ဘောပင် ၆ ချောင်း သိုးမွေးထိုးနည်း

By 8:17 AM

ဒါက ကျွန်မ finger knitting ကို အဆန်းထွင်ထားတဲ့ သိုးမွေးထိုးနည်း လေးပါ။ Finger knitting မှာ ကျွန်မ လက်ကို အကြာကြီး မလှုပ်ပဲထားရတာ၊ အဆင်မပြေလို့ လက်ချောင်းအစား ဘောပင်ကို သုံးလိုက်တာဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ ဗျက်အပေါ် မူတည်ပြီး ဘောပင် အ ရေအတွက် ကို အတိုးအလျှော့လုပ်ပေးနိုင်ပါတယ်။ ကြည့်ကြရအောင်။

1)  ဘောပန်လေးတွေကို ပုံမှာပြထားတဲ့ အတိုင်း ခပ်ကျဲကျဲလေး နေရချထားပါ။ မဟုတ်ရင်၊ ကြိုးဝင်လာပြီဆို နေရာချဲမထားရင်၊ အားပိုစိုက်ရပါတယ်။

2) ကြိုးကို အစွန်အကျဆုံး ဘောပင် က နေစပြီး တစ်ချောင်းခြားစီ လျှို သွင်းပါ။




3) အပြန်လမ်းကိုလည်း အလာတုန်းကလို တစ်ချောင်းခြားစီ ပြန်လျှိုရမှာဖြစ်ပါတယ်။  ဒါဆို တစ်ပတ်ရပြီ။





4) အဆင့် (1)က နေ (3) အ တိုင်း ပြန်ကျော့ပါ။ ဒါဆို နှစ်ပတ် ရပါပြီ။











5) ဒီအဆင့်မှာက တော့ လက်မနဲ့လက်ညိုးကို သုံးပြီး အောက်ကွင်းကို၊ အပေါ်ကွင်းပေါသို့ ချိတ်တင်ရမှာဖြစ်ပါတယ်။ ဥပမာတစ်ခုလုပ်ပြထားပါတယ်။


6) ကျန်တဲ့ကွင်းတွေကိုလည်း အဆင့်(5) အတိုင်း လိုက်ချိတ်သွားပြီးတဲ့ အခါ ပုံမှာပြတဲ့အတိုင်း တစ်ပတ်ပဲကျန်မှာဖြစ်ပါတယ်။ 












7) အဆင့်တစ်မှ ခြောက်ကို မိမိ လိုချင်တဲ့ အရှည်ရတဲ့ အထိ၊ repeat လုပ်ရမှာဖြစ်ပါတယ်။ ဒါကတော့ ကျော့ဘက်မှ မြင်ရမယ့်ပုံစံပါ။


အစ သတ်ခြင်း


အစွန်ဆုံးက ၂ ကွင်းကို တစ်ကွင်းတည်းဖြစ်အောင် ချိတ်တင်ပါ။

 


ကျန်တဲ့ တစ်ကွင်းကို ဘေးမှာရှိတဲ့ ဘောပင် ဆီသို့ထပ်ချိတ်ပါ။ သုံးကွင်းကို ၂ကွင်း၊ ၁ကွင်း ခပ်ခပ်တင်ပြီး၊ ထိုနည်းအတိုင်း ဘေး ဘောပင်များဆီသို့ ကူးပါ။ လက်စသတ်လို့ပြီးပါပြီ။


Confession:

ကျွန်မထိုးနေတဲ့ မာဖလာလေးက တည်ဆောက်ဆဲ ကာလ မှာပဲ ရှိ သေးတာကြောင့်၊ အပြီးအစီး ဖြစ်တဲ့ အခါမှ ဓာတ်ပုံ တင်လိုက်ပါမယ်။  တကယ့် သိုးမွေးထိုး သလောက် မပင်ပန်းပဲ၊ အချိန်ခဏလေးနဲ့ ခရီးတော်တော် ရောက်တာမို့ကိုယ်တိုင်ဖန်တီးမှုလေးတွေကို စိတ်ဝင်စားရင် စမ်းလုပ်ကြည့်ကြပါလို့။

စာဖတ်သူများ အားလုံး ကျန်းမာချမ်းသာ ကြပါစေ။



You Might Also Like

6 comments

  1. ရှုပ်နေတာပဲ..
    ကဲ..ကဲ..
    မာဖလာတထည်သာ လက်ဆောင်ပေးဖို့ပြင်ပါတော့..။


    ပေါက်

    ReplyDelete
  2. ဂလောက် လွယ်အောင်ရေးထားတဲ့ဟာကို :((( ပေးဘူး။

    ReplyDelete
  3. thanks so much... I want to give some gift to my sweetheart.. =) now got idea... thanks... so happy because of U...

    ReplyDelete
  4. ပျော်စရာဘဲ..
    အိုင်အိုရာ

    ReplyDelete
  5. အဆင့်ငါးမှာ ကြိုးပြန်ချိတ်တင်တာကို လုပ်လို့မရဘူးဖြစ်နေတယ် ... :(
    ဒီလို နည်းလေးတွေရှိရင် ထပ်တင်ပေးအုံးနော် ။ အကုန်စိတ်ဝင်စားတယ် ၊ လိုက်လည်းလုပ်ကြည့်တယ် :)

    ReplyDelete