အလေးချိန်ထိန်းပေးမယ့် ရှာလကာရည် (Fergie's secret)

By 9:04 PM


အစားအစာနဲ့ လေ့ကျင့်ခန်း ကဏ္ဌလေးကို မရေးတာ ကြာပြီမို့လို့ ထူးထူးခြားခြား အလေးချိန်ထိန်းသိမ်းနည်း လျှို့ဝှက်ချက်လေးတွေ့တုန်း၊ www.celebritybeautysecrets.net မှ ဆောင်းပါးလေးကို ကောက်နှုတ်တင်ပြပေးလိုက်ပါတယ်။



Black eyed Peas အဖွဲ့ထဲက  အသံအားကောင်းကောင်းနဲ့Fergie ဟာ၊ အားကျစရာ တောင့်တင်းတဲ့  ခန္ဒာကိုယ် ပိုင်ဆိုင်ထားတဲ့သူ တစ်ဦးပါ။ သူနဲ့ပတ်သက်တဲ့ Glamour မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ သူက သူ့ရဲ့ အလေးချိန်ထိန်းတဲ့ လျှို့ဝှက်ချက်ကို အခုလိုပြောပြသွားပါတယ်။


Glamour : အလေးချိန်နဲ့ ပတ်သက်လို့ အခြားလုပ်နေတာများ ရှိသေးလား?
Fergie     : ကျွန်မ VInegar shot ချပါတယ်။  (shot = tequilla ကို one stroke သောက်သလိုမျိုး)
Filter မလုပ်ထားတဲ့ သဘာဝ ပန်းသီးရှာလကာရည် (Organic Apple cider Vinegar) တော့ ဖြစ်ဖို့လိုပါမယ်။
Glamour : အဲဒါကို Shot ချတာလား?
Fergie     : စားပွဲတင်ဇွန်း နှစ်ဇွန်း စာပါ။ ကျွန်မ အဲဒါသောက်ပြီးတော့ ကျွန်မအစာ အလေ့အထနဲ့ ပတ်သက်ပြီးထူးခြားမှူလေးတွေ တွေ့တယ်။ ကျွန်မရဲ့ လေ့ကျင့်ခန်းနည်းပြကို ယုံတယ်လေ။ ကျွန်မရဲ့ လျှို့ဝှက်ချက် ကို ဝေမျှတာပါ။

Fergie ရဲ့နည်းပြ Natasha Kufa က မဂ္ဂဇင်းကို Vinegar ဟာ အူမကြီးမှာကပ်နေတဲ့ အဆီတွေကို ဆေးချပေးနိုင်ပြီး အစာကို ပိုချေနိုင်တဲ့အပြင် အစာစားချင်စိတ်ကိုထိန်းပေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။




Note :
ပန်းသီးရှာလကာရည်က သွားကြွေလွှာကို ပျက်စီးစေတာမို့၊ ပိုက်နဲ့စုပ်သောက်ရင် ပိုအဆင်ပြေပါမယ်။ တချို့က ဟင်းသီးဟင်းရွက်ဆလက် မှာ dressing အနေနဲ့ ထည့်ကြပါတယ်။
 သောက်မယ်ဆို ည အစာမစားခင်လေးဖြစ်စေ ညစာနဲ့တွဲဖက်လို့ဖြစ်စေ သောက်နိုင်ပါတယ်။ ဒါမှ အစာစားချင်စိတ်လျော့မှာဖြစ်ပြီး၊ အူမကြီးမှ အဆီစုပ်တာကို ကြိုတားပေးနိုင်မှာပါ။
အစာမကြေရင်ပြည့်ရင်ကယ်ခြင်းကိုလည်း သက်သာစေတယ်လို့ဆိုပါတယ်။






Black eyed peas ရဲ့ I gotta feeling ပါ။ ကွန်နက်ရှင်ကောင်းရင် နားထောင်သွားပါဦး။ :)

သာယာပျော်ရွှင်ဖွယ်နေ့လေး တစ်နေ့ ဖြစ်ပါစေရှင်။


You Might Also Like

6 comments

  1. မောင်ဘကြိုင်တို့ကတော့ အလေးချိန်တိုးလာမှာ မကြောက်ပေါင် အင်တာနေရှင်နယ်ဘော်ဒီပိုင်ဆိုင်သူမို့ မြင်ဖူးသူတချို့က မော်ဒယ်လ်(မောတယ်) ကိုယ်လုံးပိုင်ရှင်ဆိုပဲ (ဟိဟိ)း)

    ဘယ်အချိန်ချိန်ချိန် ကီလို ၅၈ကနေမတက်ပါဖူးလေး)

    မောင်ဘကြိုင်

    ReplyDelete
  2. ဟယ်..ကြည်စန်း.ကြည်စန်း
    သူများတွေ.လျှို့ဝှက်ချက်တွေပြောကုန်ပီး)
    မိစံလည်း.
    ပဲပင်ပေါက်ဓာတ်လိုက်ထားသလိုလှတဲ့
    ကိုယ့်အကြောင်းကို..
    ပြောပြလိုက်ရင်ကောင်းမလားနော်
    မြတ်ကြည်းP

    ReplyDelete
  3. စမ်းလုပ်ကြည့်ရင် ကောင်းမယ်ထင်လယ်..ဟီးးး

    ခင်လျက်
    ဂျွန်မိုး

    ReplyDelete
  4. အင်း..... အသိတစ်ယောက်တော့ အဲဒီအကြောင်းကြားဖူးလို့ လား.... ဒါမှမဟုတ် သူ့ စတိုင်လားတော့မသိဘူး... ပန်းသီး ရှာလကာရည်ကို သောက်ရည်နဲ့ ဖျော်ပီး ရေအစား အဲဒါကိုပဲသောက်တယ်.... အနံ ကို ခံကြည့်တော့ ရှာလကာရည်အနံ့ပဲရတာမို့  စိတ်ညစ်သွားတာပဲ... ခက်တာက သူမက အစားလဲမလျှော့ဘူးလေ... toblerone တစ်တောင့်ကို တစ်ထိုင်ထဲ ကုန်တယ်... လေ့ကျင်ခန်းမလုပ်... အလုပ်က ထိုင်ရတာများတယ်... ၀လျက်ပါပဲ... သူလည်း ၀ လို့ .. စိတ်ညစ်နေရက်.....

    ReplyDelete
  5. ကိုဘကြိုင် ကို အားကျပါ့၊ တော်တီးတီးတော်ပဲ။

    မိစံရေ၊ ပြောလေ၊ ဒီက သိပြီဆိုတာနဲ့ ရေးပြီပဲ။ :P ဟစ်ဟစ်

    ဂျွန်မိုးရေ၊ မြတ်ကြည်က တော့ မတိုက်တွန်းချင်ဘူး။ ဘာလို့ဆို တခြား ဆိုးကျိုးတွေရှိမှာစိုးလို့။ ဗဟုသုတ အနေနဲ့ပဲကောင်းမယ်ထင်တယ်။ :)

    ဝိတ်ကျဖို့ဆိုတာ အားကစား၊ အစားအသောက်လည်း အများကြီးပါတယ်မဟုတ်လား။ ရှာလကာရည်တစ်ခုတည်းနဲ့တော့ မြင်သာမယ်မထင်မိဘူးနော်။

    ReplyDelete
  6. ညီမရေ မိတ်ကပ်လိမ်းနည်းကိုသဘောကျတယ်၊အတုယူလိမ်းရမယ်၊အကူအညီလဲတောင်းအုန်းမယ်
    BB cream ဘယ်မှာဝယ်လို့ရမလဲ၊ညီမမျက်နှာလေးကသန့်စင်နေတာပဲ၊အစ်မတစ်ကယ်လိုချင်လို့ပါ
    ပြောပြပေးနော်၊ကျေးဇူးကြိုပြီးတင်လိုက်တယ်နော်၊

    ReplyDelete