ဗိုက်ချပ်စေမည့် 10 မိနစ်စာ လေ့ကျင့်ခန်း

By 6:48 PM

အားကစားအတွက် အချိန်မပေးနိုင်တဲ့ပျိုမေများ အတွက် တစ်နေ့ဆယ်မိနစ်စာ အချိန်ပေးရုံနဲ့ ဗိုက်သား သိသိသာသာ ကျစ်လစ်လှပစေမှာပါ။ ဒီလေ့ကျင့်ခန်းလေးကို Good Housekeeping (Digital Edition) မှ ထုတ်နှုတ်ဖော်ပြထားတာဖြစ်ပါတယ်။

 ဒီလေ့ကျင့်ခန်းရဲ့ အနှစ်သာရကတော့ ဗိုက်မှာရှိတဲ့ DeepTransverse Abdominalis ကြွက်သားကို ကျစ်လစ်စေတာဖြစ်ပါတယ်။ ခေါင်းအုံးတစ်လုံးကို ခေါင်းအောက်မှာထား၊ စာအုပ်တစ်အုပ်ကို ဗိုက်ပေါ်တင်၊ ဗိုက်ကိုကျောနဲ့ကပ်တဲ့အထိ လေကိုတဝကြီးရှူထုတ်လိုက်တဲ့အခါမှာ စာအုပ် နစ်ဝင်သွားတဲ့နေရာဟာ DeepTransverse muscle ရှိတဲ့နေရာ ဖြစ်ပါတယ်။ ကစားနည်း အသေးစိတ်ကို ကြည့်ကြရအောင်နော်။

 လေ့ကျင့်ခန်း (၁)



ကြမ်းပြင်ဆီသို့ မျက်နှာမူ၍ ကိုယ်ကို ဆန့်တန်း ထားပါ။  ကိုယ်ရဲ့ အလေးချိန်သည် တံတောင်နှင့် ခြေဖျားပေါ်တွင်ရှိပါစေ။ ထိုအနေအထားကို စက္ကန့် ၁၀ မှ ၂၀ အထိ ထိန်းထားပေး ရမှာဖြစ်ပါတယ်။

 လေ့ကျင့်ခန်း (၂)


(A) လူကို ဘေးဆောင်းအနေအထားနှင့် ဆန့်ထားပြီး ဘယ်ခြေကျင်းကို ညာခြေကျင်းပေါ်သို့ ချိတ်ပါ။  ကိုယ်ကို ညာလက်ဖြင့် ထောက် ထားပြီး ဘယ်ဘက် လက်ကို ဦးခေါင်းအနောက်တွင်ထားပါ။
(B) ဝမ်းဗိုက်ကြွက်သားကို သုံး၍ ဘယ်တံတောင်ကို ကြမ်းပြင်နှင့် မျင်းပြိုင်အနေအထားသို့ ရောက်အောင် ဆွဲယူပါ။
တစ်ဘက်ကို ၆ ကြိမ်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။


 လေ့ကျင့်ခန်း (၃)


(A) ပထမဆုံး ကြမ်းပြင်ပေါ်သို့ ခြေဖဝါးချ၍ထိုင်ပါ။ ထို့နောက် ဗိုက်ကြွက်သားကို သုံး၍ ခြေကိုကြမ်းပြင်နဲ့ လွတ်တဲ့ အနေအထားသို့ မတင်လိုက်ပါ။ ခါးဆန့်နေပါစေ။ 
(B) ကိုယ်အပေါ်ပိုင်းကို တစ်ဖက်သို့လှည့်ယူပြီး လက်နှစ်ဘက်ကို ကြမ်းပြင်နှင့်ထိပါ။ 
ဘက်မပြောင်းခင် ၈ ကြိမ်မှ၁၀ ကြိမ်ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄) 


(A) ကိုယ်ကို ကြမ်းပြင်ပေါ်သို့လှဲလျက်၊ ဒူးကို ရင်ဘတ်နှင့်ထိအောင် ကွေးပြီး ခြေထောက်မပြေ စေရန် လက်ဖြင့်ထိန်းထားပါ။
(B) အသက်ရှူ၊ ဗိုက်ကိုရှပ်၍ ထိုင်ရက်အနေအထားသို့ ရောက်အောင် ဆွဲထူပါ။ ကိုယ်အလေးချိန်ဟာ၊ မြီးညောင်ရိုးနေရာမှာရှိပါစေ။
ဒီအတိုင်း ၅ ကြိမ်မှ ၁၀ ကြိမ်ပြုလုပ်ပေးပါ ။

လေ့ကျင့်ခန်း (၅)


(A) ပက်လက်အနေအထားနှင့် ဒူးကိုကွေးပြီး လက်နှစ်ဘက်ကို ခေါင်း အောက်တွင်ထားပါ။ 
(B) ညာခြေကို ဆန့်ရင်း ကိုယ်အပေါ်ပိုင်းကို ဘယ်ဘက် ဒူးဆီသို့လှည့်ပါ။ ဘက့်ပြောင်း၍ ဘယ်ခြေကိုဆန့် ညာဒူးဆီသို့လှည့်ပါ။ 
တစ်ဖက် ကို ၁၀ကြိမ်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။


** အထက်မှာဖော်ပြထားတဲ့ လေ့ကျင့်ခန်း (၁) မှ (၆) ကို  ဆယ်မိနစ်အတွင်း (၂) ခေါက်ပြည့်အောင် ဆက်တိုက်ပြုလုပ်ပေးရမှာပါ။ တစ်ပတ်ကို ၃ကြိမ်ပဲပြုလုပ်ပေးရမှာမို့၊ နေ့တိုင်းလုပ်ဖို့ အဆင်မပြေတဲ့ ပျိုမေတွေအတွက်လည်း အသုံးဝင်လိမ့်မယ် ထင်ပါတယ်။ 

ပျိုမေတွေ ကျန်းကျန်းမာမာနှင့် သာယာပျော်ရွှင်တဲ့နေ့ရက်တွေ ကို ပိုင်ဆိုင်နိုင်ကြပါစေ ရှင်။




You Might Also Like

16 comments

  1. ငါ့ညီမလေး အကြားအမြင်များ ရနေလား မသိဘူး.. ကွက်တိပဲ
    :P

    ReplyDelete
  2. မမပွင့် နဲ့ စိတ်ချင်းဆက် နေတာလား မသိ :)

    ReplyDelete
  3. နာလည်း လိုအပ်တယ်..။

    ပေါက်

    ReplyDelete
  4. ဘလောဂ့်လေး သဘောကျတယ်
    ဒါကြောင့် လင့်ယူသွားတယ်နော်

    ReplyDelete
  5. မချော ကျေးဇူး နော်။ ဟိုတလောက အစ်မရဲ့ဆိုက် ဝင်တာ ဝင်မရပြန်ဘူး။

    ReplyDelete
  6. ဗိုက်ခွဲထားတဲ.သူရောဒီလေ.ကျင်.ခန်းလုပ်လို.ရပါသလား??

    ReplyDelete
  7. ဗိုက်ခွဲထားရင် က ၁ နှစ်ကျော်မှာ ချုပ်ရိုး scar အသားကျပါတယ်။ ဒါပေမဲ့ ပုံမှန်နဲ့ ကွာတာမို့ တတ်နိုင်ရင် ဝမ်းဗိုက်အတွင်းဖိအား intra abdominal pressure မတက်စေနိုင်မယ့်လေ့ကျင့်ခန်း မျိုးရွေးလုပ်စေချင်ပါတယ်။ ရှာပြီးတင်ပေးလိုက်ပါမယ်နော်။

    ReplyDelete
  8. ကျေးဇူးတင်ပါတယ်.. စောင်.ဖတ်ပါမယ်.. အမြဲအားပေးပါတယ်..

    ReplyDelete
  9. ဒီနည်းလေးကတော့ဖြင့်..
    အပျိုကြီးမမများအတွက်ထင်တယ်နော်အစ်မ.:P
    မီးကငယ်တေးတော့..တိတ်နားမလည်သေးဘူးးD
    အစ်မဆိုဒ်လေးကညီမအတွက်
    အရမ်းကိုအသုံးဝင်ပါတယ်ရှင်
    ညီမကလှချင်သူကိုး :P
    နေ့တိုင်းလာလည်ပါ့မယ်ရှင်။
    ခင်မင်စွာဖြင့်
    ညီမ/မိစံ

    ReplyDelete
  10. hi sister, i like your all post .please let me share.thanks

    ReplyDelete
  11. Thank you for the comment. :) you can share, with the name of the site under the article.

    ReplyDelete
  12. မြတ်ကြည်ရေ ဗိုက်ချပ်နည်းလုပ်ကြည့်အုံးမှပဲ
    ငပူးအခုတလော ဗိုက်ပူလာသလို ပဲခံစားရတယ်
    ပိန်အောင်လုပ်မယ်...... ပိန်ချင်တာသေတော့မယ်
    ကျေးဇူးပါ မြတ်ကြည် .........ရေ

    :P

    ReplyDelete
  13. မမပူးရယ်၊ မြင်ရသလောက်က မဝပါဘူး။ အစ်မပူးဝတယ်ဆိုရင် မြတ်ကြည်တော့ ဘုတ်အီး ဖြစ်နေပြီ။ :)

    ReplyDelete
  14. မြတ်ကြည်ပြောသလိုလုပ်ကြည့်အုံးမယ်. အမက ဗိုက်ပူတာကိုသိပ်မုန်းတာ.မိန်းမတွေဗိုက်ပူရင် သိပ်ရုပ်ဆိုးတယ်နော်.အ၀တ်အစားဝတ်ရတာ လဲအဆင်မပြေတော့ဘူး.ကျေးဇူးပါညီမလေးရယ်

    ReplyDelete
  15. မမြတ်ကြည်ရေ...ယောင်္ကျားလေးတွေရော လုပ်လို့ရလားဗျ....အနော်လဲ ဗိုက်ပူလို့....အဟဲ...

    ReplyDelete