ကိုရီးယား cosmetic clinic

By 11:59 PM


ဒီမှာက  ခွဲစိတ်တာမဟုတ်ပဲ မျက်နှာ ပြုပြင်တာ ပိုပြီးခေတ်စားလာကြပါတယ်။
အရင်က နှာခေါင်းရိုးထည့်တာမျိုးကို အခုက ဆေးထိုးတာနဲ့ နှာရိုးဖော်လို့ရနေပါပြီ။

 ဈေးလည်းသက်သာ၊ recovery time လည်း မြန်။ လူမှာ အရိုးနု နဲ့တွဲဆက်တစ်ရှူးတွေကို ဖွဲ့စည်းထားတဲ့ hyaluronic acid ဆိုတာရှိပါတယ်။ အဲဒါကို ဆေးအနေနဲ့ ထည့်ထိုးတာပါ။ Filler ထိုးတယ်လို့ ခေါ်ကြတယ်။ ခန္ဒာကိုယ်က သဘာဝ ပစ္စည်းဆိုတော့ ဘာ အန္တရာယ်မှ မရှိပါဘူး။ ကာလတစ်ခုထိသာခံပြီး ကြာရင် ခန္ဒာကိုယ်က ဖြည်းဖြည်းချင်း စုတ်ယူချေဖျက်သွားပေးပါတယ်။ တစ်ခါထိုးရင် ၂နှစ် ခံပါတယ်။ ကိုယ်မကြိုက်ရင်လည်း တသက်လုံးစိတ်မဆင်းရဲတော့ဘူးပေါ့။

Before and After

 နှာခေါင်းမှမဟုတ်ပါဘူး။ ပါး (ကိုရီးယားမများက ပါးရိုးပြားကြသည်) ၊ နှဖူး၊ မေး နဲ့ နှုတ်ခမ်းကိုလည်း ဖြည့်ကြပါတယ်။ ဇာတိရုပ်ကတော့ တချိန်ကျရင် ပြန်ပေါ်မှာပေါ့လေ။

Botoxနဲ့ Filler ထိုးခ ဈေးနှုန်း

အိုး.. ဒါနဲ့ မြတ်ကြည်က ဘယ်ကနေဘယ်လို အဲဒီရောက်သွားပါလိမ့်?

 မြတ်ကြည်က အဆီပြန်တတ်တဲ့သူဆိုတော့ ချွေးပေါက်ကျယ်ပြီး အသားအရေက သူများလို မညက်ဘူး။ သူတို့တွေလို ညက်ညက်လေးဖြစ်ချင်တာ။ အဲဒါနဲ့ သွားပြတာ။ ဆရာဝန်က လေဆာလုပ်ဖို့ အကြံပေးတယ်။ ဒါပေမယ့် လုပ်ရင် ၇ ရက်ထိ မျက်နှာနီနေမှာ လူတွေကြားထဲသွားဖို့ သိပ်အဆင်မပြေတာနဲ့ Vitamin C treatment ပဲယူလိုက်တယ်။ ပြန်ခါနီးတော့ လုပ်ဖြစ်မယ်ထင်တယ်။


Set လိုက် ၆ ခါ လုပ်ရမှာ။ အခု ၂ ခေါက်ပဲ ပြီးပါသေးတယ်။ အကုန်ပြီးမှ ရှေ့ထွက်ပြပါမယ်။ :P နောက် အဲဒီက ကောင်မလေးကို မေးကြည့်တာ - ပါးရေတွန့်တာတို့၊ အမွေးမထွက်အောင်တို့ ၊ အသားဖြူအောင်လုပ်တာတို့ လည်း ရှိတယ်တဲ့။

သူ့အပေါ်ထပ်မှာတော့ အဆီချတဲ့ clinic ရှိတယ်။ သိရသလောက်က အဆီစုပ်တာ (liposuction) မဟုတ်ပဲ အဆီဆဲလ်ကို ချေပစ်တဲ့ fat decomposition injection ထိုးပေးတာပါ။ သွားတော့ မစပ်စုရသေးဘူး။

အပြန် အဲဒီနားက ဂျပန်ဆိုင်မှာ ဝင်စားလာတာ။ :)


 မြတ်ကြည်တော့ ဘာမှပြုပြင်ဖို့အစီအစဉ်မရှိပါဘူး။ မာမား၊ ပါပါးက မွေးလာတာ၊ ဘုရားပေးတဲ့ ရုပ်ရည်ပေါ့။ ^_^

 ဒါလေး က ကိုရီးယားတွေအကြောင်း အတင်းတုတ်ထားတာ။ ကိုရီးယားနှင့် ပလက်စတစ် ဆာဂျူရီ

စာဖတ်သူများ အားလုံးအတွက် သာယာပျော်ရွှင်ဖွယ်နေ့လေး တစ်ရက်ဖြစ်ပါစေရှင်။

You Might Also Like

9 comments

  1. အလကား လုပ်ပေးပါမယ် ဆိုရင်တောင် မလုပ်ဘူး ကြောက် ကြောက် .. :D
    ဘယ်လို ပြောမလဲ .. ဒါတွေက
    တရားသဘောနဲ့ ကြည့်မယ်ဆိုရင်ပေါ့နော် .. :D:P

    >>> ၆ ခါ လုံး ပြီးရင် ဓာတ်ပုံရိုက်တင်နော် ..း-))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်


    ReplyDelete
  2. အမရေ...fb မှာရှဲလိုက်အုံးမယ်နော်...
    ပို့စ်ကောင်းလေးတွေအတွက် ကျေးဇူးပါရှင်..
    BB Cream ကဘယ်တံဆိပ်က အကောင်းဆုံးဖြစ်မလဲ
    ပြောရရင် အန္တာရယ် အနဲဆုံးနဲ့ အဆင်ပြေဆုံးပေါ့နော်
    ရန်ကုန်မှာ ၀ယ်လို့ရတာကိုပြောနော်မ..

    ReplyDelete
  3. ဘီဖိုး အမ် အားဖတား လေးပြနော် ပြီးရင် :D :D

    ReplyDelete
  4. အမကနှခေါင်းအရမ်းပြင်ချင်တာ ကြောက်လို့ ..အခုလိုဆေးထိုးတာဆိုတော့စိတ်ဝင်စားသားပဲ..:)

    ReplyDelete
  5. ဆေးထိုးပြီး နှာတံပေါ်အောင်လုပ်တဲ့နည်းလေး စိတ်ဝင်စားသား..း)

    ReplyDelete
  6. မိုက်တယ် မိုက်တယ် :)

    ReplyDelete
  7. အမ​ရေ မျက်​ရစ်​​လေး​ဖော်​ချင်​လို့ တကယ်​လို့​ဖော်​ရင်​ ဆိုးကျိုးများရှိမလားလို့ စပ်​စု​ပေးပါလား​နော်​ ဒီမှာက အ​ရေပြားကိုခွဲစိတ်​မယ်​ဆို( RM 3800 ​မလေး၇ှား ပိုက်ဆံ​)အနည်းဆုံး​ပေးရတယ်​တဲ့

    ReplyDelete
    Replies
    1. ပလပ်စတစ် ဆာဂျူရီ လုပ်တဲ့ သူငယ်ချင်း တစ်ယောက်ကို မေးကြည့်တော့ side effect က ထွက်လာလို့ ကိုယ်မကြိုက်ရင် side effect ပဲတဲ့။

      Delete
  8. အမကိုးရီယားမှာမျက်နှာခွဲစိတ်ပြုပြင်တာမြန်မာငွေနဲ့ဆိုဘယ်လောက် လောက်ကုန်လဲ

    ReplyDelete