ဒီကောင်လေး ကိုယ့်ကို စိတ်ဝင်စား နေတာလား? Crush on me?

By 9:41 AM

သူ ပျိုမေ့ကို  စိတ်ဝင်စားနေတာများလား၊ ဒါမှမဟုတ် သူငယ်ချင်းလိုပဲ သဘော ထားနေတာလား တွေးရခက်ကြီးဖြစ်နေရင် အသေအချာ သိဖို့ သဲလွန်စလေးတွေ ဖော်ပြလိုက်ပါတယ်။။  စိတ်ဝင်စား တယ် ဟုတ်?

(1)
သူနဲ့စကားပြောကြည့်ပါ။ သူ့ ကို သင် လှမ်းနှုတ်ဆက် တာကို အတိုင်းထက်အလွန် ပြုံးဖြီးဖြီးကြီးဖြစ်နေတာ၊ မက်ဆေ့(ဂ်ျ) ပို့ရင် ရတာနဲ့ ချက်ချင်းစာပြန်တာ တို့က ကောင်းတဲ့ လက္ခဏာ တွေပါ။ယောက်ျား တွေက များသောအားဖြင့် "ချစ်ပေမယ့် မူလိုက်ဦးမဟဲ့" ဆိုပြီးမရှိကြပါဘူး။ အဲဒီတော့၊ နည်းနည်း မှန်းရပိုလွယ်တာပေါ့။

(2)
 သင် သူ့အနားမှာရှိရင် သူ့ဆီမှာရှိတဲ့ အရည်အချင်းတွေ လက်စွမ်းတွေ သိပ် ပြနေလား? သူ့သူငယ်ချင်းတွေကို ဟောင်ဖွာဟောင်ဖွာ နဲ့ ဆရာကြီးလုပ်နေလား ဆိုတာ သတိထားကြည့်ပါ။  ဒါတွေက သူ သင့်ကို အထင်ကြီးအားကိုးအောင် လျှောက်ပြီး လုပ်ပြနေတာပါ။

(3)
သူနဲ့ကိုယ် အကြည့်ခြင်းဆုံ တဲ့အခါ ရှိရင်၊ သူ့မျက်လုံးကို သတိထားကြည့်ပါ။ သင့်အပေါ် ခံစားချက်ရှိနေရင် မျက်လုံးသူငယ်အိမ် ကျယ် နေပါလိမ့်မယ်။ ညာလို့မရပါဘူး။


(4)
သင်နဲ့စကားပြောတဲ့အခါ သူရင်ဘတ် မသိမသာလေး ကော့နေလား ကြည့်ကြည့်ပါ။ ယောက်ျား တွေရဲ့ မသိစိတ်က သူတို့စိတ်ဝင်စားတဲ့ အမျိုးသမီးရှေ့ရောက်ရင် လေတွေကို ရင်ဘတ်ထဲ ဖောင်းထား တတ်ပါသတဲ့။  High Flown  သုံးရရင် ဆင့်ကဲဖြစ်စင် (evolution) သဘောတရား အရ  ဆန့်ကျင်ဘက်လိင် ကို ပေးတဲ့ message တစ်မျိုးပါပဲ။ သင့်ကို ကာကွယ်ဖို့ သူ့မှာဗလ ရှိတယ်ပေါ့လေ။

(5)
သူ့လက် လှုပ်ရှားတာကို ကြည့်ပါ။ သူ သူ့နားတွေကို ခဏခဏ ကိုင်နေလား? ဒါဆို သေချာတာက သူ့ဘက်ကငြိနေပြီ။ နားရွက်တွေလည်း နီရင်နီနေလိမ့်မယ်။

(6)
သင့်အကြိုက်တွေ follow တွေချည်း လိုက်နေလား? သင် သဘောကျတဲ့ ဟာ တစ်ခုခု ဥပမာ.. သင်ကြိုက်တဲ့ အဆိုတော် အကြောင်း၊ စာအုပ်အကြောင်း ပြောပြီး သူဘာပြောမလဲ ကြည့်ပါ။ လူတွေရဲ့ သဘာဝကိုက သူတို့သဘောကျတဲ့ သူတစ်ယောက်က တင်ပြတဲ့အမြင်ဆို အရမ်းဝေဖန်မပြောရဲကြပါဘူး။

(7)
သူ့ဆီကအကူအညီတောင်းကြည့်ပါ။ လေးတဲ့ဟာတစ်ခုခု သယ်ခိုင်းတာတို့၊ သူ့ဆီက အကြံဉာဏ် တောင်းတာ မျိုးပေါ့။ ယောက်ျားသား တွေက "ကယ်တင်ရှင်ကြီး" လုပ်ရတာကြိုက်မှကြိုက်။

(8)
 ရေလာမြောင်းပေး အရိပ်အမြွက် ပေး  ကြည့်ပါ။
"ဟိုတစ်ခေါက်  ရှိုး မကြည့်လိုက်ရဘူး။ နောက် လထဲ မှာ ရှိုးထပ်လုပ်ရင်တော့ သွားတော့ကြည့် ချင်သား"
လို့ပြောကြည့်ပါ။ သူဘာပြန်ပြောမလဲလို့။ အဲလိုပြောရင် အရမ်းရှက်တတ်ပါတယ်ဆိုတဲ့ သူတွေတောင် မဟပဲ မနေနိုင်ပါဘူး။


စမ်းသပ်တော့မယ်ဆို လိုအပ်တဲ့ အချက်လေးတွေက သတ္တိရှိ ဖို့၊ အကင်းပါးဖို့ နဲ့ အရိပ်အမြွက်ပေးတတ်ဖို့ ပဲဖြစ်ပါတယ်။ ဒါဆို ခေါင်းနောက်စေတဲ့အရာတွေ၊ ရှင်းထုတ်လိုက်လို့ရပြီ။ ဒီဆောင်းပါး ဖတ်ထားတယ် ဆိုတာလဲ သွားမပြောလိုက်နဲ့ဦး။ ကြိုးစား ထားတာလေးတွေ သဲထဲရေကုန် ဖြစ်ရချည်သေး။

နောက်နောင်လည်း အကြောင်းသင့်ရင်၊ အာဒမ်နဲ့ပတ်သက်လို့ ဗဟုသုတရစရာလေးတွေ တင်သွားဦးမှာပါ။ စိတ်ရှည်လက်ရှည် စောင့်မျှော် ဖတ်ရှုကြပါလို့။

မှတ်ချက်။ ။ သိထားသင့်တာလေးတွေပါ၊ မာယာလို့မခေါ်ပါဘူး။

You Might Also Like

2 comments

  1. သင်နဲ့စကားပြောတဲ့အခါ သူရင်ဘတ် မသိမသာလေး အရှေ့ကိုထွက်နေလား ကြည့်ကြည့်ပါ။

    :P

    ရင်ကော့တာပါ မြတ်ကြီးရယ်..:P

    ReplyDelete
  2. အင်းမ်... ဟုတ်သားပဲ။ ပြင်လိုက်မယ်နော်။

    ReplyDelete