Foot Scrub လုပ်ကြမယ်

By 10:01 PM

နေပူကြီးမှာ ဖုန်ထဲသဲထဲကို ခြေညပ်ဖိနပ် နဲ့ လျှောက်သွားပြီးကာမှ ကိုယ့်ခြေထောက်ကိုယ် ပြန်ကြည့် မိပြီး စိတ်ညစ်မနေပါနဲ့။ Scrub ဆိုတာ ခြေသည်းအလှပြင်ဆိုင်တွေမှာမှ  လုပ်လို့ရတာမဟုတ်ပါဘူး။ ကိုယ့်ဟာ ကိုယ် အိမ်မှာလည်း foot scrub လုပ်လို့ရပါတယ်။

ငွေလည်းမကုန်၊ ကရိကထ လည်းမများဘူး။ ထိလည်းထိရောက်တယ်။ ပျိုမေတို့ သူငယ်ချင်းတွေ အိမ်မှာ ဆုံကြရင် လုပ်စရာတစ်ခု တိုးလာတာပေါ့။

လိုအပ်တဲ့ပစ္စည်းတွေက -


1)သကြားကြမ်း ခွက်တစ်ဝက်        (ဆားကြမ်း)
2)သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း  ( အုန်းဆီ)
3)အမွှေးဆီ                                  (essential oil: lavendar, peppermint, rose, etc)

အစိုဓာတ်ပိုထိန်းသိမ်းဖို့ ထပ်ထည့်ချင်ရင်...
4) ထောပတ်သီး ချေပြီးသား တစ်ခြမ်း

ဒါတွေပဲလိုတာပါ။












လုပ်ပုံလုပ်နည်း
...    ....    .....

အထက်မှာ ပြောထားတဲ့ ပစ္စည်းတွေကို ဖလား ဒါမှမဟုတ် ခွက်တစ်ခုခု ထဲမှာ ရောလိုက်ပြီးရင် ရေခဲသေတ္တ^ Fridge ထဲမှာ ထည့်ထား၊ ကိုယ်သုံးမယ့် အချိန်မှ ထုတ်ပေါ့။ (တစ်လကျော်ရင်တော့  မကောင်းတော့ဘူးနော်)


ခြေထောက်ကို ရေ ကြက်သီးနွေးလေးထည့်ထားတဲ့ ဇလုံထဲမှာ မိနစ်အနည်းငယ် ထည့်စိမ် ပြီးရင် ခြေထောက်ကို ထုတ်လိုက်ပြီး  အဝတ်နဲ့ ခြောက်အောင်သုတ်ပါ။ Scrub အတွက် လုပ်ထားတဲ့ အရောကို ခြေထောက်အနောက်ကနေ အရှေ့ထိ နာရီစက်ဝိုင်းပုံစံ အတိုင်း လက်နှစ်ဘက် နဲ့ပွတ်ပေး ရပါမယ်။

တစ်ခေါက်ပြည့်ပြီဆိုရင်၊ မျက်နှာသုတ်ပဝါ ဒါမှမဟုတ် ဘရပ်(ရှ်) ကို ပထမအခေါက်က အကြွင်းအကျန်တွေ ပြောင်စေဖို့scrub နဲ့ ထပ်ပွတ်ပေးပါ။ ၂ ခေါက်ပြီးပြီ ဆိုရင် သိသိသာသာလေး သန့်သွားတာကို မြင်ရမှာပါ။

အဆင်ပြေသွားပြီဆို ရေအေးအေးလေး နဲ့ပြန်ဆေး၊ ခြောက်အောင်သုတ်ပြီး ခြေအိတ်လေး စွတ်ထားလိုက်။ အသစ်ချက်ချွတ် scrub လုပ်ထားတဲ့ ခြေထောက်လေး အစိုဓာတ် ပြယ်မသွားစေဖို့လေ။

ကျွန်မလည်း ဒီနေ့လုပ်ရ ဦးမယ်။ စာရေးသူက ချေးတစ်ပိသာ လို့အပြောခံနေရမှာစိုးလို့။ :)

You Might Also Like

2 comments

  1. ကြိုက်တယ် ကြိုက်တယ်..အိမ်မှာလုပ်ကြည့်ဦးမယ် မြတ်ကြည်ရဲ့ ကျေးဇူးနော်း)

    ReplyDelete