Loop Ponytail (တဝက်စည်း)
ကျွန်မမှာရှိတာ ဆံပင် လေး တထွာတမိုက် ရယ်။ ဒါကိုပဲ အမျိုးမျိုးကို လုပ်ချင်နေတာ။ ဆံပင်တိုနဲ့ စတိုင်လ်ထုတ်လို့ရအောင် ဒီ Loop Ponytail (တဝက်စည်း) ဆံပင်ပုံလေးကို ကျွန်မလို တထွာတမိုက်ဆံပင်ပိုင်ရှင် ပျိုမေတွေအတွက် တင်ပေးလိုက်ပါတယ်ရှင်။
ဖဲပြားလေးကလည်းစောင်းလို့ (ဘယ်လိုမှတည့်တာ တည့်မရဘူး)
ပထမဆုံး ဆံပင်ကို တဝက်စည်း လိုက်ပါမယ်။ |
စည်းထားတဲ့ သားရေကွင်းရဲ့ အထက်မှာ ဆံပင်ကို လက်နှစ်ဘက်ကို သုံးပြီး အထက်အောက် တိုးယိုပေါက် အပေါက်ရအောင် ခွဲပါမယ်။ |
ရပြီဆို စည်းထားတဲ့ ဆံပင်စကို လှန်တင်ပြီး ခုန အပေါက်ထဲသို့ဝင်အောင် လက်နှင့် ထိုးချပါ။ |
ပိုရှင်းအောင် လက်တစ်ဖက် နဲ့ကိုင်ပြထားပါတယ်ရှင်။ အခုလိုအရင်းပိုင်း သုံးပုံတပုံ ဝင်နေပြီဆို ကျန်တဲ့အပိုင်းကို အောက်ကနေ လက်နဲ့ဆွဲထုတ်ယူလို့ရပါပြီ |
ထွက်လာတဲ့ ဆံပင်စ ကို တစ်ချက်နှစ်ချက် ဆွဲလိုက်ရင် loop ponytail (တဝက်စည်း)လေးရပါပြီရှင်
ပြီးရင် ဖဲပြား၊ခေါင်းစည်းလှလှ၊ ကလစ်တို့နဲ့ တန်ဆာဆင်လိုက်ပေါ့နော်။
ဆံပင်ရှည်ပိုင်ရှင်ပျိုမေတွေအတွက်ဆို တဝက်လည်းစည်းနိုင်သလို၊ တစ်ခုလုံးကို စည်းပြီး loop ပြန်လုပ်ရင်လည်း ကျက်သရေရှိပါတယ်။
လုပ်ရတာလွယ်ကူလို့ ဆံပင်ကို style အသစ်ထုတ်ချင်ရင် ဒါလေးကိုလုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ပျိုမေတွေ လှသည်ထက်လှနိုင်ကြပါစေရှင်။
9 comments
Thank you sis for sharing!
ReplyDeleteNot at all Ma :) it's my pleasure.
ReplyDeleteအတော်ပဲမြတ်ကြည်ရယ်
ReplyDeleteစည်းကြည့်လိုက်ဦးမယ်း)
တစ်မျိုးလေးတော့ဖြစ်သွားပဲနော် :P
ချစ်ခင်စွာနဲ့
မိစံ
:) မိစံ စမ်းကြည့်ကြည့်၊ လှတယ်။ လုပ်မရရင်ပြန်ပြောနော်။
ReplyDeleteသေချာကြည့်သွားတယ်.. မြတ်ကြည်ရေ.. soo cute
ReplyDeleteမျက်နှာပါ ပြသင့်တယ်
ReplyDeleteခုတော့ နောက်ပိုင်းဘဲမြင်ရတော့ လှသင့်သလောက် မလှဘူးဖြစ်နေတယ်
နောက်ခါ မျက်နှာပါ ပြး)
The style is lovely and i will try it.I'm not good at in doing hair style.
ReplyDeleteGyidaw
ကန်ဒီ .. ကျေးဇူး၊ ရှဲ့ရှဲ့
ReplyDeleteမချော .. မျက်နှာ ပြရင် လူ ပိုစည်ကုန်မှာစိုးလို့ အဟီး
မကြီး .. လုပ်ရမခက်ဘူး။ စည်းရင် လျော့လျော့လေးစည်းရင် လုပ်ရပိုလွယ်တယ်။
ဒီလိုမျိုးလေး အားသူတို.ကျောင်းမှာတုန်းကခဏခဏလုပ်ဖူးတယ်။မိုက်တယ်နော်။လှလဲလှလွယ်လဲလွယ်တယ်။
ReplyDeleteဂွတ်ထ
Areal Thu