ဂျဲဂျူးရေ.. ကိုယ်လာပြီ

By 8:43 AM


ဂျဲဂျူးဆိုတာ  The new 7 wonders of the world ထဲက တစ်ခုမှာပါဝင်ပါတဲ့ ကိုရီးယားနိုင်ငံရဲ့ အထင်ကရ အပန်းဖြေကျွန်း တစ်ခုပါ။ ကိုရီးယားနိုင်ငံရာသီဥတုနဲ့မတူပဲ၊ စိုပြေ နွေးထွေးတဲ့ အငွေ့အသက်တွေနဲ့ မီးတောင်သေရှိရာ ကျွန်းလေးပေါ့။

ဌာနက ခေါ်တော့ တော်တော် ဝမ်းသာသွားပါတယ်။ ဘာလို့ဆို လေယာဉ်ခ၊ ဟိုတယ်ခ၊ ကားခနဲ့ ကိုယ့်ဘာသာဆိုရောက်မှာမဟုတ်ဘူး နော? သွားတာက ၂ညအိပ် ၃ရက်ခရီး။ ပထမရက်ကတော့ conference.. ရောက်တာနဲ့ အဲဒီတန်းသွားလိုက်တာ၊ ၆နာရီ ညနေစာစားမှပဲ ပြီးပါတော့တယ်။

National Breast Conference 2013


 နောက်ရက်ကတော့ ကိုယ်ရယ်၊ တရုတ်ပြည်က တစ်ယောက်ရယ်၊ ကားငှါးခ တစ်ယောက် တဝက်စိုက်ပြီး လျှောက်လည်လိုက်တယ်။ ပထမဆုံး ရောက်ဖြစ်တာက ကမ်းခြေဘက်မှာရှိတဲ့ Oedolgae (외돌개개) : the lonely rock ပါ။

the lonely rock: အဝေးမှာ ခပ်ပြားပြားတွေ့ရတဲ့ ကျောက်ဆောင်
ဟိုးအရင်တခါက ကိုရီးယားကို မွန်ဂိုတွေ နယ်ချဲ့တော့၊ ဒီကျောက်တုံးကြီးကို အဝေးကနေကြည့်ရင် စစ်တပ်တွေ အစောင့်ချထားတဲ့ အလား ဖန်တီးထားတာမို့ မွန်ဂိုတွေ လန့်ဖျန့်ပြီး အဲဒီကျောက်တုံးနားကို မကပ်ရဲပဲ ပြန်ခွါသွားရပါတယ်။

အများကြိုက်တဲ့ ချန်ဂင် ဒီမှာ ရိုက်ပါတယ် :)
အမှတ်တရ အရုပ်လေးများ

Daepo Jusangjeolli မှာတော့ သဘာဝရဲ့ ဖန်တီးမှုနဲ့ ဖြစ်ပေါ်လာတဲ့ လေးထောင့်တုံးများစွာနဲ့ တည်ဆောက်ထားတဲ့ ကျောက်ဆောင်တွေ ကမ်းခြေတလျှောက်မှာ အစီအရီ မြင်တွေ့ရမှာပါ။

Basalt Stones

အနားမှာ  လမ်းလျှောက်စရာ ဥယျာဉ် လုပ်ပေးထားပါတယ်။


လာဖတ်တဲ့ ကိုကိုတွေအတွက်  :P

ဇာတ်လမ်းရှည်နေလို့ ကိုရီးယားကားလို အပိုင်းလိုက် ခွဲလိုက်ပါတယ်။ :D
စောင့်မျှော် အားပေးကြပါဦးနော်...

နောက်ပို့စ် :
Teddy Bear ပြတိုက်၊ အကုသိုလ် ဝယ်ယူပုံ နဲ့ Camellia တောင်ကုန်း
Chocolate museum ချောန်ဂျီရောန် ရေတံခွန်

You Might Also Like

7 comments

  1. ကို၇ီးယားကားတွေကြည်.ပြီးဂျဲဂျုးကျွန်းကိုသိပ်သွားချင်
    ခဲ.တာ။ချန်ဂင်ကားလည်းအ၇မ်းကြိုက်တယ်။အလုပ်နဲ.
    သွားတာဆိုတော.တချက်ခုတ်နှစ်ချက်ပြတ်ပျော်စ၇ာကြီး
    အားကျလိုက်ထှာ....

    ReplyDelete
  2. သားသား ဟန်ဂျီအင်းလေးရော ရိုက်ခဲ့ပေးမမနော်..တိန်

    ReplyDelete
  3. နောက် အပိုင်းကို စောင့်မျှော်နေပါတယ်။ ရာသီဥတုက အနွေးထည် တွေယူမလာရင် ရလားဟင်။ အဲဒီ ဂျဲဂျုး ကို ဂျွန်လထဲ လာဖြစ်မယ်ထင်လို့။

    ReplyDelete
  4. ကိုယ်တိုင်မသွားရတော့ ဓာတ်ပုံလေးတွေပဲ ငန်းရတာပေါ့ အဟင့် >.<

    ReplyDelete
  5. ဂျဲဂျုးကျွန်း
    ကြားဖူးတယ်..ပီားးး
    ကိုရီးယားကားထဲမှာ..:P

    ReplyDelete
  6. လေးဒေါင့် ကျောက်ဆောင်လေးကိုသဘောကျတယ်

    ReplyDelete
  7. ကိုရီးယားကားတွေ ကြည့်ပြီး Jeju ကို ရောက်ဖူးချင်နေတာ...

    ReplyDelete