ပျိုမေ နှင့် ကယ်လိုရီ

By 7:55 PM

လူတစ်ဦးရဲ့ တစ်နေ့တာ ကယ်လိုရီလိုအပ်ချက်ဟာ ပျမ်းမျှ အားဖြင့် ၂၀၀၀ ကီလိုကယ်လိုရီရှိပါတယ်။ လိုအပ်တဲ့ စွမ်းအင်ပမာဏဟာ အသက်အရွယ်၊ ကိုယ်ခန္ဒအချိုးအစား၊ နဲ့ ဘယ်လောက်လှုပ်ရှားမှုရှိသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ လှုပ်ရှားမှုများများရှိတဲ့ သူတွေဟာ၊ ထိုင်ပြီး အလုပ်လုပ်နေကြရတဲ့ သူတွေထက်စာရင် စွမ်းအင်ပိုလိုအပ်ပါတယ်။

ကိုယ်တစ်နေ့ စားသုံးလိုက်တဲ့ အစာစွမ်းအင်ဟာ၊ လှုပ်ရှားမှုလုပ်ရင် ကုန်တဲ့ ပမာဏထက် ကျော်လွန်ခဲ့ရင် အဆီနဲ့ အာဟာရအဖြစ် သိမ်းထားပြီး၊ လှုပ်ရှားမှုက စားထားတဲ့ ပမာဏကို ကျော်လွန်သွားရင်၊ သိမ်းထားတဲ့ အဆီ နဲ့ အာဟာရတွေကို ခြေဖျက်ပြီး ပြန်ထုတ်ပေးပါတယ်။ Calorie ဝင်တဲ့ ပမာဏဟာ လောင်ကျွမ်းတာထက် များလာတဲ့အခါ ဝလာတာပါပဲ..

ဝိတ်လျှော့ချင်တဲ့ သူများအနေနဲ့ တစ်နေ့လိုအပ်တဲ့ စွမ်းအင်ပမာဏထက် လျှော့စားမယ်၊ စားတဲ့ပမာဏထက် လှုပ်ရှားမှုပိုလုပ်ပေးမယ်ဆို လိုချင်တဲ့ အလေးချိန်ရဖို့ကျိန်းသေပါပဲ။ကိုယ် တစ်နေ့တာလိုအပ်တဲ့ စွမ်းအင်နဲ့ အာဟာရ ပမာဏကို တွက်ကြည့်မယ်ဆိုရင် http://nutritiondata.self.com/tools/calories-burned မှာတွက်ကြည့်လို့ရပါတယ်။ ကျွန်မအတွက် တွက်ချက်ထားတဲ့ လိုအပ်တဲ့ စွမ်းအင်က 1960kcal  ပါ။

အသား (protein) တစ် ဂရမ်ကို 4kcal၊ အဆီ (fat) တစ်ဂရမ် ကို 9 kcal နဲ့ ကစီ (carbohydrate ဆန်၊ဂျုံ၊ ပြောင်း၊ သကြား) တစ်ဂရမ်ကို 4kcal ရှိပါတယ်။ ရေမှာက 0 kcal ကယ်လိုရီပါ။ ယခုအခါ ဝယ်သမျှ အစားအသောက်တိုင်းမှာ ကယ်လိုရီ တွက်ချက်ပြီးသား ပါပြီးသားမို့၊ သိပ်မခက်ခဲလှတော့ပါဘူး။ ကယ်လိုရီနည်းတဲ့ အစားအစာတွေလည်း အတော်အသင့် ပေါ်နေပြီဆိုတော့ ရွေးချယ်ရပိုပြီး လွယ်သွားပါတယ်။ Coca-cola Zero မှာဆို တစ်ဘူးလုံးသောက်မှာ ရတဲ့ ကယ်လိုရီ 0.75 kcal သာရှိပါတယ်။


Coca Cola Zero 02.jpg


အောက်ဖော်ပြပါ အစားအစာတွေကို တော့ Negative Calorie Food လို့ခေါ်ပါတယ်။ Diet လုပ်ချင်သူများ အတွက် အသုံးဝင်မယ် ထင်ပါတယ်။ အဓိက ကတော့ အရည်ရွှမ်းတဲ့ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေပေါ့။

တချို့တွေ  ဘယ်လောက်စားစား ဝ မလာဘူး ဆိုတဲ့ ဘုရားပေးတဲ့ဆုနဲ့ ပြည့်တဲ့သူတွေရှိပါတယ်။ သူတို့မှာထူးခြားချက်က ဒီတိုင်း ထိုင်နေရင်တောင် အခြေခံ ကယ်လိုရီလောင်ကျွမ်းနှုန်း (basal metabolic rate- BMR) က သူများထက် သိသိသာသာ မြင့်နေတာမျိုးပေါ့။ သိုင်းရွိုက် ဟော်မုန်းများတဲ့သူတွေမှာတွေ့ရတတ်ပါတယ်။ BMR ကို ကိုယ့်ဘာသာ မြှင့်ပေးလို့လည်းရပါတယ်။ အဲဒါကတော့ ကြွက်သား muscle tone တက်အောင် အလေးနဲ့ဆော့တာပါ။ ကြွက်သားပိုရှိတဲ့သူတွေဟာ ရိုးရိုးလူတွေထက် BMR ပိုမြင့်ကြပါတယ်။ ရေများများ သောက်ပေးတာလည်း ကယ်လိုရီလောင်ကျွမ်းတဲ့နေရာမှာ အထောက်အကူဖြစ်စေပါတယ်။

 တချို့ကျတော့ ငယ်ငယ်က ဘယ်လောက်စားစား မဝပေမယ့် ၃၀ ကျော်လာတာနဲ့ အရင်က ပုံမှန်စားသလိုစားပေမယ့်လည်း ဝ တက် လာကြတာကြုံဖူးမှာပါ။ ဘာလို့လည်းဆိုတော့ BMR နှေးသွားလို့ပါပဲ။ ငယ်တုန်းအရွယ်မှာ ခန္ဒာကိုယ် တည်ဆောက်တဲ့ကာလဖြစ်တာက တစ်ကြောင်း၊ အသက်ကြီးသူတွေထက် ကြွက်သားပမာဏများတာက တစ်ကြောင်း ကယ်လိုရီလောင်ကျွမ်းတာ မြင့်ကြပါတယ်။ အသက်ကြီးလာတာနဲ့အမျှ တည်ဆောက်တာတွေနည်းသွားပြီး၊ ကြွက်သား muscle bulk လည်း နည်းသွားတာကြောင့်၊ အဆီတွေ ပိုစုလာပါတယ်။

 ကိုယ်နေ့စဉ်လှုပ်ရှားမှုမှာ ဘယ်ဟာက ဘယ်လောက်ပမာဏလောင်ကျွမ်းလဲဆိုတာ အောက်က chart မှာ ကြည့်လို့ရပါတယ်နော်။


ကျွန်မနဲ့ ကယ်လိုရီ 


ကျွန်မက ပါးစပ်ထဲကို တစ်ခုမဟုတ်တစ်ခု ထည့်နေရမှ ကျေနပ်တဲ့သူဆို တော့ စိတ်ရှိလက်ရှိစားလိုက်ရင် အလေးချိန်အရမ်းတက်လာမှာစိုးလို့ Orion: France Province Mernigue Cake လေးကို ဝယ်စားဖြစ်ပါတယ်။ တစ်ထုပ်မှ 90kcal သာပါပေမယ့် ဈေးလည်းသက်သာ တော်တော်လည်းစားကောင်းတာမို့ သရေစာကြိုက်တဲ့ ပျိုမေတွေ အတွက် ညွှန်လိုက်ပါတယ်နော်။

စာဖတ်သူပျိုမေတွေအားလုံး ကျန်းမာပျော်ရွှင်ဖွယ်နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။






You Might Also Like

3 comments

  1. အင်း... ကန်ဒီလည်း သရေစာကြိုက်တယ်.. ကိုယ့်ဟာကိုယ် ထိန်းစားတယ်... healthy ပိုဖြစ်နိုင်တဲ့ဟာမျိုးပေါ့... :D

    ReplyDelete
  2. ဘယ်လောက်စားစားမ"၀"တာခက်တယ်ကွယ်း((

    ReplyDelete
  3. မြတ်ကြည်ရေ,,
    ပူးပူးလဲသရေစာစားတဲ့သူဆိုတော့အခုဝိတ်ထိန်းတဲ့အနေနဲ့
    ပြေးနေရတယ် ၀လာမှာဆိုးလို့လေ...မြကြည်စီကတော့
    ကိတ်မုန့်စားသွားပီနော် :P

    ReplyDelete