
အရင်အပတ်လောက်က သူငယ်ချင်းနဲ့ ကြေးအိုးစားနေတုန်း ဂွတ်တလိပ်ဘက်မှာ အလှအပ ဆေးခန်း တစ်ခုကို သတိထားမိတဲ့ အကြောင်းစကားစပ်မိသွားတော့ သိပ်မကြာပါဘူး။ သွားစပ်စုကြတာ။ :D အထူးအဆန်းလေးတွေ ရှိလို့ မေးလာခဲ့ပါတယ်။ ဘာမှတော့မလုပ်ဖြစ်ပါဘူး။ ထူးထူးခြားခြားတွေက အသားဖြုအောင်ဆေးထိုးလို့ရပါသတဲ့။ အကြောဆေး (IV) Vitamin C နဲ့ Glutathione တွဲထိုးတာလို့ ပြောတာပဲ။ နောက်တစ်ခုက mesotherapy fat injection ပါ။ ထုံးစံတိုင်းမဟုတ်ပဲ အဆီကျချင်တဲ့နေရာကို...