မျက်မှန် The Perfect Pair

By 9:20 PM


မနေ့က ဟိုလှန်ဒီလှော လုပ်ရင်း ဖတ်မိတဲ့ msn က The Perfect Pair  ဆိုတဲ့ဆောင်းပါးလေးကို ပျိုမေတို့အတွက် မျှဝေပေးလိုက်ပါတယ်။

Cat eye shades

 နားထင်နှစ်ခုကြား အကွာအဝေးက နှဖူးမှ မေးစေ့ အကွာအဝေးထက် နည်းနည်းလေးပိုကျယ်တဲ့ ပျိုမေတွေအတွက် သင့်တော်မယ့် cat eye ကိုင်းလေးပါ။ ယခုနှစ် ရဲ့ ရာသီစာလေးလည်း ဖြစ်ပါတယ်။



Round Frames

 လေးထောင့်ဆန်တဲ့ မျက်နှာကို ကိုင်းပြေပြေ လေးတွေ တပ်လိုက်ရင် ပြေပြစ်တဲ့ မျက်နှာအသွင် ရစေပါတယ်။ မျက်နှာ လေးထောင့်ကျမှန်း မသိသာတော့ပါဘူး။



Angular Frames

ထောင့်ချိုးလေးတွေထည့်ထားတဲ့ ကိုင်းလေးတွေ ကတော့ မျက်နှာဝိုင်းတဲ့ သူတွေနဲ့ လိုက်ပါတယ်။




Retro Shades

မျက်နှာ ဘဲဥပုံ ရှိတဲ့ ပျိုမေတွေ က ဘုရားပေးတဲ့ ဆု ရထားတယ်လို့ဆိုရမှာပါ။ ဘယ်နေကာ ပဲ တပ်တပ် မျက်နှာနဲ့လိုက်ပြီးသားပါ။


Sporty Pair with Longer Lenses

ပျိုမေရဲ့ မျက်နှာကျက သွယ်တဲ့ အစားထဲမှာပါရင် ပါးထိ ကျနေတဲ့ မှန်ကိုင်းမျိုး နဲ့ အကိုက်ဆုံးပါပဲ။ မှန်တိုတဲ့ ကိုင်းသွားဝတ်မိရင် မျက်နှာရှည် မှန်း ပိုသိသာသွား မှာမို့လို့တတ်နိုင်ရင် ရှောင်စေချင်ပါတယ်။






Oversized shades

မှန် size အကြီးစားတွေက မျက်နှာအစိတ်အပိုင်း ထင်ရှားတဲ့သူ ဥပမာပြောရရင် နှာတံပေါ်၊ နှုတ်ခမ်းထူ တဲ့ ပျိုမေတွေ နဲ့ပို ကြည့်လို့ကောင်းပါတယ်။ အဲလို facial features မျိုးမရှိရင်၊ ကိုယ့်မျက်နှာက မျက်မှန်ကိုင်းကြားမှာ ပျောက်သွားမှာပါ။



Rimless Style

ပါးရိုးမြင့်မြင့်နဲ့ လှနေတဲ့ ပျိုမေတွေအတွက် ကိုင်းမပါတဲ့ မျက်မှန်လေးတွေက ပါးရိုးအလှကို ပိုပေါ်လွင်စေပါတယ်။




Aviator

သူ့ကိုဝတ်မယ်ဆို စည်းကမ်းနှစ်မျိုးပဲရှိပါတယ်။ အရှေ့မှာပြောခဲ့သလို Facial features ကြီးရင် အကြီးရွေး၊ features သေး ရင် မှန် သေးတာရွေးပေါ့။ ဒါလေးလိုက်နာလိုက်ရင်၊ ဘယ်မျက်နှာမျိုးနဲ့မဆို အဆင်ပြေပါတယ်။


ဒီလောက်ဆို ပျိုမေတို့ နဲ့လိုက်မယ့် မျက်မှန်ကို ရှာတွေ့သွားလောက်ပြီ ထင်ပါတယ်။ ကြုံရင်တော့ ရန်ကုန်မှာ ပဲထုတ်ဖို့အတွက် ပေါပေါပဲပဲ မျက်မှန်တစ်လက် ဝယ်မလားလို့။ 

အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။ နောက်သုံးပတ် အကြာမှ ပြန်တွေ့ကြမယ်နော်။ သာယာပျော်ရွှင်ဖွယ် နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ပါစေရှင်။

XXX

You Might Also Like

5 comments

  1. ဘယ်ဟာနဲ့မှ မလိုက်ဘူး.. ဘယ်လိုလုပ်ရမလဲ
း(

    ပွင့်

    ReplyDelete
  2. See you in 3 weeks and have a safe trip!!!

    ReplyDelete
  3. ဟယ်... ဒါမျိုးရှာနေတာ
    ကြိုက်တယ်ကွာ...
    ကျေးဇူး.. ကိုယ်ကတော့လိုက်မလိုက်တော့မသိဘူး..
    အနီရောင်လေးနဲ့ အောက်ဆုံးကဟာလေးကို ကြိုက်တယ်.. ^^

    ReplyDelete
  4. ဂငယ်။ လာလည်တဲ့ အတွက် ကျေးဇူးပါ။ နောက်လည်း အားရင်လာလည်ပါဦး။

    ReplyDelete
  5. မျက်နှာဝိုင်းတယ်
    လေးထောင့် ပြားပြားမျက်မှန်ကြီးကြိုက်ဘူး sun glassနဲ့လည်းမတူဘူး
    မှန်ကြီးကြီးတစ်မျိုးရွေးပေးပါနော်

    ကျေးဇူး

    ReplyDelete