အိုမီဂါ သရီး (Omega 3 fatty acid)

By 11:36 PM

အိုမီဂါသရီးဆိုတာ 

လူခန္ဒကိုယ်မှာမရှိမဖြစ်လိုအပ်တဲ့ မပြည့်ဝ ဆီတစ်မျိုးပါ။ အဆီရဲ့ ဖွဲ့စည်းပုံကြမ်း CH3 - C- ..COOH ရှိတဲ့အနက်မှာ၊  ပထမဆုံး double bond (C=C) ဟာ CH3 ဘက်ကရေရင် သုံးခုမြောက်မှာ ရှိနေလို့ ၊ n3 fatty acid / အိုမီဂါသရီး လို့ ခေါ်ခြင်းဖြစ်ပါတယ်။

n3 fatty acid အများကြီးရှိတဲ့အနက်မှာ ထင်ရှားတာတွေကတော့ alpha linoleic acid (ALA)၊ eicosapentoic  acid (EPA) ၊ နဲ့ docosahexaenoic acid (DHA) တို့ပဲဖြစ်ပါတယ်။




နမူနာ အနေနဲ့ EPA ရဲ့ ဖွဲ့စည်းပုံလေးပါ။ ၃ လို့ ရေးထားတဲ့ နေရာ မှာ အကြောင်းလေးနှစ်ကြောင်းရှိလို့ n3 fatty acid လို့ ခေါ်ပါတယ်။

နို့တိုက်သတ္တဝါတွေမှာ n3 fatty acid ကို မဖွဲ့စည်းနိုင်ပေမယ့်၊ ALA မှတဆင့် EPA, DHA ကို ကူးပြောင်းပေးနိုင်ပါတယ်။

တွေ့ရှိပုံ

အိုမီဂါ သရီးကို ၁၉၃၀ကျော်ကတည်းက  ပုံမှန်ကြီးထွားဖို့နဲ့ ကျန်းမာရေး အခန်းကဏ္ဌမှာပါဝင်တာကို စတင်တွေ့ရှိခဲ့ပေမယ့်၊ သူ့ရဲ့ ကျန်းမာရေးဆိုင်ရာ အရေးပါပုံတွေကို ၁၉၉၀နောက်ပိုင်းမှာ တဟုန်တိုး တွေ့ရှိခဲ့ပါတယ်။ အရေးပါပုံကို စတင်တွေ့ရှိပုံက 1970 မှာပြုလုပ်တဲ့ စစ်တမ်းမှာ Greenland ဒေသမှာနေထိုင်တဲ့ ဒေသခံတွေဟာ၊ ဟင်းသီးဟင်းရွက်ထက် အသားကို များများစားပေမယ့် တခြားလူမျိုးများထက် နှလုံးသွေးကြောကျဉ်းရောဂါ သိသိသာသာ အဖြစ်နည်းတယ်ဆိုတာပါပဲ။

အိုမီဂါသရီးရဲ့ ကောင်းကျိုးများ

ကင်ဆာ

ရင်သား၊ အူမကြီးနဲ့ ဆီးကျိတ် ကင်ဆာရောဂါဖြစ်ပွါးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ DHA ပမာဏ သွေးနီဥနံရံမှာများများရှိခြင်းဟာ၊ ရင်သားကင်ဆာ ဖြစ်နိုင်ချေနည်းခြင်းနဲ့ စပ်ဆက်လျက်ရှိပါတယ်။ အမျိုးသား ၃၄၀၀ ပါဝင်တဲ့ သုတေသန မှာ၊ သွေးထဲ အမြင့်ဆုံးပါတဲ့အုပ်စုဟာ၊ အနည်းဆုံးရှိတဲ့ အုပ်စုထက် အလျင်အမြန်ပျံ့ပွါးနိုင်တဲ့ ဆီးကျိတ်ကင်ဆာဖြစ်ပွါမှု ၂ဆခွဲပိုနည်းပါတယ်။

၂၀၀၇မှာပြုလုပ်တဲ့ တွေ့ရှိချက်မှာတော့၊ ကင်ဆာရောဂါသည်တွေ ကို အိုမီဂါသရီး ပေးကြည့်လိုက်တဲ့အခါ၊ အစားစားချင်စိတ်၊ ကိုယ်အလေးချိန်နဲ့ ဆက်လက်အသက်ရှင်နိုင်တဲ့ ကာလ (survical year) ပိုရှည်သွားပါတယ်။

နှလုံးရောဂါ

၁၉၉၉မှာ GISSI-Prevenzione က လတ်တလော heart attack နှလုံးပုပ်ခြင်း (myocardial infarct) ရထားခံရတဲ့ လူနာများကို ပေးကြည့်တဲ့အခါ၊ သေဆုံးမှု၊ နှလုံးအလုပ်မလုပ်တော့ခြင်း၊ ရုတ်တရက်နှလုံးရပ်သေဆုံးခြင်းတို့ကို 20%, 30%, 45% ရာခိုင်နှုန်း အသီးသီး လျှော့ချပေးနိုင်တာကို တွေ့ရှိရပါတယ်။။

American System of Health System Pharmacy ၂၀၀၇ ခုနှစ်မှာ သွေးတွင်းအဆီပမာဏ triglyceride သိသိသာသာများနေသူများကို EPA, DHA နဲ့ monounsaturated fatty acid အ ရော ၄ ဂရမ်ကို ပေးကြည့်တဲ့အခါ triglyceride ပမာဏဟာ45% လျော့ကျသွားပြီး၊ VLDL (very low density lipid) ပမာဏဟာ 50% လျော့ကျသွားပါတယ်။ VLDL ဟာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သေဆုံးမှုမှာပါဝင်တဲ့ အဓိကတရားခံပါ။

၂၀၀၇ ဂျပန်မှာ ပြူလုပ်တဲ့ သုတေသနအရ၊ သွေးထဲမှာရှိတဲ့ သကြားပမာဏကို ကောင်းကောင်းမထိန်းနိုင်တဲ့ ဆီးချိုဝေဒီနာရှင်များရဲ့ တဝက် ကို ပေးကြည့်တဲ့ အခါ၊နှစ်နှစ် ကြာတဲ့အခါ ဦးနောက်ကို သွားတဲ့ သွေးကြောမ (carotid artery) ရဲ့ ကျဉ်းနေတဲ့ နေရာတွေဟာ၊ သိသိသာသာ လျော့နည်းသွားပါတယ်။

သူ့ဆီမှာ နှလုံးတုန်ခြင်းကိုလျှော့ချပေးတဲ့ အပြင်၊ သွေးပေါင်ချိန် (အပေါ်သွေး) ကို လျှော့ချပေးတဲ့ အာနိသင်အနည်းငယ်လည်းရှိပါတယ်။

ကိုယ်ခံစွမ်းအား

၉လမှာ ၁၂လကြားမှာရှိတဲ့ ဒတ်ရှ် ကလေးငယ်တွေရဲ့ အစာထဲကို ငါးကြီးဆီ ထည့်ကြွေးတဲ့အခါမှာ၊ သူတို့ရဲ့ ကိုယ်ခံစွမ်းအားစနစ်ဟာ တခြားကလေးများထက် တိုးတက်ကောင်းမွန်လာတာတွေ့ရပါတယ်။

ဦးနောက်နှင့် အာရုံကြော

စိတ်ကဆင့်ကလျားရောဂါ (schizophrenia) ရှိတဲ့ သူတွေမှာ  အိုမီဂါသရီးနဲ့အိုမီဂါ၆ ပမာဏဟာ ပုံမှန်သူတွေထက်သိသိသာသာလျော့နည်းနေပါတယ်။ Schizophrenia  ဖြစ်နိုင်ခြေရှိတဲ့ ကလေးငယ်တွေမှာ EPA, DHA ပေးတာက ရောဂါ  ဖြစ်လာမှုကို ၉၅%အထိလျှော့ချပေးပါတယ်။ ဒါ့အပြင် အယ်ဇိုင်းမားရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ အသက်ကြီးရင့်လို့ မှတ်ဉာဏ်မကောင်းတော့ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်

တစ်ပတ်မှာတစ်ခါငါးစားပေးတဲ့ကိုယ်ဝန်ဆောင်တွေဟာ မစားသူတွေထက် ကလေး ပေါင်မပြည့်ခြင်း၊ လမစေ့ပဲ မီးဖွားခြင်းတို့ကို ၂၇% လျှော့ချနိုင်ပါတယ်။

တနေ့တာလိုအပ်ချက်

တနေ့တာလိုအပ်ချက် ဘယ်လောက်ပြည့်မှီအောင်စားရမယ်ဆိုတာမရှိပါဘူး။ သို့ပေမယ့်၊ တနေ့တာ ယောက်ျားဆိုရင် 1.6gram ၊ နဲ့ မိန်းမဆိုရင် 1.1 gram အထိ စားသုံးခြင်းကို လက်ခံထားပါတယ်။

အိုမီဂါ သရီး ကြွယ်ဝသောအစားအစာများ

အဆီထူသော ပင်လယ်ငါး (ဆော်လမွန်၊ မက်ကရယ်၊ ငါးသတ္တာ စသည်)
ငါးကြီးဆီ
Krill
Green Lipped Mussel
Flaxseed
ဥအမျိုးမျိုး
ပင်လယ်ဖျံဆီ


Green Lipped Mussel


Flaxseed


Krill

တန်ဆေးလွန်ဘေး

၂၀၀၀ခုနှစ် အောက်တိုဘာမှာ ထုတ်ပြန်တဲ့ FDA ရဲ့ ကြေညာစာတမ်းအရ EPA+ DHA တနေ့တာစားသုံးမှုဟာ ၄ ဂရမ်ထက်ပိုလာပြီဆိုရင်တော့ -

သာမန်ထက် သွေးထွက်လွန်ခြင်း
 ဦးနှောက်သွေးယိုခြင်း
 သွေးကြောပေါက်၍လေဖြတ်ခြင်း 
ကိုယ်ခန္ဒာကို ဘေးဖြစ်စေမယ့် ဓာတ်တိုးပစ္စည်းများ စုပုံခြင်း
မကောင်းသောအဆီ LDL များသွေးထဲများလာခြင်း နဲ့ 
ဆီးချိုဝေဒီနာရှင်များ သွေးထဲသကြားဓာတ် control မရခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။

နှလုံး လုပ်ဆောင်မှု အားနည်းသူများ (congestive cardiac failure) နဲ့ ကာလတာရှည် နှလုံးအောင့်ခြင်း (chronic angina pectoris) ခံစားနေသူများအနေနဲ့လည်း omega3 ကိုမသောက်ခင် မိမိဆရာဝန်နဲ့ ဆွေးနွေးအကြံဉာဏ်ယူသင့်ပါတယ်။

ဒီဆောင်းပါးလေးကို wikipedia မှ ကောက်နှုတ်ဘာသာပြန်ပေးထားတာဖြစ်ပါတယ်။ ကျွန်မက ပုံမှန်လှုပ်ရှားမှုမရှိတဲ့သူမို့၊ နှလုံးသွေးကြောကျဉ်းရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ငါးကြီးဆီ ကို တစ်နေ့တစ်လုံး သောက်ပါတယ်။

အိုမီဂါသရီးကို အကျိုးရှိရှိအသုံးချနိုင်ပါစေရှင်။





You Might Also Like

3 comments

  1. အိုမီိဂါသရီးဆိုတာ ကြားဘူးနေတာကြာပြီ..။
    အခုမှပဲ သေချာသိရတော့တယ်..။
    ဗဟုသုတတွေ မျှဝေပေးတာ ကျေးဇူးပါညီမရေ..။

    ReplyDelete
  2. ဗဟုသုပဲမြတ်ကြည်ရေ
    ကင်ဆာဖြစ်မှာတော့
    အားကြီးကြောက်တယ်ကွယ်
    ဒါကြောင့်..အိုမီဂါကိုဆောင်ထားရမယ်း)
    ပျော်ရွှင်ချမ်းမြေ့ပါစေကွယ်
    ချစ်ခင်စွာဖြင့်
    မိစံ

    ReplyDelete
  3. ငါးထက်အိုမီဂါသရီးကြွယ်ဝတာကကြယ်ပဲဖြစ်ပါတယ် မယုံနိုင်လောက်တဲ့ပမာဏပါ ၅၀ရာနှုန်းကျော်ပါဝင်ပါတယ် ကြယ်ပဲအဆီရယင်စားကြပါ

    ReplyDelete