SPF ဘယ်လောက်ပါတဲ့ Sunscreenကို သုံးမလဲ ?

By 11:13 PM



မနေ့က ကျွန်မ ကျောင်းက ညီမလေး နဲ့ စကားပြောဖြစ်တယ်။ "ဘာ တင်ရမှန်း မသိလို့ အကြံပေးပါဦး"လို့။  ဒီအတိုင်းကောင်းနေရက်နဲ့ ပျိုမေတွေစိတ်မဝင်စားလောက်တဲ့ ခေါင်းစဉ်တွေ တင်မိမှာစိုးတယ်လေ။ သူက "အစ်မ၊ Sunscreen ဘယ်လိုရွေးရမယ် ဆိုတာလေး သိထားရအောင်၊ တင်ပေးပါလား?" လို့ အကြံပေးတာနဲ့ ဒါလေးကို ရှာတွေ့သွားတာပါ။

SPF ကတော့ ပျိုမေတွေတော်တော်များများ ရင်းနှီးနေတဲ့ စကားလုံးဖြစ်မှာပါ။ SPF နံပါတ် အမြင့်တွေက နိမ့်တဲ့ SPF တွေ ထက် နေလောင်ဒဏ် ပို ကာကွယ်နိုင် တယ်ဆို တဲ့ အယူအဆ အလွဲလေး၊ ကျွန်မမှာလည်း ရှိခဲ့ဖူးတယ်။ Sunscreen အတွက် ပျိုမေတွေ  ဈေးဝယ်ထွက်တော့မယ်ဆို ရွေးချယ်ရလွယ်အောင် ကြိုပြီးသိထားစရာ လေးတွေ ကိုဖော်ပြလိုက်ပါတယ်ရှင်။


အသားအရောင်

နံပါတ် ၁ အနေနဲ့ ကတော့၊ ကိုယ့်အသားရောင် ဘယ်လိုရှိလဲပေါ့။နေရောင်အောက်မှာရပ်နေတဲ့သူ အတူတူ အသားဖြူတဲ့သူတွေဟာ၊  ဝါတဲ့၊ ညိုတဲ့သူတွေထက် နေလောင်ဒဏ်ကို ပိုမြန်မြန် ခံစားကြ ရ တတ် ပါတယ်။ မြန်မြန် နီလာတတ်တဲ့ အသားရေမျိုး ရှိရင် နံပါတ်မြင့်တဲ့ SPF လိုမှာပါ။

SPF ဆိုတာဘာလဲ

SPF ရဲ့ အရှည်က Sun Protection Factor ဖြစ်ပါတယ်။ ဒီနံပါတ်လိမ်းထားရင်  နေရောင်ထဲမှာ အချိန်ဘယ်လောက်ခံနိုင်မလဲ ဆိုတာသိဖို့ အတွက်အချက် နည်းနည်း လုပ်ပေးရမှာပါ။ သင်ရွေးမယ့် SPF  နံပါတ်ကိုယူပြီး ၁၀ နဲ့ မြှောက်ရင် ရတဲ့ ဂဏန်းက နေရောင်ထဲမှာ စိတ်ချလက်ချ သွားနိုင်တဲ့ (ကိုယ့်ကို နေလောင်ဒဏ်ကနေ အပြည့်အဝ ကာကွယ်ပေးထားနိုင်တဲ့) မိနစ်အရေအတွက် ဖြစ်ပါတယ်။

ဥပမာ။ ။ SPF၂၀ x ၁၀ = ၂၀၀ မိနစ်

 ချွေးထွက်ရင် ဒါမှမဟုတ် ရေထဲမှာရှိရင်၊ ကာကွယ်နိုင်တဲ့ အချိန်က နဂိုထက် ပိုတိုတာကို ချွင်းချက် အနေနဲ့ သိထားရမှာဖြစ်ပါတယ်။ ဘယ်နံပါတ်ပဲရှိနေနေ၊ စိတ်ချရအောင် ၂နာရီခြားတစ်ခါလောက် ပြန်ပြီးလိမ်းပေးသင့်တယ် လို့ ရေးသားထားပါတယ်။

UVAလား UVBလား?

UVAက လူကို အိုမင်းရင့်ရော်စေ ပြီး၊ UVB က နေလောင်ခြင်းနဲ့၊ အရေပြားကင်ဆာ ရောဂါကို ဖြစ်စေတဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် ဝယ်မယ်ဆိုရင် "UVA/UVB" ဒါမှမဟုတ် "broad spectrum" လို့ရေးထားတဲ့ product တွေကိုသုံးပေးစေချင်ပါတယ်။

Water Proof နဲ့ Water Resistance

ရေကူးမယ်ဆို Water Proof နဲ့Water Resistance ကိုရွေးပါ-။ Waterproof က မိနစ် ၄၀ ခံပြီး၊ water resistance က မိနစ် ၈၀ ခံပါတယ်။


 နောက်ဝယ်ရင်၊ ဘယ် SPF နံပါတ်၊ ဘယ် အမျိုးအစား ရွေးရမယ်ဆိုတာကို အချိန်ကုန်စဉ်းစားစရာ မလိုတော့ပါဘူးနော်။ ပျိုမေတွေလည်း နောင်လာမယ့် နေ့ရက်တိုင်းမှာ နေရောင်ခြည်ဒဏ် ကို ကာကွယ်မှုအပြည့်နဲ့ ဖြတ်သန်းနိုင်ကြပါစေ။

ဒီဆောင်းပါးလေးက Jen Adkins ရေးထားတဲ့ Is high SPF level the best Option for Sunscreen?  နဲ့ Lisa Fayed  ရေးထားတဲ့  How to choose the best Sunscreen ကို မှီငြမ်းရေးသားထားတာဖြစ်ပါတယ်။ ( မေသူရေ၊ ကျေးဇူးပါနော်)


You Might Also Like

3 comments

  1. thanks sis, i also wanted to know how to choose sunscreen
    sis blog lay aung myin par say ^ ^

    ReplyDelete
  2. ညီမလေး၊ Mexoryl ပါတာ ကို ရှာကြည့်ပါ။ အဲဒါက UVA ကိုအပြည့်အဝ ကာကွယ်ပေးနိုင်တယ်တဲ့၊ တခြား sunscreen တွေအများစု UVB က ကိုပဲ ကာကွယ်နိုင်တယ်တဲ့။

    နောက်တစ်ခုက sunblock ။ zinc oxide နဲ့  titanium oxide ပါတယ်။ metal ပါတော့၊ တော်ရုံနေရောင်ထိရုံ နဲ့ sunscreen လိုဓာတ်မပြယ်သွားဘူး။ ဆီနဲ့ဆိုတော့ အရေပြားပေါ်မှာ ကြာကြာခံတယ်။ မကောင်းတာက, ဆီပါတော့ အဆီပြန်တဲ့ အသားအရေဆိုရင် ဝက်ခြံထွက်တတ်တယ်။ ကိုယ် လက်ခြေ၊လိမ်းဖို့ပဲသုံးပေါ့။

    နောက်မေးချင်တာရှိလည်းပြောနော်။

    ReplyDelete
  3. အဲ့လို မြှောက်ပြီး ကြည့်ရတယ်ဆိုတာ မသိဘူး..
    ဒီပို့စ်အတွက်
    thz a lot a lot a lot .. ပါကွယ် .. ;)

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete