Rihanna ရဲ့ Herringbone ကျစ်ဆံမြီး ကျစ်နည်း (Rihanna's Herringbone Braid)

By 7:24 PM

Herringbone braid နဲ့ Rihanna
မနေ့က ဖတ်ဖြစ်တဲ့ ကောစ်မိုပေါ်လစ်တန် (Cosmopolitan) မဂ္ဂဇင်း "8 braids to wear all summer"  မှာ Celebritiesတွေ ရဲ့ ကျစ်ဆံမြီးပုံစံလေးတွေ ဖော်ပြထားပါတယ်။ တခြား ပုံလေးတွေထက် အမြင်ဆန်းတာမို့  Herringbone braid ကျစ်နည်းကို အသစ်အဆန်း လုပ်ချင်တဲ့ ပျိုမေတွေအတွက် တင်ပေးလိုက်ပါတယ်။


အဆင့် ၁ : ဘီးဖြီးပါ။ ကျစ်တဲ့ အခါမှာ ငြိတာတွေထုံးတာတွေ မရှိစေဖို့ ဆံပင်ကို ဘရပ်ရှ် တစ်ခုနဲ့ ရှင်းအောင် ဖြီးပေးပါ။

အဆင့် ၂ : ဆံပင်ကို ကိုယ်ကျစ်မယ့်အနေအထားလောက်ယူပြီး နှစ်ဘက် ခွဲပါ။ တစ်ဘက်နဲ့တစ်ဘက် ညီပါစေ။ပုံမှာပြထားတဲ့ အတိုင်း ဆံပင်စနှစ်စ ကို လက်နဲ့ ကိုင်ထားပါ။




အဆင့် ၃ : ညာဘက်ဘေးစွန်း က ဆံပင် ခပ်ပါးပါးကို ယူပြီး ဘယ်ဘက် ထဲကိုထည့်ပါ။ (ပုံကြည့်တာက ပိုရှင်းမယ်နော)





အဆင့် (၄) : အရှေ့ အဆင့် မှာ လုပ်သလိုပါပဲ။ ညာဘက်အစား ဘယ်ဘက်ရဲ့ အပြင်က ဆံစကိုနည်းနည်းယူ၊ ညာဘက်ထဲထည့်။ လက်ပြောင်းပြီးကိုင်ရင်ပို အဆင်ပြေပါတယ်တဲ့။
အဆင့် (၅) : တစ်ဘက်တစ်လှည့်ဆီဆက်ကျစ်သွားရုံပါပဲ။ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်ချင်ရင်ကျစ်တဲ့ အခါမှာဆံစကိုတင်းအောင်ဆွဲပြီး ကျစ်သွားပေးရပါမယ်။ ကပိုကရိုလေးဆိုရင်တော့၊ ဆွဲမကျစ်နဲ့ပေါ့နော်။

Fearne Cottonရဲ့ Herringbone အပွ
အပိုဆောင်းအနေနဲ့ မနေ့က ဖတ်တဲ့ ဆောင်းပါးမှာပါတဲ့ နွေရာသီအတွက် ကျစ်ဆံမြီး ပုံစံလေးတွေကို ပျိုမေတွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။ စာဖတ်သူပျိုမေတွေ လှသည်ထက် လှနိုင်ကြပါစေရှင်။
  



You Might Also Like

2 comments

  1. ဟိုးတုန်းကလည်း မြန်မာပြည်မှာ ကျစ်ခဲ့ကြတယ်။ ကိုယ့်ရဲ့ အမေ နဲ့ အမအကြီးဆုံး ကျစ်ပြဘူးတယ် ကိုယ်ငယ်ငယ်က။
    သူတို့ ကတော့ကျစ်နေအောင် ခလယ်ကအမြှောင်းလေးပေါ်အောင်ကျစ်တယ်။ အဲဒါကိုပြန်ဖြည်ရင်တော့ စိတ်ရှည်ရတယ်။ နဲနဲကြာတယ်။ လျော့လျော့လေးဆိုရင်တော့မြန်မယ်နဲ့ တူတယ်။ အဆင့် ၃ ကရေးထားတာ တမျိုးဖြစ်နေသလားလို့ ။
    အိုင်အိုရာ

    ReplyDelete
  2. ဟုတ်တယ် မမ ရေ... သေချာပြန်ကြည့်မှ မြင်တော့တယ်။ ရေးချင်ဇောနဲ့ လျှမ်းသွားတာ။ ထောက်ပြပေးတာကျေးဇူးပါနော်။

    ReplyDelete