လူရွေး မမှားစေဖို့ (How not to end up with a wrong guy)

By 11:11 PM

သင် သူ့တစ်ယောက် တည်းကို ပဲ တစ်သက်လုံးလက်တွဲသွား ချင်ပါပြီရဲ့။ တစ်ဘဝလုံးရဲ့ အချိန်တော်တော်များများ သင့်ကိုပျော်အောင်ထားနိုင်ပါ့မလား။  ပျိုမေတို့ လူတစ်ယောက်ကို ရိုးမြေကျ လက်ထပ်ပေါင်းသင်းဖို့ စဉ်းစားတော့မယ်ဆိုရင်၊ ဒီအချက်လေးတွေကို ထည့်ပြီး စဉ်းစားစေချင်ပါတယ်။

သူ့အတိတ်ကကိစ္စတွေ ကို ခေါင်းထဲမှ ဖယ်ထုတ်မထားပါနဲ့။

ကိုယ်ချစ်နေတဲ့ သူ့အခုပုံစံနဲ့ တော်တော်ကွဲပြားတဲ့ ကိုယ်လက်မခံလောက်တဲ့ အကျင့်တွေ ရှိခဲ့လားဆိုတာ ပြန်ကြည့်ပါ။ ဘာလို့လည်းဆိုတော့ စရိုက်ဟောင်းဆိုတာ တစ်ချိန်ချိန်မှာပြန်ပေါ်ကြစမြဲပါ။ လူတစ်ယောက်ရဲ့ အနာဂါတ် မှာ ဘယ်လိုရှိမယ်ဆိုတာ ခန့်မှန်းဖို့ အတွက်၊ သူ့အတိတ် ဟာ အကောင်းဆုံးဟောကိန်း ဖြစ်တယ်လို့ ဆိုကြပါတယ်။ အရှေ့မှာချစ်သူတွေကို ကိုယ်ချင်းစာမဲ့စွာ စွန့်ပစ်ဖူးတဲ့ သူတစ်ယောက်အတွက်၊ သင်တစ်ယောက်သာ  ပြင်နိုင်မယ်လို့ မယုံကြည်လိုက် ပါနဲ့။ 

ကိုယ်မကြိုက်တဲ့ သူ့အတိတ်က အကြောင်းတွေရှိရင် သူ့ကို ရှင်းရှင်းလင်းလင်းဖြစ်အောင်ပြောပါ။သူ့ကို အဲဒီ အတိတ်ကအပြုမူတွေအတွက် အကြောင်းပြချက် ထုတ်ခိုင်းပါ။ ပြင်နိုင်လား စောင့်ကြည့်ပါ။

 ဥပမာ။ ။ ကာရာအိုကေ အရင်က အမြဲသွားတဲ့သူဆိုပါတော့။သူအပေါင်းသင်းမှားလို့ အဲဒီလို လုပ်ခဲ့တာလား၊ ဒါမှမဟုတ် စိတ်ညစ်လို့ လျှောက်လုပ်ခဲ့မိတာလား? အရင်ကစိတ်ညစ်လို့ ဆိုပြီး အဲလို သွားတဲ့ သူဟာ၊ နောင်စိတ်ညစ်ရင်လည်း ထွက်ပေါက်ရှာဦးမှာပဲ။

 ချွတ်ထားရမယ့် အနာဂတ်မျက်မှန်။

သူက MBA ကျောင်းသား၊ ကုမ္ပဏီ အကြီးစားကြီး မှာ CEO ဖြစ်ချင်သူ ဆိုပါတော့။ တစ်ဘက်မှာ သူ့ကျောင်းစရိတ်နဲ့သူ အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ သူ။ သင်  လက်ထပ်မယ့် သူဟာ၊ လက်ရှိအနေအထား မှာ ရှိနေတဲ့ သူ ပါ။ အနာဂတ်အဝေးကြီးမှာ ဘာကြီးညာကြီး ဖြစ်နေတဲ့ "သူ" မဟုတ်ပါဘူး။ ကိုယ်ရည်မှန်းထားသလို လက်တွေ့မှာ မဖြစ်လာခဲ့ရင်၊ အချိန်ကြာလာတာနဲ့ အမျှ အိမ်ထောင်ရေးမှာ စိတ်သောကရောက်စရာတွေ များလာမှာဖြစ်ပါတယ်။

လက်တွဲမှားခြင်းရဲ့ အကြောင်းအရင်း နောက်တစ်ခုက ငွေကြေးချမ်းသာကြွယ်ဝမှု ကိုဦးစားပေးမိခြင်းပဲ ဖြစ်ပါတယ်။ ပိုက်ဆံဟာ သင် သူ့ကို ယူစေဖို့ အကြောင်းအရင်းဖြစ်နေတာလား? အမျိုးသမီး အမျာစုဟာ ပိုက်ဆံရှာနိုင်တဲ့ သူကို ယူရင်၊ ပြည့်စုံပြီလို့ထင်ထားတတ်ကျပါတယ်။ ဒါပေမယ့် လောကမှာ ပိုက်ဆံချမ်းသာပြီး၊ မပျော်နိုင်တဲ့ စုံတွဲတွေ ထုနဲ့ထေးရှိပါတယ်။

သူ့ မိသားစု အသိုင်းအဝိုင်း 

 သင် ပေါင်းသင်းရမှာက သူ့တစ်ယောက်တည်း မဟုတ်ပါဘူး။  အခုဂရုမစိုက်လို့ရပေမယ့်၊ ယူပြီးရင် ကိုယ့်ရဲ့ဘဝထဲကို သူတို့က အလိုလိုရောက်လာကြမှာ ဖြစ်ပါတယ်။ မင်္ဂလာဆောင်မှာတင် မဟုတ်ဘူး၊ အားလပ်ရက်တွေ၊ကိုယ်ကလေးမွေးရင်၊ နေမကောင်းဖြစ်ရင်၊ အလှူရှိရင်ပြီးတော့ အားရင်အားသလို သင့်အိမ်ကို အကြောင်းအမျိုးမျိုးနဲ့ သင့်ဧည့်ခန်းကို ခွင့်ပြုချက်မလိုပဲ ရောက်လာကြဦးမှာ။ သူ့မိဘအိမ်သွား၊ ကိုယ့်မိဘအိမ် မသွားလို့ ဆိုတဲ့ ပြသနာ၊ လင်မယားကြား ဝင်စွက်ဖက်တဲ့ ပြသနာ လည်း ဖြေရှင်းရဦးမှာဖြစ်ပါတယ်။ အကောင်းဆုံးက နှစ်ဘက်မိသားစုထက် အချင်းချင်း ကို ပိုဦးစားပေးဖို့ပါ။ 


အချစ်ရှိလား

အောင်မြင်တဲ့ အိမ်ထောင်ရေးတိုင်းမှာ၊ နွေးထွေမှု အကြင်နာတွေရှိကြပါတယ်။ သူငယ်ချင်းထက်၊ မောင်နှမထက် ပိုတဲ့ အချစ်တွေရှိ မှ တစ်သက်လုံး အေးအတူပူအမျှ လက်တွဲနိုင်မှာပါ။ အချစ်ရှိတာ ပြသနာတွေကို မဖြေရှင်းပေးနိုင်ပေမယ့်၊ ကိုယ့်ကို အားပေး ဖေးမတဲ့ လက်တွဲဖော်ရှိရင် သင့်အတွက် စိတ်ခွန်အားဖြစ်စေမှာပါ။


ဘယ်အချိန်ယူရမယ်ဆို တဲ့ကန့်သတ်ချက်

၃၀ ကျော်လာပြီဆို မိန်းကလေးတွေက Mr. Right မတွေ့လည်း  Mr. Almost Right ကို ယူမယ်ဟဲ့ ဆိုပြီး အ တွေးဝင်လာကြပါတယ်။ ယူရမယ့် အသက် ကျော်သွားတာတို့၊ ကိုယ့်မောင်နှမထဲမှာ လူလွတ်ဆိုလို့ ကိုယ်တစ်ယောက်ပဲ ရှိတော့တာတို့ဆိုရင် အရင်ကဆို အဖက်လုပ်ပြီးမတွဲဖြစ်လောက်တဲ့ လူမျိုးနဲ့ ယောင်မှားပြီး  တွဲဖို့ စိတ်ကူးပေါ်လာတော့တာပဲ။ ကိုယ်သာ ကျန်ရစ်မဖြစ်ဘူးဆိုရင်၊ ငယ်ငယ်တုန်းက အရွယ်နဲ့ဆိုရင် ဒီလိုလူမျိုးကို ယူပါ့ မလား၊ တစ်ချက် စဉ်းစားကြည့်ဖို့လိုပါတယ်။

သင်ပူပန်နေတာ သမရိုးကျ ရောဟုတ်ရဲ့လား?

သမရိုးကျ စိတ်ပူတာလား ဒါမှမဟုတ်၊ သူမဟုတ်ဘူးလို့ သင့်စိတ်က သတိပေးနေတာလား? သင့်မင်္ဂလာဆောင်အတွက် ကြောင့် စိတ်ပူသင့်ပေမယ့်၊ သူနဲ့ယူရမှာမို့လို့ စိတ်ပူတာမျိုး တော့ မရှိသင့်ပါဘူး။

သူ့ အကြောင်းပြောရင် ဒါမှမဟုတ် သူငယ်ချင်းတွေက သင့်ဘဝရဲ့လက်တွဲဖော်လို့ ဘယ်လိုသိသွားတာလဲလို့မေးကြရင် သင်ကျေနပ်ပီတိဖြစ်နေရမှာ။ အဲဒီနေရာမှာ၊ သူက ကိုယ့်ဘဝတစ်ခုလုံးရဲ့၊ တစ်ယောက်သောသူ ဟုတ်မဟုတ် စဉ်းစားနေပြီဆို သင့်ရဲ့ The One မဟုတ်ပါဘူး။


လက်တွဲမှားခြင်းဟာ၊ တစ်ယောက်တည်း နေရတာထက် ပို စိတ်ဆင်းရဲဖို့ကောင်းပါတယ်။
ဒါကြောင့်၊ အချိန်ယူပါ။ စဉ်းစားပါ။ဆုံးဖြတ်ပါ။

 တွေးဆဆင်ခြင်နိုင်ကြပါစေ

You Might Also Like

4 comments

  1. တို့အတွက် အသုံးမဝင်တော့ပါဘူး.။
    မြတ်..အိမ်ထောင်ကျပြီး...နောက်ပိုင်းး
    ဒီအကြောင်းနဲ့ ပတ်သက်လို့
    ထပ်ရေးတာ ဖတ်ချင်ပါစေသးတယ်..။


    ပေါက်

    ReplyDelete
  2. ညီမ မြတ်...
    စာတွေအများကြီး ရေးနိုင်တာ ချီးကျူးတယ်... အလှအပရေးရာတွေ အေးအေးဆေးဆေး လာဖတ်ပါအုံးမယ်...
    အမလည်း အသစ်ရေးပါ့မယ်... လောလောဆယ်တော့ ရွာလည်နေသေးတယ်...း))

    ReplyDelete
  3. Ma Ma Thet Wai, warmly welcomed :) hope it will be posted as soon as possible :)

    ReplyDelete