Deep Blue Sea လက်သည်း ( ရေစို)

By 4:36 AM


လက်သည်း အတွက် အရောင်ရေစိုလေးတွေက အမြင်ဆန်းပြီး လုပ်ရလည်း လွယ်တာကြောင့် ဒီတစ်ခေါက် အားလပ်ရက်ကျရင် စမ်းသပ်ကြည့်ဖို့ ရေစို ဆိုးနည်းလေးကို တင်ပေးလိုက်ပါတယ်။ ဒါလေးဆိုးထားရင် အဲဒါ ဘယ်လိုလုပ်ထားတာလဲ လို့ အပေါင်းအသင်း ရောင်းရင်းတွေ မေးယူကြမှာကျိန်းသေ ပါပဲ။  

လက်သည်းနီကို အပြာရောင် အနုနဲ့အရင့်ပဲ သုံးထားလို့ နာမည်လေး ကို Deep Blue Sea လို့ပေးထားလိုက်ပါတယ်။

အရင်ဆုံး လက်သည်းကို အပြာရောင်နုနုနဲ့ အရင်ထပ်ပြီး အခြောက်ခံထားပါ။

 ဆိုးဆေးအပြာရင့်ရင့် ကို ကော်ပြား (ကျွန်မကတော့ တခါသုံး ပန်းကန်ကို သုံးပါတယ်) မှာတင်ပြီး မိတ်ကပ် လိမ်းရင် သုံးတဲ့ ဖော့ရေမြှုပ် (sponge) နဲ့ တို့ပါ။ အများကြီးကပ်မပါလာအောင် တို့ပြီးရင် နည်းနည်းဖြန့်ပေးဖို့လိုပါမယ်။

လက်သည်းတဝက်လောက်ကစပြီး တို့ပါ။ စစတို့ရင် ဖွဖွလေးတို့ပြီး အဖျားကို ရောက်လာရင် နည်းနည်းလေးပို ဖိပေးရပါမယ်။ အကြိမ်များများတို့လေ၊ အရောင်ရင့်လေပါပဲ။








Sponge သုံးထားတာမို့ အဖုအထစ်ကလေးတွေ ဖြစ်နေရင် မစိုးရိမ်ပါနဲ့။ Top coat လေးထပ်လိုက်ရင် အလိုလိုချောပြီးသားဖြစ်သွားမှာပါ။ 
(Top Coat လေးကို မခြောက်တခြောက်အချိန်လေးမှာ ထပ်ရင်ပိုကောင်းပါတယ်)

Notes:

ကျွန်မက ကပ်စီးနည်းပြီး ၂ ရောင်ပဲသုံးထားပါတယ်။ အမှန်တော့ ကာလာအုပ်စုတူထဲက အရောင်များရင်  များသလို (လေး၊ ငါးရောင် ပေါ့နော်) ထပ်နိုင်ရင် ပိုလှလှလေးထွက်ပါမယ်။ 

သူငယ်ချင်း ကန်ဒီ လည်း sponge သုံးတဲ့ nail art tutorial လေးကို တင်ထားဖူးပါတယ်။ သူ့ပုံလေးက မိန်းကလေးဆန်ဆန် ချစ်စရာလေး။ 

လုပ်နည်းသိဖို့ ဒါလေးကို ကလစ် ပြီး သွားကြည့်ပါနော်။

ပျိုမေတွေ လှသည်ထက်လှနိုင်ကြပါစေရှင်။



You Might Also Like

1 comments

  1. အရမ်းကြိုက်တယ်... ပင်လယ်ထဲ တကယ်ရောက်သွားသလိုပဲ.. အဟိ.. ကန်ဒီ့ဟာလေးက ပါသေးတယ်.. ရှက်လိုက်တာ.. :P

    ReplyDelete