ဓာတ်ပုံထဲမှာ လှလှလေးဖြစ်စေချင် How to Look Great in Photos

By 8:47 PM

ဓာတ်ပုံတိုင်းမှာ လှစေဖို့ မှတ်သားစရာနည်းအတိုအထွာလေးတွေပါ။


၁)ပြင်ဆင်စရာ



  • ရိုက်တော့မယ်ဆိုမှ မျက်လုံးတွေမို့၊ မျက်ကွင်းတွေညို ဆို သိပ်အဆင်မပြေပါဘူး။ မျက်လုံးတွေမို့နေရင် ပါးပါးလှီးထားတဲ့သခွါးသီး ကိုမိနစ်အနည်းငယ်ကပ်ပေးပါ။ အာလူးမှာပါတဲ့ပိုတက်စီယမ်ဓာတ်က တော့ မျက်ကွင်းမည်းတွေကိုစုပ်ယူပေးပါလိမ့်မယ်။ 
  • သင်ရိုက်မယ့်ကင်မရာက Flash ပါနေပါသလား? ဒါဆိုရင်တော့နှုတ်ခမ်းနီ၊ ပါးနီ ကို နည်းနည်း ပိုပြီးမြင်သာအောင်ပြင်ရမှာပါ။ အကယ်၍ ပါးရိုးကိုမြင့်မြင့်နဲ့ ထင်ထင်လေးဖြစ် ချင်ရင် ပါးရိုးအောက်နေရာကို ပိုပြီးထင်းထင်းလေးဖြစ်အောင် ခြယ်ပေးရပါမယ်။



၂) အဝတ်အစား



  • အဝတ်အစားတွေကို သိပ်ဦးစားပေးမတွေးပါနဲ့။ အရမ်းတောက်လွန်း ထင်ရှားလွန်းတဲ့ အဝတ်တွေဟာ၊ ကြည့်တဲ့သူကို သင့်ထက် သင့်အဝတ်အစားတွေဆီ အာရုံရောက်သွား စေနိုင်ပါတယ်။
  • အရောင်တူ၊ ဒါမှမဟုတ် အရောင် ခပ်ဆင်ဆင်လေးတွေကို အထက်အောက်ဝတ်ရင် သင့်ကို ကြည့်ရတာပို သွယ်စေပါတယ်။ 
  • ကန့်လန့်စင်း နဲ့ အတွန့်၊ ရှုံ့ကြိုး ပါတဲ့ အဝတ်တွေက သင့်ကို ပြည့်စေ ပြီး၊ ဒေါင်လိုက်စင်းနဲ့ အောက်ရှူး ဘောင်းဘီတွေက သင့်ကိုပိန်တယ် ထင်စေရပါတယ်။
  • ခါးအပေါ် တက် ဝတ်ရတဲ့ဘောင်ဘီတွေက သင့်ရဲ့ပေါင်တံတွေကိုပိုပြီး ရှည်လျားသွယ်လျစေပါတယ်။
  • အခုပေါ်ပင်ဖြစ်ဖြစ်ပြီး ခေတ်ဆန်နေတဲ့ အဝတ်တွေကို၊ တစ်ချိန်ပြန်ကြည့်ရင် ဒိတ်အောက် နေကြောင်းတွေ့ရမှာအမှန်ပါပဲ။ဒါကြောင့်၊ ရိုးရှင်းပြီးဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတဲ့အဝတ်ကိုဝတ်ပါ။


၃) ဘယ်လိုနေမယ်

  • ပိန်တဲ့အမြင်ဖြစ်စေချင်ရင်တော့ သင့်လက်မောင်းကို ကိုယ့်နဲ့ကပ်မထားပါနဲ့။
    • သင့်  ကိုယ် ကို တစ်တောင့်တည်း မဖြစ်စေဖို့ ခြေတစ်ဖက် ကိုနောက်ဆုတ်၊ ပခုံး နဲ့ခေါင်း angle မတူအောင်ထား၊ ပြီးရင်သင့် ကိုယ် ဝိတ် ကို အနောက်ခြေထောက်ပေါ်မှာထားလိုက်ပါ။
    • မေးစေ့နှစ်ထပ် ဖြစ်နေရင် မေးကိုအနည်း ငယ် မော့ထာပေးပါ။
    • သင့်တင်ပါးကို သေးစေချင်ရင် ကင်မရာဘက်ကို ပခုံးတည့်တည့်ထား၊ တင်ပါးကို သုံး ပုံလေးပုံ လှည့်ပြီး ရိုက်ပါ။

    ၄) ကင်မရာအနေအထား


    • ပိန်စေချင်ရင် ရိုက်တဲ့သူကို မိမိရဲ့ ခေါင်းအပေါ်ကနေ ဆီးပြီး ရိုက်ခိုင်းပါ။ အဲဒါကသင့်ရဲ့ ကိုယ်လုံးကိုမဟုတ်ပဲ မျက်နှာ၊မျက်လုံးတွေကို အသားပေးပါလိမ့်မယ်။
    • သင့်ရဲ့ နှာခေါင်းပုံစံကလည်း ကင်မရာ Angle ပေါ်လိုက်ပြီးပြောင်းနေတာပါပဲ။ သင့်နှာတံတိုနေရင် အထက်စီးကနေရိုက်ရ ပြီး သင့်နှာတံရှည်နေလို့တိုချင်ရင် Angle နည်းနည်း နှိမ့်ပြီးရိုက်ရပါတယ်။
    ၅) မီး/အလင်းရောင်
    • သင် အပြင်မှာရိုက်တယ်ဆိုရင် နေတိုက်ရိုက်ထိုးတဲ့ဘက်မှာမနေတာ ကောင်းပါတယ်။အထူးသဖြင့် နေ့လည်တွေပေါ့။ 
    • တိမ်ရှိနေတာ စူးရှရှ နေရောင်ထက် ဓာတ်ပုံကို အလင်းအမှောင်ညီညီညာညာ ရှိစေပါတယ်။ မနက်ပိုင်း ဒါမှမဟုတ် နေဝင်ခါနီး အချိန်ရိုက်တာက အလင်းအမှောင်ကောင်း ကောင်း နဲ့ အကောင်းဆုံး ဓာတ်ပုံကို ပေးပါလိမ့်မယ်။


    ၆)ပြုံးနည်း

    • တမင်တကာ ဟန်ဆောင်အပြုံးကြီး မဖြစ်စေဖို့သင်ကို ရယ်စေတဲ့ အဖြစ်တစ်ခုခု ကောက် စဉ်းစားလိုက်ပါ။
    •  အဲဒါနဲ့ အလုပ်မဖြစ်ရင် အသက်ကို ရှူသွင်း၊ ရှူထုတ်တဲ့အချိန်မှ ပြုံးပါ ။Professionalတွေက အဲဒီ နည်း နဲ့ပြုံးကြပါသတဲ့။အဲဒီလိုလုပ်တာက သင့်မျက်နှာမှာရှိတဲ့ တင်းနေတဲ့ကြွက်သားတွေကိုလျှော့ပေးပြီး သင့်အပြုံးကိုပိုပြီး သဘာဝကျစေမှာပါ။

    ပြီးပါပြီ

    အခုတော့ သင်ဓာတ်ပုံထဲမှာ ဘယ်လိုနေရင် လှလှလေး ဖြစ်မယ် ဆိုတဲ့ လျှို့ဝှက်ချက်ကိုသိပြီပေါ့။ မလှတဲ့ပုံတွေထွက်မှာ မစိုးရိမ်ရတော့ပါဘူး။ 
    (Photoshop သင်တာလည်း ဘယ်တော့မှနောက်ကျတယ် မရှိပါဘူး။)

    You Might Also Like

    4 comments

    1. အစ်မေ၇ ကျေးဇူးပါဘဲ ညီမနောက်ဘယ်လို အိုက်တင်နဲ.ဓာတ်ပုံ၇ိုက်၇မလဲ ဆိုတာသိသွားပြီ ....:)

      ReplyDelete
    2. ဒီပို့စ်ကိုခုမှဖတ်မိလို့ ကြိုက်လိုက်တာ.. (y)

      ReplyDelete
    3. အရင်ဆိုဘယ်လိုပို့စ်ပေးရမှန်းမသိဘူး
      အမပြောတဲ့အတိုင်းပို့စ်ပေးကြည့်မယ်😊😊

      ReplyDelete