ဓမ္မတာပေါ်ခါနီးရက်တွေမှာ စိတ်အလိုမကျဖိစီးမှုတွေ ကင်းဝေးနိုင်ဖို့ The foods that make your Period Happier

By 2:01 AM

ကျွန်မအတွက်တော့ အဲဒီအချိန်တွေဆို အလိုလိုကို စိတ်တိုင်းမကျပဲ ဒေါသထွက်နေတာ။ အဲဒီလိုဖြစ်ပြီဆို လာတော့မယ်ဆိုတာသိနေပြီ။ ကျွန်မ မူရင်း အင်္ဂလိပ်ဆောင်းပါးလေးကို ဖတ်ပြီး သဘောကျတာနဲ့ ပျိုမေတို့အတွက် စကားလက်ဆောင် ပေးလိုက်ပါတယ်။ ဓမ္မတာစက်ဝန်းမှာ ဟော်မုန်းအပြောင်းအလဲတွေက  လစဉ် ပုံမှန်ရှိနေတာကြောင့် ဘယ်အချိန်မှာဘာစားပေးရမယ် ဆိုတာသိထားဖို့လိုပါတယ်တဲ့။




ပထမ ၅ ရက်

ဓမ္မတာစလာတဲ့ ပထမ ၅ရက် ဟာ အထိမခံရွှေပန်းကန် အချိန်ပါ။ ဒါ့ကြောင့် သင့် စိတ်ကိုတည်ငြိမ်စေဖို့ မဂ္ဂနီဆီယမ် များများပါတဲ့ အစာ (ဟင်းနုနွယ်၊ အစေ့အဆန်) တွေနဲ့ အိုမီဂါသရီး ကြွယ်ဝတဲ့ (ဆော်လမွန်ငါး၊ ငါးသေတ္တာငါး၊သစ်ကြားသီး) တို့ကို စားပေးရပါမယ်။



  ၆ ရက် မြောက်နေ့ မှ ၁၃ရက်

သင့်ကိုယ်ထဲ့မှာ ဟော်မုန်းပြန်မြင့်လာလို့Stress ကို ခံနိုင်ရေရှိလာပါပြီ။ ကျန်းမာတဲ့အစားစာတွေကို စားချင်စိတ်ပြန်ဖြစ်တုန်း ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို ရ သလောက် များများစားပေးပါ။



၁၄ ရက် မှ  ၁၇ ရက်

သင့် အာရုံခံစားနိုင်မှု (အရသာ အပါအဝင်) အတိုင်းအတာ ဟာ ဒီရက်တွေမှာ အမြင့်ဆုံးရောက်နေတာဖြစ်လို့ အရသာရှိတဲ့ ဟင်းလျာတွေ ဥပမာ ပုဇွန်ထုပ်၊ အမဲသား၊ ချိစ် တို့ကို စိန်ပြေနပြေ အရသာခံပြီး စားလိုက်ပါ။



၁၈ ရက် မှ၂၃ ရက်

ပရိုဂျက်စတရုန်း (progesterone) ပမာဏ ဟာ အ မြင့်ဆုံး ကို ရောက်တဲ့ အချိန်မှာ သင့် အူတွေရဲ့ လှုပ်ရှားမှုဟာ နှေးကွေးသွားပါတယ်။ ဒါကြောင့် ဝမ်းချုပ်တာမဖြစ်အောင် ဒီကာလမှာ အမျှင်ဓာတ် ပါတဲ့ ဟင်းသီးဟင်းရွက်၊ ဆန်လုံးညိုတို့ကို စားပေးသင့်ပါတယ်။



ရက်၂၄ မှ၂၈

သင့်စိတ်ဖိစီးမှုတွေ အများဆုံးမို့လို့ သကြားများများပါတဲ့ သင်ကြိုက်တဲ့အစာကို လွှတ်စားလိုက်ပါ။ ဒါပေမဲ့၊ သွေးထဲက သကြားဓာတ် ထိုးတက်မသွားစေဖို့ အသားဓာတ်ပါတဲ့ အစားစာနဲ့ တွဲစားပေးဖို့ လိုပါတယ်။ ရေခဲမုန့်ဟာ ဒီအချိန်မှာ သင့်အတွက်အကောင်းဆုံး ဆေးတစ်ခွက်ပါ။



ကျွန်မက စမ်းစားကြည့်တာတော့ တော်တော်အဆင်ပြေနေပါတယ်။ စာဖတ်သူပျိုမေတွေ အတွက်လည်း အသုံးတည့်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပျိုမေတွေ  ရာသီစက်ဝန်း တစ်ခုမှတစ်ခုသို့ လွတ်လပ်ပေါ့ပါးစွာ ကျော်ဖြတ်နိုင်ကြပါစေ။


You Might Also Like

3 comments

  1. မြတ်ကြည်ကျွန်တော်သိပ်နားမလည်လို့..ရက်တွေက ရာသီမလာခင်လား။လာနေတုန်းလား။လာပြီးရက်လား..
    သိပ်နားမလည်လို့ရှင်းပြပါအုန်းနော်။

    ReplyDelete
    Replies
    1. Ah thu - the first 5 days is the start of the menstruation period and the days are counted onwards :)

      Delete