Nail Art (M's Retro Blue)

By 11:12 PM


ကိုယ့်စိတ်ထဲရှိရာ လုပ်ထားတဲ့ ဒီဇိုင်းလေးပါ။ (M's Retro Blue လို့ နာမည်ပေးထားပါတယ်)
ကွန့်တာများသွားတော့ ရှုပ်များရှုပ်နေသလား မသိနော်။ တဆင့်ချင်းကြည့်သွားရင် အရမ်းလွယ်ပါတယ်။ သွားကြားထိုးတံက လွဲရင် ဘာတန်ဆာပလာမှ မလိုပါဘူးရှင်။  ပျိုမေတွေ သဘောကျတဲ့အဆင့်အထိပဲ၊ ဆိုးသွားနိုင်ပါတယ်။



(Basic) 
လက်သည်းတပြင်လုံးကို အပြာရောင်ဆိုးပါမယ်။


ဘေးနှစ်နားကို သွားကြားထိုးတံသုံးပြီး အစက် လေးစက်စီ ချပါ။


လက်သည်း အလယ်မှာ ဆိုးဆေး အဖြူရောင်ကို အပြားလိုက် ဆွဲပါ။


ပြီးရင် အပြာရောင်ကို လက်သည်း အခြေမှ အနည်းငယ်ခွါပြီး ဆွဲပါ။



ဒါဆိုရင် ရှင်းရှင်းလေးနဲ့ လှတဲ့ ဒီဇိုင်းလေးရပါပြီ။


Option (1)
နည်းနည်းလေး ထပ်ဆန်းချင်ရင် အလယ်မှာ အစက်သုံးစက်ချ နိုင်ပါတယ်။


Option (2)
ဒါမှမဟုတ်ရင် အပြာရောင်ပေါ်မှာ အဖြုရောင်ကို အပြားလိုက်မဟုတ်ပဲ ဆိုးတံကို နည်းနည်းလှည့်ပြီး ဆွဲပါ။


အပေါ်ကနေ အပြာရောင် အစက်ကလေးတွေ ချလိုက်ရင်၊ pattern ဆန်းဆန်းလေးရပါပြီနော်။ 


စာဖတ်သူပျိုမေတွေရော၊ ပြထားတဲ့ Basic ၊ Option (1)၊ Option (2) ထဲမှာ ဘယ်ဒီဇိုင်းလေးကို နှစ်သက်ပါသလဲ? အဆင်ပြေရင် ဖြေသွားပေးကြပါနော်။ 

အလှတွေပိုနိုင်ကြပါစေရှင်။


You Might Also Like

4 comments

  1. နောက်ဆုံးဒီဇိုင်းကြိုက်တယ် မျက်ကျိ

    ReplyDelete
  2. အားလုံးကချစ်စရာလေးတွေပဲနော်
    မိစံကတော့..ရိုးရိုးရှင်းရှင်းလေးနဲ့
    အပေါ်ဆုးံကပုံလေး..ကြိုက်ပါတယ်ရှင့်း)
    အံစာတုန်းလေးတွေနဲ့တူတယ်နော်းP
    လွယ်ကူ၊သက်သာ၊ရိုးရှင်းတဲ့နည်းလေးတွေပဲနော်
    ဒါနဲ့မြတ်ကြည်..
    အဲလို..အသားအရည်လေးတွေစိုနေအောင်
    ဘိုလိုလုပ်လဲဟင်းP
    မီးလည်းအဲလိုဖစ်ချင်လို့ပါ။း)

    ReplyDelete
  3. အဖြူလေးပေါ်မှာ အပြာလုံးလေးဒီဇိုင်းကိုပိုကြိုက်ပါတယ်

    ReplyDelete
  4. အင်း.. နာမည်လည်း ပေးတတ်ပါ့... တကယ် retro ဆန်တယ်.. :D

    ReplyDelete