Rihanna ရဲ့ Herringbone ကျစ်ဆံမြီး ကျစ်နည်း (Rihanna's Herringbone Braid)
![]() |
Herringbone braid နဲ့ Rihanna |
မနေ့က ဖတ်ဖြစ်တဲ့ ကောစ်မိုပေါ်လစ်တန် (Cosmopolitan) မဂ္ဂဇင်း "8 braids to wear all summer" မှာ Celebritiesတွေ ရဲ့ ကျစ်ဆံမြီးပုံစံလေးတွေ ဖော်ပြထားပါတယ်။ တခြား ပုံလေးတွေထက် အမြင်ဆန်းတာမို့ Herringbone braid ကျစ်နည်းကို အသစ်အဆန်း လုပ်ချင်တဲ့ ပျိုမေတွေအတွက် တင်ပေးလိုက်ပါတယ်။

အဆင့် ၂ : ဆံပင်ကို ကိုယ်ကျစ်မယ့်အနေအထားလောက်ယူပြီး နှစ်ဘက် ခွဲပါ။ တစ်ဘက်နဲ့တစ်ဘက် ညီပါစေ။ပုံမှာပြထားတဲ့ အတိုင်း ဆံပင်စနှစ်စ ကို လက်နဲ့ ကိုင်ထားပါ။


အဆင့် (၅) : တစ်ဘက်တစ်လှည့်ဆီဆက်ကျစ်သွားရုံပါပဲ။ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်ချင်ရင်ကျစ်တဲ့ အခါမှာဆံစကိုတင်းအောင်ဆွဲပြီး ကျစ်သွားပေးရပါမယ်။ ကပိုကရိုလေးဆိုရင်တော့၊ ဆွဲမကျစ်နဲ့ပေါ့နော်။
![]() |
Fearne Cottonရဲ့ Herringbone အပွ |
အပိုဆောင်းအနေနဲ့ မနေ့က ဖတ်တဲ့ ဆောင်းပါးမှာပါတဲ့ နွေရာသီအတွက် ကျစ်ဆံမြီး ပုံစံလေးတွေကို ပျိုမေတွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။ စာဖတ်သူပျိုမေတွေ လှသည်ထက် လှနိုင်ကြပါစေရှင်။
2 comments
ဟိုးတုန်းကလည်း မြန်မာပြည်မှာ ကျစ်ခဲ့ကြတယ်။ ကိုယ့်ရဲ့ အမေ နဲ့ အမအကြီးဆုံး ကျစ်ပြဘူးတယ် ကိုယ်ငယ်ငယ်က။
ReplyDeleteသူတို့ ကတော့ကျစ်နေအောင် ခလယ်ကအမြှောင်းလေးပေါ်အောင်ကျစ်တယ်။ အဲဒါကိုပြန်ဖြည်ရင်တော့ စိတ်ရှည်ရတယ်။ နဲနဲကြာတယ်။ လျော့လျော့လေးဆိုရင်တော့မြန်မယ်နဲ့ တူတယ်။ အဆင့် ၃ ကရေးထားတာ တမျိုးဖြစ်နေသလားလို့ ။
အိုင်အိုရာ
ဟုတ်တယ် မမ ရေ... သေချာပြန်ကြည့်မှ မြင်တော့တယ်။ ရေးချင်ဇောနဲ့ လျှမ်းသွားတာ။ ထောက်ပြပေးတာကျေးဇူးပါနော်။
ReplyDelete