ဒီမှာတော့ ကိုရီးယားလို ထမင်းလိပ်ကို ကင်မ်ဘတ်ပ် လို့ ခေါ်ကြပါတယ်။ (ကင်မ် = ရေညှိ၊ ဘတ်ပ် = ထမင်း) ဂျပန်ထမင်းလိပ်ကျတော့ ဆူရှီပေါ့။ ဂျပန်လို မသိတော့၊ မပြောပြတတ်ဘူး။ ဟီးဟီး ကိုရီးယားလိုလည်း ကြွားပြောရရင် သေစာရှင်စာပဲ တတ်တာပါ။ဒီနေ့တော့ ဂျာနယ်တွေ မိတ္တူ သွားကူးရင်း၊ တခါမှမဝင်ဖူးတဲ့ တော့ပူကီ အဓိကရောင်းတဲ့ ဆိုင်လေးဆီ ခြေဦးလှည့်မိပါတယ်။အထဲရောက်တော့ ဘာစိတ်ကူးပေါက်သွားလည်း မသိ။ တော့ပူကီမစားတော့ပဲ ကင်မ်ဘတ်ပ် မှာလိုက်ရော။အချဉ်ကို...