Quarter FAUNA nail ( No Tool Easy Nail tutorial)

By 5:06 AM


ဒီ လက်သည်းပုံစံလေးကို ဘာ ကရိယာ တန်ဆာပလာမှ မရှိလည်း ဆိုးနိုင်ပါတယ်။ အရင် tutorial တွေမှာ သုံးခဲ့တဲ့ သွားကြားထိုးတံတောင်မလိုပါဘူး။
လွယ်လည်း အရမ်းလွယ်တာမို့ သဘောကျလိမ့်မယ်ထင်ပါတယ်။

Quarter Fauna က ကိုယ့်ဘာသာ နာမည်ပေးထားတာ :D

အရင်ဆုံးက ထုံးစံ အတိုင်း base coat ဆိုး၊ ပြီးတဲ့ အခါ အောက်ခံအနေနဲ့ အပြာရောင်လေးဆိုးလိုက်ပါတယ်။


ခြောက်တဲ့ အခါ လက်သည်းနီ အနီရောင်လေးနဲ့ ဒေါင်လိုက် တစ်ချက်၊ အလျှားလိုက် တစ်ချက်၊ ကြားမှာ ထောင့်ဖြတ်တစ်ချက် ဆွဲပါ။


ခဏစောင့်၊ ခြောက်တဲ့ အခါ ပန်းနုရောင်လေးနဲ့ အရှေ့ကအတိုင်း stroke ၃ ကြောင်းဆွဲပါမယ်နော်။


အတွင်းဆုံးကိုတော့ အရှေ့ကသုံးခဲ့တဲ့ အနီရောင်လေးနဲ့ နည်းနည်း ထိန်းပြီး တို့လိုက်ပါတယ်။ ခြောက်တဲ့အခါ top coat ထပ်လိုက်ရင် ပန်းပွင့် တစ်စိတ် လက်သည်းလေးရပါပြီ။


 မြတ်ကြည် လုပ်တာ သိပ်တောင် မသပ်ရပ်ဘူး။ စာဖတ်သူတွေ မြတ်ကြည်ထက် ပိုဆွဲတတ်ကြမယ်ထင်တယ်။ လုပ်ကြည့်လို့အဆင်မပြေတာများရှိရင် ပြောနိုင်ပါတယ်နော်။

မြတ်ကြည်လုပ်ထားတဲ့ တခြား လက်သည်း tutorial လေးတွေကို ဒီမှာ click ပြီး သွားကြည့်နိုင်ပါတယ်ရှင်။


 သာယာပျော်ရွှင်ဖွယ်နေ့လေး တစ်ရက်ဖြစ်ပါစေရှင်။

You Might Also Like

2 comments

  1. ခုတလော nail art လေးတွေလုပ်ချင်နေတယ်။
    မြတ်ကြည်ရေးတာဖတ်ပြီးပိုလုပ်ချင်စိတ်ပေါက်သွားပြီ။း)
    အို်င်အိုရာ

    ReplyDelete
    Replies
    1. ဆိုးပြီးတဲ့ အခါ ပို့စ်မှာ ထည့်ပေးနော်း)

      Delete