သဘာဝနည်းအတိုင်း Highlight ဖောက်ကြမလား?

By 1:08 AM



ဒီတပတ် တနင်္ဂနွေ ဘယ်မှ လျှောက်မလည်တော့ ehow မှာ ဟိုကြည့်ဒီကြည့်လျှောက်ရှာရင်း သဘာဝအတိုင်း Highlight  ဖောက်နည်းလေး မှာတွေ့တာနဲ့ ပြန်ဝေမျှလိုက်ပါတယ်နော်။

လိုအပ်တဲ့ ပစ္စည်း တွေက ရှာလကာရည်ရယ်၊ သံပုရာရည်ရယ်ပါ။

ရှာလကာရည်က ဆံသားမှာကပ်ငြိနေတဲ့ ခေါင်းလျှော်ရည်၊ conditioner နဲ့ hair products တွေကို စင်ကြယ်စေရုံသာမကပဲ ဆံပင်သားကို ပိုပြီး တောက်ပြောင်စေတယ်လို့ဆိုပါတယ်။ ဦးရေမှာရှိသင့်တဲ့ pH ပမာဏရအောင်လည်း ညှိပေးတာမို့ ဗောက်ဖြစ်စေတဲ့မှိုပေါက်ဖွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

လက်ဖက်ရည်ပန်းကန် တစ်ဝက်ကို ရှာလကာရည်၊ နောက်တဝက်ကို သံပုရာရည်ထည့်ပြီး ကိုယ်ဖောက်ချင်တဲ့ ဆံပင်စမှာ သုတ်ပေးပါ။ ပြီးရင် နေပူထဲမှာ ၁၀ မိနစ် လောက် နေပူစာလှုံပေးပါ။ ပိုပြီးအရောင်ဖျော့ချင်ရင်တော့ မိနစ် ၂၀လောက် ပိုနေပေးပေါ့နော်။
 ပြီးရင် ရေနွေးနွေးနဲ့ဆေးချလိုက်ပါ။

သူက ခေါင်းမလျှော်ရသေးတဲ့ ဆံပင်မှာဆိုပိုပြီး သိသာပါတယ်။ ဘာလို့လဲဆိုတော့ ဆံပင်မှာ အဆီရှိလေ ပိုပြီး ဓာတ်ပြုနိုင်လေဖြစ်လို့ပါပဲ။ ဒီနည်းက တခဏပဲ ခံမှာပါ။ ဒီတော့ မကြိုက်ရင်လည်း ခေါင်းလျှော်လိုက်ရင် နဂိုဆံပင်ပြန်ရနိုင်ပါတယ်။

ကျွန်မလား?? စမ်းသပ်ပြီးသွားပါပြီရှင်။ ( မြန်တယ်နော် ^_^)


တွေ့ရှိချက်။ ။ ဆံပင်က highlight ဖောက်သလောက်တော့ မဖြစ်သွားပါဘူး။ နည်းနည်းလေးတော့ ညိုသွားပါတယ်။ ဆံပင်သား ပိုပြီး ပျော့သွားတာကတော့ ကျေနပ်စရာကောင်းပါတယ်။

 နောက် Michelle Phan နည်း ကတော့ ဆံပင်အရောင်ဖျော့ဖို့ သံပုရာသီး ကို ဆံသားမှာ ပွတ်ပြီး နေပူစာလှုံတဲ့နည်းပါ။ ဆောင်းပါးလင့်ခ်လေးကတော့ ဒီမှာရှိပါတယ်ရှင်။

စာဖတ်သူများအတွက် ပျော်ရွှင်ဖွယ်နေ့လေးတစ်နေ့ ဖြစ်ပါစေ။

You Might Also Like

6 comments

  1. နည်းလေးကမိုက်တယ် .. ခက်တာက ဆံပင်ညှပ်လိုက်တာ ခုတိုတိုလေး ဖြစ်နေပြီ .. :(

    ReplyDelete
  2. မိုက်တယ်ကွာ! (နည်းလေးက )
    မော်ဒယ်ကိုကြည့်ပြီးပိုဖောက်ချင်လာသလိုလိုး)
    မိစံက highlight ကိုအဖြူရောင်ဖောက်ချင်တာ
    အဲဒါကျတော့ဘာထပ်ရောရင်ရလဲဟင်?မြတ်ကြည်းP

    ReplyDelete
  3. ထုံးရောရတယ်။ ဟစ်ဟစ် :P

    ReplyDelete
  4. မဆိုးဘူး မြတ်ကြည်ရေ ။ စမ်းကြည့်ရဦးမယ်:-)

    ReplyDelete
  5. စမ်းကြည့်လိုက်ဦးမယ်။း)


    ခင်တဲ့
    မေသိမ့်

    ReplyDelete
  6. သူဆိုတာကလည်း မြန်လိုက်တာဆိုတာ... လုပ်တောင်လုပ်ကြည့်ပြီးသွားပြီ.. အဟဟ

    ReplyDelete