မေမေ ချက်တဲ့ဟင်း

By 2:52 PM

ကျွန်မတက် နေတဲ့ ကျောင်းမှာ ချစ်စရာကောင်း တဲ့ အလေ့အထလေးတွေရှိ တယ်။ မြန်မာကျောင်းသားတွေ စနေနေ့တိုင်း ထမင်းစုစားတဲ့ အကျင့်ပါ။ ဒီ အထဲမှာ ကျွန်မက ဟင်းချက်အညံ့ဆုံး။ အာဂျူး ထုံးစံအတိုင်း မြန်မာကျောင်သားတွေ ထမင်းစုစားဖြစ်တော့ ကိုယ်တိုင်ဟင်းချက် ရတော့မှ ဘယ်လိုပင်ပန်းကြောင်း ပြောဖြစ်ကြတယ်။ ငံ လို ငံ တူးလိုတူး၊ စားမရလို့ သွန်လိုသွန်၊ အဲလို ဒုတ္ခပေါင်း စုံအကြောင်းပြောကြရင်း  နေ့တိုင်း မမောမပန်း  မညီးမညူ ပဲချက်ပေးခဲ့ တဲ့ အမေတွေရဲ့ စေတနာ  တွေ အကြောင်းပြောမိကြတယ်။ အမေတွေအပေါ် ဘယ်လိုမသိတတ်ခဲ့တာတွေ ပေါ့။

ကျွန်မ ထမင်း စ စားတဲ့အရွယ် ရောက်တော့ ကျွန်မကိုကျွေး ရအရမ်းခက် ခဲ့တာ။ အမေကထမင်းကျွေးတော့ ကျွန်မက" ခေါက်ခေါက်" ဆိုတာနဲ့ အမေက ခေါက်ဆွဲ ပြေးလုပ်ရတယ်၊ ခေါက်ဆွဲလဲရရော ပူတင်း ပူတင်းအော်ပြန်ရော၊ ပူတင်းကျွေးတော့ ကီးမား ကီးမား၊ အမေက ကီးမားပြေးဝယ်။ ပြီးတော့လဲ မစားဘူး။ အဲလို လုပ်ပေးတာ အမေဆီမှာ ပိုက်ဆံအရမ်းရှိလို့မဟုတ်ပါဘူး။ အ လုပ်က နေ အပြန် ကျွန်မစားချင်တာ ဝယ်ပေးဖို့ ကျွန်မ လိုချင်တဲ့အရုပ်တွေ ဝယ်ပေးဖို့ အိမ်အပြန်ထိ ထမင်းမစားပဲ ချွေချွေတာတာ နဲ့ကျွန်မ ကိုပျော်ရွှင်အောင်ထားခဲ့ရတာ။ 

ငယ်ငယ်တုန်း က ' အမေကကွာ၊ အသားဟင်းလဲ မပါဘူး၊ ဘာတွေချက်မှန်းမသိဘူး၊ မစားချင်ပါဘူး' ' အမေဆီက ကကြက်သွန် စော်နံ တယ်၊ မလာနဲ့.' နည်းနည်း လှချင်တဲ့အရွယ် ရောက်လာတော့ ' အမေ.. သမီး ဝိတ်လျှော့ နေတာ ဘာလို့အတင်းကျွေး နေတာလဲ' လို့ အမေ့စေတနာကို နားမလည်ပဲ ပြောပစ်ခဲ့ဖူးသလို ကျောင်းတက်တုန်းက အမေထည့်ပေး တဲ့ထမင်း ကိုလည်းခွေး ကျွေးခဲ့ဖူးတယ်။ အဲဒီလို ဆိုးခဲ့တဲ့ ကျွန်မကို ခွင့်လွှတ်သည်းခံပြီးဘယ်တော့မှအပြစ်မတင်ခဲ့တဲ့ ကျွန်မရဲ့အမေ၊ ထမင်းဝိုင်းမှာ ဘယ်သူမှ မစားကြလို့ တယောက်တည်း စိတ်မကောင်းဖြစ်ပြီး ထမင်းစားခဲ့ရတဲ့ အ မေ့ကို မြင်ယောင်လာတယ်။ မျက်ရည် ဝဲလာတယ်။ ရင်ထဲဆို့နင့်လာတယ်။ 

ဒီအချိန် အမေ့ကိုပြေးတွေ့ ချင်မိတယ်။ သမီးမိုက်ကိုခွင့်လွှတ်ဖို့လေ။ အမေ့ရင်ခွင်ကို ပြန်ဝင်ချင်လိုက်တာ။ ကျွန်မချက်တဲ့ဟင်း အမေ့ကိုမမှီပါဘူး ဘယ်လိုမှလဲ မမှီနိုင်ပါဘူး။ အမေ့ရဲ့စေတနာတွေ အကြင်နာတွေ အမေချက်တဲ့ဟင်းထဲမှာ အပြည့် ပါနေတယ်လေ...



Beloved Papa and Mama

You Might Also Like

17 comments

  1. အမေ့ကျေးဇူးဆပ်ဘို့ အခွင့်အရေးတွေလက်ထဲမှာရှိနေတာ
    အသုံးချဖြစ်အောင်ချလိုက်ပါမြတ်ကြည်လေးရေ။
    ဘယ်တော့မှမစောဘူး။ ဘယ်တော့မှနောက်မကျဘူးနော်။ စိတ်မကောင်းဖြစ်မနေနဲ့ အနည်းဆုံးနှုတ်နဲ့ အမေစိတ်ချမ်းသာအောင်လုပ်လို့ ရပါတယ်။ အမေဆိုတာပြန်ပေးသလောက်သေးသေးကြီးကြီးကိုအမြဲကြည်နူးပြီးဂုဏ်ယူတဲ့သူပါ။း)))
    အိုင်အိုရာ

    ReplyDelete
  2. မြတ်ကြည်ရေးတာလေးဖတ်ပြီး အမေ့ကိုလဲသတိရလိုက်တာ။ အိုင်အိုရာပြောသလိုပဲ အမေ့ကို ခုလောလောဆယ် ကိုယ်တတ်နိုင်တဲ့နည်းလေး နှုတ်နဲ့ စိတ်ချမ်းသာအောင်လုပ်ပါ မြတ်ကြည်ရေ။ အစ်မလဲ တစ်ခါတစ်လေ စိတ်တိုရင် အမေ့ကို ဘုဆတ်ဆတ်ဆက်ဆံခဲ့ဖူးတယ်။ အမေ့ကိုချစ်ကြောင်းပြရမှာလဲ ၀န်လေးခဲ့တယ်။ ဒါပေမယ့် ခုတော့ တတ်နိုင်သမျှအမေ့ကို ချစ်တယ်ဆိုတာပြလိုက်တယ်။ စာကြောင်းကလေးတစ်ကြောင်းနဲ့ပဲ ဖြစ်ဖြစ်လေ။

    ReplyDelete
  3. အမေက ကျောင်းမှာထမင်းကုန်အောင်မစားရင် ရိုက်မယ်ဆိုလို့  ကျောင်းကပြန်လာတိုင်းဂျိုင့်ထဲကထမင်းတွေကိုလမ်းမှာခွေးတွေကျွေးပစ်

    တာတောင်သတိရသွားတယ်။

    ReplyDelete
  4. ညီမရေ ကလေးဘ၀ဆိုတော့ဒီလိုပါပဲ
    စိတ်မကောင်းမဖြစ်ပါနဲ့အခုသိနေပြီပဲနောက်မကျသေးပါဘူး..
    မိဘကျေးဇူးဆပ်နိုင်တဲ့သမီးလေးဖြစ်ပါစေကွယ်..

    ReplyDelete
  5. သမီးက စာအရေးအသားကောင်းလိုက်တာ..ဖတ်လိုက်ရတာရင်ထဲမှာ နင့်သွားတာပဲ..
    အစ်မလည်း သမီးလိုသမီးမျိုးအစ်မရဲ့အမေအပေါ်မှာဖြစ်ခဲ့ဖူးတယ်..ဒါပေမယ့်အသက်ကြီးလာလေ..ဘဝအတွေ့အကြုံတွေပိုများလာလေ..အမေရဲ့ကျေးဇူးကိုပိုပိုပြီးမြင်လာ ခံစားလာ နားလည်လာတယ်..
    ဘယ်တော့မှ ဆပ်လို့မကုန်မယ့်ကျေးဇူးတွေအတွက် အခုအချိန်မှာတော့ အမေကိုစိတ်ချမ်းသာအောင် တရားကိုပိုအားထုတ်နိုင်အောင် အမေလိုအပ်တာလေးတွေချက်ချင်းဖြည့်ဆည်းပေးနိုင်အောင် နေဖြစ်တယ်..
    သမီးလည်း စိတ်မကောင်းမဖြစ်ပါနဲ့..သမီးကငယ်ငယ်လေးပဲရှိသေးတာ မိဘကျေးဇူးကို တစ်ဝကြီးဆပ်ဖို့အချိန်တွေအများကြီးရှိတယ်..ဘယ်တော့မှနောက်မကျဘူး..စိတ်အားမငယ်နဲ့နော်..
    စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ မိဘကျေးဇူးဆပ်နိုင်တဲ့သမီးလေးဖြစ်ပါစေ..

    ReplyDelete
  6. မြတ်ကြည်ကမိုက်တာမဟုတ်ပါဘူးကလေးသဘာဝချစ်မှန်းသိလို.နွဲ.ဆိုးဆိုးခဲ.တာပါ။ကိုယ်တွေကလေးဘဝကလည်းဒီလိုပါပဲ။ဒီလောက်အ
    သက်အ၇ွယ်နဲ.မိဘကိုနားလည်းသိတတ်တာကိုကမဂ်လာတပါးဖြစ်နေပါပြီ။သမီးလေးတွေကိုယ်တောင်မြတ်ကြည်လိုထက်မြက်လိမ်မာတဲ.
    မိန်းကလေးမျိုးဖြစ်စေချင်တယ်။အမေတွေကသားသမီးတွေအတွက်ချက်ပေးတဲ.ဟင်းကိုဘယ်လောက်တော်တဲ.စားဖိုးမှုးဖြစ်ဖြစ်ချက်နိင်
    မှာမဟုတ်ပါဘူး။မိဘတွေသားသမီးအပေါ်ထား၇ှိတဲ.ချစ်ခြင်းတ၇ားအ၇သာမှုန်.တွေကဘယ်ဆိုင်မှာမှဝယ်လို.မ၇နိင်ဘူးလေ...

    ReplyDelete
  7. ဘာဘဲဖြစ်ဖြစ်လေ ခုချိန်မှာ အမေ့ကျေးဇူးနားလည်သိတတ်လာတာကောင်းပါတယ်...
    အမေ့လိုမိခင်တယောက်ဖြစ်နိုင်အောင်ကြိုးစားနော်...း)

    ReplyDelete
  8. မြတ်ကြည်လေးရေ..
    သူတို့ တွေရှိနေတဲ့အချိန်လေးမှာဘဲ၊
    ကိုယ်တို့ ရဲ့ အချစ်တွေမေတ္တာတွေ ပြသပေးဆပ်လို့ ရတာပါ။
    အနေမနီးရင်လည်း..၊
    စကားလေးတခွန်း၊စာလေးတလုံးနဲ့ လည်း ရပါတယ်။
    ကျေးဇူးသိတတ်တဲ့ သမီးလိမ္မာလေးရှိတာက၊
    မြတ်ကြည်အမေအတွက် မင်္ဂလာတပါး။
    မြတ်ကြည်ရဲ့ ကျေးဇူးဆပ်ခြင်းတခုပါဘဲလေ။
    ခင်မင်တဲ့
    မီးမီး

    ReplyDelete
  9. ကွက်တိပဲ အစ်မ..ကျွန်တော်လည်း အမေပို့စ်တင်ပြီးပြီးချင်း.. ။ အစ်မပို့စ်ကိုလာဖတ်တာ.။ ကောင်းတယ်ဗျာ.။ ဘယ်သူ့အမေပဲဖြစ်ဖြစ် အမေတွေက ဒီလိုပါပဲနော့.။

    ReplyDelete
  10. အမေချက်တဲ့ပာင်းတွေကိုလွမ်းတယ်..

    ReplyDelete
  11. အမေချက်ကျွေးတဲ့ဟင်းကို တောင့်တနေတတ်တဲ့
    သူတွေထက်စာရင် ကျွန်တော်က ကံကောင်းပါသေးတယ်
    ဗူးထဲက ပုဇွန်ခြောက်ကြော်တွေ ငါးပိကြော်လေးတွေက
    အမေ့လက်ရာတွေပဲလေ

    ReplyDelete
  12. အမေ့စေတနာတွေကို ဒီပို့စ်ကိုဖတ်ပြီးနားလည်နိုင်ကြပါစေ။ အားပေးသွားတယ်နော် အမ။လေးစားလျက်။

    ReplyDelete
  13. အမေဆိုတာဘယ်တော့မှအစားထိုးမရပါဘူးအမတို့လဲအိမ်ခွဲနေမှအိမ်တန်ဖိုးကိုသိရတာပါ အားပေးသွားပါတယ်

    ReplyDelete
  14. ကလေးအရွယ်တုန်းက မသိ နားမလည်လို့ ဆိုးခဲ့တာပဲလေ... အခုအချိန်မှာတော့ လိမ်မာပြီး ပညာတော်တဲ့ သမီးလေးတယောက်အတွက် အမေက ကျေနပ်နေမှာ သေချာပါတယ်...း)

    ReplyDelete
  15. ခုတလော
    အရမ်း ဟုမ်းစစ်(ခ်) ဖြစ်နေပါတယ် ဆိုမှ ..း(
    ငိုချင်ရက် လက်တို့ လုပ်တယ် . :-(

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  16. ဒီတခေါက် အိမ်ပြန်တာ အမေမတွေ့ခဲ့ဘူး.. မမကတော့ အမေတင် မဟုတ်ဘူး.. အဖေရော အမေရော ချော့ကျွေးရတာ ဟတ်ဟတ်

    ခု တယောက်ထဲ နေနေတုန်း ဟင်းချက်တတ်အောင် သင်ပီး ပြန်သွားတော့ မြတ်ကျိမေမေ ကြိုက်တာ ချက်ကျွေးပြလိုက်ပေါ့.. မေမေက ဝမ်းသာမှာပေါ့

    ချစ်တဲ့
    မမပွင့်

    ReplyDelete
  17. အချက်အပြုတ်မကျွှမ်းတဲ့သူမို့ လို့  အမေရဲ့ လက်ရာကို တမ်းတမိတယ်..မြတ်ကြည်မေမေ ဝမ်းသာမှာပါ..

    ReplyDelete