သဘာဝ မျက်နှာပေါင်းတင်နည်း (for dry skin)

By 3:43 AM



ဆောင်းရာသီမှာ ပတ်ဝန်းကျင်မှာရှိတဲ့ စိုထိုင်းဆဟာ မိုးရာသီထက်စာရင် အတော်လေး နည်းသွားပါတယ်။ ဆောင်းရာသီမှာရှိတဲ့ အသားအရေ ရေဓာတ်ပမာဏဟာ၊ နွေရာသီထက်တောင် ပိုနည်းတယ်ဆို အံ့ဩကြမလားပဲ။

 ပုံမှန်အဆီပြန်တတ်တဲ့သူအတွက်တော့ ဒီ ရာသီဟာ၊  အလှပဆုံးအချိန်ဖြစ်ပေမယ့်၊ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက်တော့၊ လိုးရှင်းတွေဝယ်လိမ်းရ၊ face pack တွေ အုပ်ရနဲ့ အလုပ်ရှုပ်တဲ့ကာလပါပဲ။

ဒီနည်းလေးကတော့  ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေ စိုပြေဝင်းပတဲ့ အသားအရေရဖို့ လွယ်လွယ်ကူကူ အိမ်မှာတင် ဖြေရှင်းနိုင်တဲ့နည်းလေးပါ။



အသုံးပြုမယ့် ပစ္စည်းတွေက -

 ကြက်ဥ တစ်လုံး၊
ငှက်ပျောသီး တစ်လုံး၊
 ထောပတ်သီး တစ်လုံး


အရင်ဆုံး ငှက်ပျောသီးတဝက်နဲ့ ထောပတ်သီးတဝက်ကို ပန်းကန်လုံးထဲထည့်ပြီး ခြေပေးပါ။ ကျေသွားပြီဆို အနှစ်ဖယ်ထားတဲ့ ကြက်ဥတစ်လုံးကို ထည့်ပြီး သမအောင်နယ်၊ ပြီးရင် မျက်နှာပေါ်ခပ်ဖွဖွလေးလူးထားပြီး မိနစ် ၂၀ လောက် ထားထားလိုက်ပါ။

အချိန်ပြည့်ပြီဆို ရေကြက်သီးနွေးလေးနဲ့ မျက်နှာပြန်သစ်ပါ။ မျက်နှာ နဂိုကထက် ပိုမိုနူးညံ့ ဝင်းပသွားတာကို ခံစားမြင်တွေ့ရပါလိမ့်မယ်။

မှတ်ချက်

1) ကျန်တဲ့ ငှက်ပျော်သီးနဲ့ ထောပတ်သီး တဝက်ဆီ ဘာလုပ်ရပါမလိမ့်? သူတို့တွေကို ကျွတ်ကျွတ်အိတ်နဲ့လုံအောင်ပတ်ပြီး ရေခဲသေတ္တ္တထဲ ထည့်သိမ်းထားပါ။ တစ်ပတ်လောက် အေးဆေးခံပါတယ်။

2) ငှက်ပျောသီးမှာ ခန္ဒကိုယ်ဆဲလ်တွေ အသက်ရှင်ဖို့အတွက် စွမ်းအင်ထုတ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့  ပိုတက်ဆီယမ်ဓာတ်တွေ အများကြီးရနိုင်ပါတယ်။

3) ထောပတ်သီးကတော့ အသားအရေအစိုဓာတ် (moisture) ကို ထိန်းသိမ်းပေးပါတယ်။ အစိုဓာတ်ပိုရချင်ရင်တော့ ဒိန်ချဉ် အနည်းငယ် ထည့်ပေးလို့ရပါတယ်။


* ဒီနည်းလေးက အဆီပြန်တဲ့သူတွေ လုပ်လို့မရဘူးနော်။ ဝက်ခြံပေါက်တတ်တယ်။

ပျိုမေတွေလှသည်ထက်လှနိုင်ကြပါစေရှင်။





You Might Also Like

10 comments

  1. လူရွှင်တော်တွေပြောပြောနေတဲ့
    ငှက်ပြောသီးဝါးပြီး မျက်နှာပေါင်းတင်တယ်ဆိုတာ
    တကယ်ပေါ့နော်မြတ်ကြည်း)
    နည်းလမ်းလေးက ဟန်ကျလိုက်တာကွယ်
    အကုန်အကျလည်းသိပ်မရှိတဲ့
    သဘာဝနည်းလေးကိုး
    နို့ပေမယ့်..
    မိစံမျက်နှာက အဆီပြန်တယ်ရှင့်
    မရဘူးပေါ့နော်း(
    ဟင့်..လှချင်ပါတယ်ဆိုမှ :P

    ReplyDelete
  2. ထောပတ်သီး တအားကြိုက်တာ
    မျက်နှာပေါင်းတင်ဖို့ လုပ်နေရင်း စားချင်စိတ်ပေါက်လာလို့ စားလိုက်မိရင်ဖြင့် ပေါင်းတင်စရာမရှိတော့ဘဲ နေဦးမယ်။
    ပျားရည်လေးထည့်ပြီး တင်ရင်လည်း ကောင်းသားနော်။

    ReplyDelete
  3. မြတ်ကြည်ရေ..လာလည်ရင်းအမြတ်ထွက်သွားပြီ..အလှအပနဲ့ပတ်သက်လို့ မလုပ်တတ်တဲ့ကိုယ့်အတွက် ပိုက်ဆံသိပ်မကုန်တဲ့ သဘာဝနည်းလေးရသွားလို့း)

    ReplyDelete
  4. မြတ်ကြည်ရေ.. နည်းလမ်းလေးတွက် ကျေးဇူးဗျို့... ကန်ဒီ့အသားအရည်က ဘယ်လိုအသားအရေမှန်းကို မသိတာ.. combination ပဲပြောရမလား.. ခြောက်တဲ့နေရာကခြောက်တယ်.. အဆီပြန်တဲ့နေရာကပြန်တယ်.. စိတ်ညစ်လယ်.. ;(

    ReplyDelete
  5. မိစံ၊ ကန်ဒီ၊ မချောနဲ့ မပန်းချီ ၊နောက်လည်း အားပေးပါဦး။ :)

    ReplyDelete
  6. Thank you for sharing sis!! I use to apply egg white on my face :)) I'll come and read more of your post. Keep blogging! Wonderful blog for all girls.

    ReplyDelete
  7. ဆောင်းတွင်းမှာ အသားခြောက်တာတော့ အမှန်ပဲ မမြတ်ကြည်ရေ..၊ မြန်မာပြည်မှာ ဘာမှ မလိမ်းဘဲ နေခဲ့သမျှ ဒီမှာတော့ ဘယ်လိုမှ မဖြစ်နိုင်လို့ ခရင်မ် နည်းနည်းတော့ လိမ်းနေရတယ်..။း)

    ReplyDelete
  8. ဟုတ်တယ် ကိုညီလင်းသစ်ရေ၊ ဂရုမစိုက်မိရင် မြင်မကောင်းအောင်ကို အသားတွေက ခြောက်ကုန်တာ။

    ReplyDelete
  9. မြတ်ကြည်ေ၇ကျေးဇူးဘဲနော်အသားအ၇မ်းခြောက်လို.ဆောင်းတွင်းေ၇ာက်၇င်စိတ်ညစ်၇တယ်

    ReplyDelete