေးလို့ရပါတယ်။

သတိထားရမယ့်အချက်လေးက ပါးနီကို ဆိုးရင် နောက်ခံ နဲ့ တသားတည်းဖြစ်အောင် ညှိပေးဖို့ပါ။ မဟုတ်ရင် သဘာဝ မကျတဲ့အပြင် လူ ကို  ငါးနှစ်လောက် အရွယ် ရင့်စေပါတယ်တဲ့။


 ဒီတစ်ခေါက်ဖော်ပြပေးတဲ့ လိမ်းခြယ်နည်း အတိုအထွာ ဆောင်းပါးလေးကို ကြိုက်နှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ နောက် အချိန်ရရင်လည်း အသုံးဝင်မယ့် အလှအပရေးရာ နည်းလမ်းလေးတွေကို ဖော်ပြပေးသွားပါဦးမယ်။

 စာဖတ်သူပျိုမေတွေ လှသည်ထက်လှနိုင်ကြပါစေ။



You Might Also Like

9 comments

  1. ကန်ဒီက Blush crazy.. ဟီးဟီး... တခြားဟာတွေ အဲ့လောက်မကြိုက်ဘူး.. Blush မသုံးရင် သွေးစုတ်ဖုတ်ကောင် ဖြစ်နေသလိုခံစားရတယ်..:P

    ReplyDelete
  2. ပါးနီလေးတွေက ဝယ်ထားပြီး သိပ်မသုံးဖြစ်ဘူး။
    ပွဲလမ်းသဘင်ကလည်း မျက်နှာအဖြူရောင်နဲ့ဘဲ သွားလိုက်တာများတယ်
    နှုတ်ခမ်းနီရယ် မျက်လုံးရယ်ကတော့ မဆွဲမဖြစ် အသုံမဖြစ် သုံးပါတယ် ညီမလေးရေ။

    ReplyDelete
  3. ကန်ဒီရေ၊ မြတ်ကြည်က အသားသိပ်မဖြူတော့ ဆိုးထားလည်း သိပ်မသိသာဘူး။ မြှောက်ပြောတာတော့မဟုတ်ဘူး။ ကန်ဒီ အလှပြင်တာ အထာကျတယ်။ မိတ်ကပ် tutorial တင်ပါလား?

    မချောလိုပဲ တခါတလေ ညီမလဲ နှုတ်ခမ်းနီ၊ နဲ့ မျက်လုံးရယ်ပဲ ဆိုးပြီး သွားဖြစ်တယ်

    ReplyDelete
  4. Tips ကို ရေရေလည်လည်
    သဘောကျသွားတယ် ..း))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  5. မဆောင်းနှင်းရွက် နောက်အားရင်လည်း လာလည်ပါဦးနော်။ ဆောင်းပါးလေးတွေကို တစ်ပတ်ကို နှစ်ခါလောက်၊ ပုံမှန် တင်ဖြစ်ပါတယ်။

    ReplyDelete
  6. မိတ်ကပ်လိမ်းတာအဆင်မပြေဘူး ဘရ်လိုလိမ်းရမလဲအောက်ကဘာခံလိမ်းရမလဲပြောပြပါလားမမရယ်။ လိမ်းရင်လဲကြာကြာမခံဘူး မျက်နှာပြန်မဲသွားတရ်

    ReplyDelete
    Replies
    1. အခုနောက်ပိုင်း မိတ်ကပ် foundation မလိမ်းခင် primer ဆိုတာ ခံကြတယ် ညီမလေး။ မညီတဲ့နေရာဖြည့်ပေးတဲ့ သဘောနဲ့ မိတ်ကပ် ကြာကြာစွဲပြီး မျက်နှာနဲ့ တသားတည်း ဖြစ်နေအောင်ပေါ့။ အကယ်၍ ဝက်ခြံထွက်တတ်တဲ့သူမဟုတ်ဘူးဆိုရင် သနပ်ခါးနဲနဲနဲ့လည်း ရောလိမ်းလို့ရတယ်။ အဆီပြန်တတ်တယ်ဆိုရင် တော့ သနပ်ခါးနဲ့ဆို မျက်နှာ ပိုမဲသွားတတ်တယ်။ အဆီပြန်တတ်တဲ့ အသားရည်မျိုးဆို တူးဝေး ကိတ် လေး ဆောင်ပြီး ထပ်ပေးလို့ရပါတယ်။ အဆင်ပြေပါစေနော်။

      Delete
    2. ဟုတ်ကဲ့ပါမမ ကျေးဇူးပါ ညီမဘရ်တံဆိပ်မျိုးကိုဘရ်မှာမေးဝယ်ရမလဲ မ။

      Delete
    3. Revlon တို့ Loreal တို့မှာ ရှိတယ် ညီမလေး။

      Delete