ချစ်​သူများ​နေ့ ရန်​ကုန်​မှာ သွားစရာ

By 10:36 PM



Valentine's day လည်း ​တော်​​တော်​ နီး​နေပြီ​နော်​။ ချစ်​သူရှိတဲ့သူ​တွေလည်း စိတ်​ကူးကိုယ်​စီ ရှိကြမှာ​ပေါ့။



ရန်​ကုန်​မှာ အမှတ်​တရလည်းဖြစ်​ romantic လည်းဖြစ်​မယ့်​  အရာ​လေး​တွေ လုပ်​ရင်းနဲ့  ချစ်​သူ များ​နေ့မှာ သွားလို့​ကောင်းတဲ့ ​နေရာ​လေး​တွေကို recommend လုပ်​ ​ပေးပါမယ်​​နော်​။


ပထမဆုံး ​နေရာ​လေးကို ပြန်​သွားပါ။

သူနဲ့ ကိုယ်​က စ​တွေ့တုန်းက ဘယ်​​နေရာ ​လေးမှာလဲ၊ ချစ်​သူ​တွေစဖြစ်​​တော့ ပထမဆုံး ​လျှောက်​လည်​ခဲ့တဲ့ ​နေရာ​လေးကို ပြန်​သွားကြည့်​ပါ။ အဲဒီ ​နေရာ​လေးကို ပြန်​သွားပြီး အဲဒီတုန်းက ဘယ်​လို ဆိုပြီး ပြန်​​ပြောရတာ ကြည်​နူးစရာ ​ကောင်းပါတယ်​။


ကုသိုလ်​ နဲ့ စ လိုက်​ရ​အောင်

ဟုတ်​ပါတယ်​။ ချစ်​သူနဲ့ ဘုရား အတူတူ တက်​တာက ​ကြည်​နူးစရာ ထဲက တစ်​ခုပါ။ အဲဒီ​နေ့ ကုသိုလ်​လည်းလုပ်​ နှစ်​​ယောက်​ သစ္စာဆိုဆို ဆုပဲ​တောင်း​တောင်း။ ရွှေတိဂုံ ဘုရား​ဘေးက ပန်းခြံမှာ ဆိုရင်​ ​အေး​အေးလူလူ နားရင်းနဲ့ စကားလည်း​ ​ပြောလို့ရတယ်​ ငါးစာလည်း​ကျွေးလို့ရတယ်​။

နောက်​တစ်​ခု  စဉ်းစားထားတာက ​သွေးသွားလှူတာပါ။ စိတ်​တူ ကိုယိတူ ရှိ၇င်​​ပေါ့။ ရန်​ကုန်​​ဆေးရုံကြီး​ဘေးမှာ ​သွေးလှူဘဏ်​ရှိပါတယ်​။ ဒီ​နေ့​လေးမှာ ကိုယ်​က ​သွေးနဲ့ သူများအသက်​က​ယ်​လို ရတာ​ပေါ့။


ကန်​​ဘောင်

ရန်​ကုန်​မှာ ချစ်​သူ မရှိတဲ့ သူတိုင်း ငါတို့ အလှည့်​ကျရင်​ ဆိုပြီး အားကျ စိတ်​ကူးယဉ်​ကြတဲ့ ​နေရာ​လေးပါ။ အချစ်​သီချင်း​တွေကလည်း ​ခေတ်​အဆက်​ဆက်​ ကန်​​ဘောင်​ ကို ထည့်​ဆိုကြပါတယ်​။ ​ချစ်​သူနဲ့ အတူ ကန်​​ဘောင်​မှာ ​နေ၀င်​ချိန်​ ထိုင်​ကြည့်​ရတာလည်း အရသာ တစ်​ခုပါပဲ။


ရုပ်​ရှင်​ကြည့်​မယ်​၊ shopping ထွက်​မယ်

ကုန်​​ပေါက်​​တွေ တွေးတယ်​လို့​တော့ မထင်​ပါနဲ့​နော်​။ ဒီ​နေ့​တွေမှာ shopping mall နဲ့ ရုပ်​ရှင်​ရုံ​တွေတွဲထား​တော့ ​ဈေးပတ်​ရင်း ရုပ်​ရှင်​ချိန်​​ရောက်​ရင်​ ဝင်​ကြည့်​ရုံပါပဲ။ Centre ​တော်​​တော်​များများမှာ စုံတွဲ​တွေအတွက်​ discount ချ​ပေးတာတို့၊ လက်​​ဆောင်​​ပေးတာတို့၊ ​ပျော်​စရာပွဲ​လေးေ​တွေ လုပ်​​ပေးတာတို့ ရှိပါတယ်​။ ဆင်​တူ အဝတ်​​လေး​တွေ၊ fancy ​လေး​တွေ ၀ယ်​ခြမ်းရင်း ​နောင်​တစ်​ချိန်​ကျရင်​ ဒါ ချစ်​သူများ​နေ့ က ဝယ်​တာဆိုပြီး အမှတ်​တရ ဖြစ်​တာ​ပေါ့။


Special  ညပွဲ ​လေး​တွေ

Yangon River Valentine Cruise

ရန်​ကုန်​မြစ်​ထဲ sunset ကြည့်​ရင်း ​ပျော်​သ​င်္ဘောစီး ထွက်​မလား။ Drink ၁ ခွက်​ ဘူေ​ဖေးဒင်​နာ အပါဝင်​ကို  တစ်​​ယောက်​စာ ၂၅၀၀၀ ကျပ်​ပါ။ ည​နေ့ ၅း၃၀ ၀ါးတန်း သ​င်္ဘောဆိပ်​ကေ​နေ ထွက်​ပါမယ်​။.အ​သေးစိတ်​ကို  ၀၉၄၂၈၀၁၆၂၃၄ မှား ​မေးကြည့်​နိင်​ပါတယ်​တဲ့။


Yangon sailing club ( Valentine's day by the lake)

လ​ရောင်​ရယ် ၊ တေးသံ​တွေနဲ့ ညအရသာကို ခံစားရင်း လှေလည်းစီးရင်း ည​နေခင်းတစ်​ခုကို သာသာယာယာ  ဖြတ်​သန်းချင်​ရင်​ စိမ်းလန်းစိုပြည်​ ​ဘေး ​လေးက ရန်​ကုန်​ ​လှေ​လှော်​ရွက်​တိုက်​ အသင်းက အစီစဉ်​​လေး လုပ်​​ပေးထားပါတယ်​။
Everyone's invited. ၀င်​​ကြေး ​ပေးစရာ မလိုပါဘူးတဲ့။


ကန်​​တော်​ကြီး hiphop show

စိုင်းစိုင်းခမ်းလှိုင်​ပါမှန်း​တော့ သိတယ်​။ တစ်​​ယောက်​ ကို ၆၅၀၀။ နှစ်​​ယောက်​​ပေါင်း ၁၁၀၀၀ တဲ့။ ဆယ်​​ကျော်​သက်​ အရွယ်​တုန်းက ရှိုးမှာ စုံတွဲ ​.ကောင်​​လေးက ​ကောင်​မ​လေးကို အ​နောက်​က ဖက်​ပြီး ကြည့်​​နေကြတာမြင်​ရင်​ အားကျခဲ့ဖူးတယ်​။ ဒါ​ပေမယ့်​ ရည်းစားရကတည်းက ရှိုးကို မသွားဖြစ်​​တော့ဘူး။ :D

စိတ်​ကူးထားတာ​လေး​တွေရယ်​၊ ရထားတဲ့ information ​လေး​တွေရယ်​ ​ပေါင်းပြီး ​ရေးလိုက်တာပါ။ အားလုံး အတွက်​ အသုံးဝင်​မယ်​လို့ ​မျှော်​လင့်​ပါတယ်​ရှင်​။

ချစ်သူ ယောက်ျားလေး အတွက် ဝယ်ပေးချင်တာရှိရင် ဒီ ဆောင်းပါးလေးဖတ်ကြည့်ပါနော်။
http://thanakharmay.blogspot.com/2014/01/gift-tips-for-him.html

Happy Valentine's Day. :)












You Might Also Like

4 comments

  1. မြတ်ကြည်လေး
    ဘလော့ ပြန်ဖွင့်တာ ဝမ်းသာကြောင်း ဘလော့ ဖွင့်ကတည်းက ရေးမလို့ လာမရေးဖြစ်ဘူး။

    အသစ်တက်ရင် အီးမေးလ်ထဲရောက်လာလို့ ဖုန်းထဲကနေ ဖတ်ဖတ်သွားရင်း ကောမန့်လဲ မရေးဖြစ်ဘူး။
    ကိုယ်နဲက မဆုင်လှတဲ့ ဗယ်လင်တိုင်းဒေး ပို့စ်ကျမှ ကောမန့် ချဖြစ်တော့တယ် :P
ံHappy Valentine's Day.... <3


    pifpif

    ReplyDelete
  2. မမဆင်လည်း မှုံမှုံ တစ်ယောက်နဲ့တင်မဟုတ် မောင်မောင်လေးလည်း ရောက်လာပြီဆိုတော့ အလုပ်ရှုပ်နေမှာပဲ။ :)

    ReplyDelete
  3. မွှဲ​အောင်​လုပ်​တာလား

    ReplyDelete