သင့် မျက်နှာကို Animation ထည့်မလား? (Face Morphing)

By 5:49 PM

သင့် ဓာတ်ပုံတွေကို လက်တည့်စမ်း စရာ တွေ ကုန်လို့ ပျင်း နေပါပြီလား? စတစ်ကာတို့၊ လူပုံမှာ မျက်နှာထည့် တာတို့ကတော့ သင့်အတွက် ရိုးနေလောက်ပါပြီ။ သင့်မျက်နှာကို ပြုံးပြ၊ မဲ့ပြ၊ မချိုမချဉ်လုပ်ပြ ခိုင်းဖို့ ဒီ Site လေးမှာ သင်ကိုယ်တိုင် ဖန်တီးလိုက်ပါ။

Website လိပ်စာကတော့- http://cartoon.pho.to/ ဖြစ်ပါတယ်။

Select a photo မှာ ကိုယ့် ကွန်ပျူတာထဲက ဓာတ်ပုံ ဒါမှမဟုတ် Image URL ကိုထည့်၊ ပြီးရင် Face morphing ကိုရွေးလိုက်ပြီး Emotion Icon တွေထဲက ကြိုက်ရာကို select လုပ်လိုက်ရုံပါပဲ။ ပုံပေါ်ဖို့အတွက်တော့ အချိန်ခဏစောင့်ရပါတယ်။

Sign-up လုပ်စရာမလိုတဲ့အပြင် သင်ပြင်ပြီးသား ဓာတ်ပုံကို Facebook ၊ Twitter တို့မှာ share လို့ရပြီး၊ Blog တွေအတွက် လဲ HTML code ယူလို့ရပါတယ်။





ဒီလိုဆိုရင် ကိုယ့်ပုံကိုပဲပြုံးခိုင်းခိုင်း၊ စိုင်းစိုင်း ကိုပဲ မဲ့ ခိုင်းခိုင်း လက်တည့်စမ်းလို့ရပြီပေါ့။ သူငယ်ချင်းတွေကိုလည်း ကိုယ်ကလိထားတာတွေကို Share ဖို့မမေ့နဲ့နော်။

You Might Also Like

2 comments

  1. ကိုယ့် ပုံကိုယ်ထဲပြီးစမ်းကြည့် တာ
    တော်တော်ရယ်ရတယ် ကျေးဇူးပဲ
    သူများပုံတွေလိုက်နောက်လို့ ရပြီ

    ReplyDelete
  2. ဒါလေးတော့..သဘော့ကျသွားပြီ..နောက်ပြီး..ကျွန်တော့်အသဲတုန်း..ကစ်ကစ်ပုံလေးနဲ့လဲနမူနာဆိုတော့..ဟဲဟဲ....စမ်းလိုက်ပါဦးမယ်ဗျာ....

    ReplyDelete