ဂျဲဂျူးရေ ကိုယ်လာပြီ (ပြီးပါပြီ)

By 8:43 PM


 နောက်ရောက်တဲ့ နေရာက ချောကလက် ပြတိုက်ပါ။
 ကမ္ဘာ အကောင်းဆုံး ချောကလက် ပြတိုက် ၁၀ ခုထဲက တစ်ခု ဖြစ်ပါတယ်။


ချောကလက်နဲ့ ပတ်သက်လို့ ရာဇဝင်၊ ထုတ်လုပ်ပုံက အစ အာနိသင်တွေ အဆုံး စုံစုံလင်လင် တင်ပြထားပါတယ်။ စာဖတ်ရတာ ဝါသနာ မပါတဲ့ သူတွေဆိုရင် တော့ မတန်ပါဘူး။ များသောအားဖြင့် ဓာတ်ပုံရိုက်စရာထက်  စာတွေနဲ့ ရှင်းပြထားတာတဲ့ ဘုတ်တွေ များပါတယ်။



မှတ်သားလာရ တဲ့ ထူးထူးခြားခြား က -

၁၆ ရာစုတုန်းက ချောကလက် ( cocoa စေ့) ကို ငွေကြေး အဖြစ်သုံးစွဲခဲ့ကြပါတယ်။ cocoa 10 စေ့ ဆို ယုန်တစ်ကောင် ဝယ်ယူလို့ရပါသတဲ့

ချောကလက်မှာပါတဲ့ ဓာတ်တစ်မျိုးက marijuana (ဆေးခြောက်) လို အာနိသင်ရှိလို့ စွဲလန်းတတ်ပါတယ်။ (ဒါပေမယ့် ခန္ဒာကိုယ် အလေးချိန်ရဲ့ ၆ပုံ၁ ပုံပမာဏ စားမှပါ)

၁၈ ရာစုလောက်က အမျိုးသမီးတွေက ကိုယ်သဘောကျပေမဲ့ ဖွင့်ဟမပြောရဲတဲ့ အမျိုးသားတွေကို  ချောကလက် လက်ဆောင်ပေးကြပါတယ်။

ချောကလက် တော်ရုံစားရုံနဲ့ ဝိတ်မတက်ပါဘူးတဲ့။ အများကြီးစားရင်တော့ အလေးချိန်တိုးလာဖွယ်ရှိပါတယ်။ အခြားအစားအသောက်တွေ အများကြီးစားလို့ ဝိတ်တက်လာတဲ့ သဘောပါပဲ။

..................

ချောန်ဂျီရောန် ရေတံခွန်


သဘာဝ ကို မြတ်နိုးတဲ့သူတွေ ကြိုက်နှစ်သက်မယ့်  မြို့ပြရဲ့ ဂုဏ်ဒြပ်တွေ ကင်းမဲ့ပြီး စိတ်ချမ်းမြေ့စရာ ကောင်းတဲ့ နေရာလေး တစ်ခုပါ။ 


ကျောက်လိပ် ရှိရာကို အကြွေစေ့တွေ ပစ်ချနေကြတာ။ ကံကောင်းခြင်းတွေ အတွက်ပေါ့။


ရေတံခွန်က သုံးဆင့်ရှိပါတယ်။ အရှေ့ဘက်ပိုင်းမှာ နှစ်ဆင့်နဲ့ အနောက် ခပ်လှမ်းလှမ်းမှာ တစ်ဆင့်..



ဒီတစ်ဝိုက်ကို အစိုးရက Nas poecilorhyncka ဘဲ နဲ့ Anguilla marmorate ငါးရှဥ့် တွေရဲ့အလေ့ကျ ကျက်စားရာနေရာအဖြစ်သတ်မှတ်ထားပါတယ်။

         

ဒါက ချစ်ဖို့ကောင်းလို့ လှမ်းရိုက်လိုက်တာ။ :) (for မောင်တစ်လုံး)

.......

ဒိုလ်ဟာရူဘန်ဂ်

ဂျဲဂျူးရောက်ရင် နေရာတိုင်းလိုလိုမှာတွေ့ရမယ့် လူရုပ်တွေရှိပါတယ်။ Dol Hareubang ဆိုတဲ့ အဖိုးကြီး နတ်ရုပ်တွေပါ။ မကောင်းဆိုးဝါးတွေ ဝင်ရောက်ခြင်းကို တားဆီးပေးပြီး သားသမီးထွန်းကားစေတဲ့ အယူရှိပါတယ်။ နှာခေါင်းကို ပွတ်ရင် သားယောက်ျားလေး မွေးတယ်ဆိုလို့ ပွတ်ခဲ့ပါသေးတယ်။ :D



................

BBQ

အဲဒါလည်းပြီးရော ကိုရွှေတရုတ်က ပင်ပန်းတယ် နားချင်ပြီဆိုပြီး ဟိုတယ်ကို ပြန်လာပါတယ်။ အမှန်က ကားက ငှါးထားတာ ညနေ ၆နာရီ အထိ အပြတ်။ သုံးနာရီထိုးပဲ ရှိသေးတယ်။ ကားသမားက နာရီအပြည့်မဟုတ်လို့ လျှော့ပေးပါဆိုတာတောင် အကုန်ယူလိုက်ပါတဲ့။ :(

မြတ်ကြည်တို့ တည်းတဲ့ အဆောင်

 ညနေပိုင်းက ဌာနနဲ့ အတူ Barbeque ကင်စားကြပါတယ်။ Professor ကိုယ်တိုင် လက်စွမ်းပြပေါ့။
 တပည့်တွေ ထိုင်စားရုံပဲ။ :D
ဒါနဲ့ ဂျဲဂျူး ဝက်သားနာမည်ကြီးပါတယ်။ အမဲရောင်ရှိတဲ့ အကောင်သေးလေးတွေ။ ဒီဘက်က ကောက်ညှင်းကို အစေ့အဆန်တွေနဲ့ ပေါင်းထားတာ။ အဲဒါလည်း ကောင်းတယ်။ :)



ဂျဲဂျူးကတော့ ဒါအကုန်ပါပဲ။ နောက်နေ့တော့ ပြန်လာကြလေသတည်းပေါ့။ ဟိဟိ :P

 နောက်လည်စရာနေရာတွေ အများကြီးကျန်သေးပေမယ့် အချိန်မရတာကြောင့် မသွားလိုက်ရပါဘူး။ sex museum တို့၊ glass museum တို့၊ miniature world တို့ လည်း ရှိပါတယ်။

ဂျဲဂျူး ခရီး ဤတွင်ပြီးပါပြီ။

စာဖတ်သူများ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။ :)

ဂျဲဂျူးပို့စ် အပိုင်း (၁) နဲ့ (၂)


You Might Also Like

10 comments

  1. သားအတွက်ပါတယ်ပေါ့ ဟိဟိ ပွတ်စရာ၇ှားလို့ နားခေါင်းပွတ်ရတာ ဟုတ်လို့ လား..တိန်

    ReplyDelete
  2. ပြန်လာတဲ့နေ့မှပဲ ရောက်ဖြစ်တော့တယ့်
    လာစမ်း အရင်နေ့တွေကိုပြန်ရစ်လိုက်မယ်
    ဟဟ့ဘယ်မလဲဂျဲဂျူး

    ReplyDelete
  3. လက်ကျန်ပုံလေးတွေလည်း ထပ်တင်အုံးလေညီမလေး..
    သမီးတို့ဆရာချက်ကျွေးတာကို အစ်မကလှမ်းပြီး သရေကျနေတာ..
    ညီမလေး အချိန်တိုင်း ပျော်ရွှင်ချမ်းမြေ့ပါစေ..
    :)

    ReplyDelete
  4. ခရီးကို စိတ်ဝင်စားလို့ လာတာပေမယ့် ဖက်ထုတ်တွေ့တော့ အဲ့ဒီပဲ အာရုံရောက်သွားတယ်
    ချစ်တဲ့
    မမပွင့်

    ReplyDelete
  5. ဂျဲဂျူပို့စ်တွေ ခုမှဘဲလာဖတ်ဖြစ်တယ်
    ဓာတ်ပုံလေးတွေလှတယ်
    ဂါဝန်လေးနဲ့ကောင်မလေးလဲလှမှလှ...

    ReplyDelete
  6. ရောက်သွားသလိုပဲ ညီမရေ
    ကျေးဇူးပါနော် :)

    ReplyDelete
  7. ဘဲက Anas poecilorhyncha လို့ ပေါင်းရမယ်ထင်တယ်။ တောဝမ်းဘဲ ခေါ် တောဘဲလို့ခေါ်ကြတယ်။
    ခရီးသွားအတွေ့ အကြုံလေးတွေကိုဖတ်ရတာသိပ်သဘောကျတယ်မြတ်ကြည်လေးရေ။ ကျေးဇူး..ကျေးဇူး။
    အိုင်အိုရာ

    ReplyDelete
  8. မိန်းကလေးလိုချင်ရင် ဘာကို ပွတ်ရမှာတုန်း..မမေးခဲ့ဘူးလား မြတ်ကြည်ရေ

    ReplyDelete
  9. ဓာတ်ပုံလေးတွေနဲ့အတူ ဗဟုသုတလေးတွေ ယူသွားတယ်နော်။ ကျေးဇူးပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. ခရီးသွားချင်လိုက်တာ.. :(

    ဒါနဲ့ Olympus ကင်မရာလေး ၀ယ်ပြီးပြီဆို ကွာလတီကောင်းမကောင်း အခြေအနေလေး ပြောပြပါဦး ၀ယ်ထားတာ Pen series က ဘယ် model လဲဟင်

    လိုချင်လို့ သေတော့မယ် ဗြဲ (ငိုသံ)

    ReplyDelete