DIY coffee ခွက်အောက်ခံ သိုးမွေးရက်နည်း

By 3:18 AM

 ကိုယ်တိုင်လုပ် ပစ္စည်းလေးတွေနဲ့ ကိုယ့်အိမ်ခန်းကို အလှဆင်ချင်သူပျိုမေများအတွက် ကတ်ထူကိုသုံးပြီး သိုးမွေးနဲ့ ကော်ဖီခွက်အောက်ခံ ရက်နည်းလေး ပါ။ လွယ်လည်းလွယ် အချိန်ကုန်လည်းသက်သာတာမို့  တင်ပေးလိုက်ပါတယ်နော်။



ကတ်ထူစာရွက်တစ်ရွက်ရှာလိုက်ပါ။ မရှိရင် စာရွက်ကို လေးခေါက်ခေါက် လို့လည်းရပါတယ်။


1) 
စာရွက်ရဲ့ ဘေး တစ် ဘက် ကို အခုလို အစိတ်လေးတွေ ညီညီညာညာ စိတ်ပါမယ်။

2)
ပြီးရင်မျက်နှာချင်းဆိုင်အနားကိုလည်း ယခုလို လိုက်စိတ်ပေးပါ။



3)
ကတ်ထူအစွန်မှာရှိတဲ့ မြောင်းလေးထဲ သိုးမွေးစကို အခုလို လျှိုသွင်းလိုက်ပါ။

4)
သူ့ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ မြောင်းလေးထဲကို သွယ်တန်းပါမယ်။

5)
တစ်ဘက်သို့လှန်ပါ။ သူ့အောက်ကပ်လျက် မှာရှိတဲ့ မြောင်းထဲကို ပြန်ထည့်ပါ။
အဆင့် 3, 4,5 ကို အစိတ်လေးတွေအပြည့်ကုန်သည်အထိ လိုက်ကျော့ပေးရပါမယ်။



အကုန်လုံးကိုလိုက်လျှိုပြီးရင်မြင်ရမယ့်ပုံစံပါ။



6)
ကိုယ်စိတ်ကြိုက်အရောင်ရှိတဲ့ သိုးမွေးစကိုယူပြီး တစ်ပင်ခြား အတန်း ကုန်သည် အထိလျှိုပါ။


7)
ထိပ်တစ်ဘက်ကိုရောက်ရင်၊ ခုနလို တပင်ခြားပြန်လျှိုပေးရပါမယ်။


တစ်ပင်နဲ့တစ်ပင်ကျဲမနေအောင် အခုလိုညှိပေးလို့ရပါတယ်။


အဆင့် 6 နဲ့7 ကို ကိုယ်လိုချင်တဲ့အတန်းရတဲ့အထိထိုးသွားပါ။ 
အပင်အရောင်ပြောင်းချင်ရင် ထိပ်ဘက်မှာ အခုလို ကြိုးရှည်ရှည်ထားပြီး ချန်၊ နောက်တစ်ပင် ကို အတန်းအသစ်အနေနဲ့ အစပျိုးရပါမယ်။


လိုချင်တဲ့အရွယ်အစားရောက်ပြီဆို အပြီးသပ်ဖို့ ကြိုးစလေးတွေလိုက်သိမ်းရပါတယ်။

ကြိုးစသပ်နည်းလေးက၊ ထွက်နေတဲ့ကြိုးစကို bobby pin ဆံညှပ်ကလစ် ကြားထည့်ပါ။


ပြီးရင် ရက်ထားတဲ့ နီးရာအတန်းထဲကို အခုလို ထိုးထည့်လိုက်ပါ။


စစချင်းတုန်းကမြောင်းတွေထဲချိတ်ထားတဲ့ကြိုးစလေးတွေကို ပြန်နှုတ်လိုက်ရင် ဒီလိုပုံစံလေးရပါပြီ။



မြတ်ကြည်ရဲ့ ခွက်က ကြည့်မကောင်းတော့လို့ ငါးကြီးဆီပုလင်းနဲ့ပဲ  ကြော်ညာလိုက်ပါတယ်။ :D


ဘေးသားတွေကို ကွင်းလိုက် မထားချင်ရင်၊ ကွင်းကို အလယ်ခေါင်မှာညှပ် ပြီး၊ အစနှစ်ဖက်ကို အခုလို ချည်လိုက်ပါ။ ပိုသပ်ရပ်သွား ပါတယ်။


အခုဖော်ပြတဲ့ tutorial လေးကို http://www.lilmagoolie.com မှာဖော်ပြထားတဲ့ weave with cardboard နည်းလမ်းကို ယူပြီး၊ ကိုယ်တိုင်လုပ်ထားတာလေးနဲ့ တွဲတင်ပေးထားတာဖြစ်ပါတယ်။ 

DIY ကိုယ်တိုင်လုပ်ရတာ သဘောကျနှစ်သက်တဲ့ ပျိုမေတွေ စိတ်ဝင်စားကြမယ်ထင်ပါတယ်။ အိမ်ကို ဧည့်သည်လာတော့၊ ကိုယ်တိုင်ဖန်တီးထားတာလေးနဲ့ ဧည့်ခံလို့ရတာပေါ့နော်။

သာယာပျော်ရွှင်ဖွယ်နေ့လေး တစ်ရက်ဖြစ်ပါစေရှင်။







You Might Also Like

5 comments

  1. ဒီဲလို..မိန်းမအရမ်းဆန်တဲ့အလုပ်ကိုတော့
    တစ်ခါမှ မလုပ်ဖူးဘူးမြတ်ကြည်ရဲ့း)
    ရှစ်တန်းတုန်းကတော့ ဆရာမရိုက်မှာကြောက်လို့
    သံကြိုးကွင်းထိုးနည်းနဲ့ကျောက်ခတ်ထိုးနည်း
    သင်ပြီးထိုးခဲ့ဖူးတယ်း)
    ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့တော့ အသုံးဝင်လာမှာပါးP
    မျှဝေပေးတဲ့အတွက် ကျေးဇူးပါမြတ်ကြည်ရေ
    ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
    ချစ်ခင်စွာဖြင့်
    မိစံ

    ReplyDelete
  2. မြတ်ကြည်က ပီစီပါစာလေးတွေလုပ်ရတာလည်း ဝါသနာပါတယ်၊ ဒါကြောင့် သူငယ်ချင်းတွေက မိန်းမဆန်တယ်လို့ပြောကြတာ။ :)ကိုယ်လုပ်ထားတာလေးတွေ ကိုယ်ကြည့်ပြီး ကြည်နူးရတာ feeling တစ်မျိုးပဲ။

    ReplyDelete
  3. မြတ်ကြည်တို့က ဒါမျိုးလည်း ဖြစ်တာပဲ.. အဟိ.. တော်လိုက်တာ.. ကန်ဒီက တချောင်းထိုးတော့ရတယ်... :D

    ReplyDelete
  4. ကိုယ်တိုင်လုပ် လက်မှုပညာလေး လေ့လာသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. မတော်ရပါဘူး ကန်ဒီရယ်။ မြတ်ကြည်က တချောင်းထိုးမထိုးတတ်ဘူးတော့။ နှစ်ချောင်းထိုးတော့ နည်းနည်းရတယ်။ အန်တီတင့် ကျေးဇူးပါ။

    ReplyDelete